ပြင်သစ်က ကြားဝင်စေ့စပ်ပေးတဲ့ ရုရှားနဲ့
ချက်ချင်းအပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်း
ရေးအစီအစဉ်ကို လက်ခံကြောင်း ဂျော်ဂျီ
ယာသမ္မတ
မီခေးလ် ဆာကတ်ရှ် ဗီလီ
(Mikhail Saakashvili) က
ကြေညာလိုက်ပါ
တယ်။
ဗုဒ္ဓဟူးနေ့ မနက်စောစော မြို့တော်
တပ်ဘ်လီဆီမှာ
ပြင်သစ်သမ္မတ နစ်ကို
လပ်စ် ဆာကိုဇီ (Nicolas Sarkozy) နဲ့
ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရင်း မစ္စတာ ဆာကတ်ရှ်ဗီလီက အဲဒီလို
လက်ခံ
ကြောင်း ပြောဆိုသွားတာပါ။
မော်စကိုမြို့မှာ ပြင်သစ်သမ္မတ ဆာကိုဇီနဲ့
အင်္ဂါနေ့ကတွေ့ဆုံစဉ် အဲဒီငြိမ်းချမ်းရေး အစီ
အစဉ်ကို ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဘ်
(Dmitry
Medvedev) က လက်ခံခဲ့ပြီး
ဖြစ်ပါတယ်။
ချက်ချင်းအပစ်ခတ်ရပ်စဲရေး၊ ဂျော်ဂျီယာက ခွဲထွက်သွားတဲ့ ဒေသများက
တပ်များ
ရုပ်သိမ်းရေး၊ လူသားချင်းစာနာမှု ထောက်ပံ့ရေး အလုပ်သမားများ
သွားလာ
ခွင့်ပြုရေးဆိုတဲ့ အဓိကအချက်များကို သဘောတူကြောင်း ဂျော်ဂျီယာသမ္မတက
ပြောဆိုပေမယ့် အက်ဘ်ခါဇီးယားနဲ့ တောင်ပိုင်း အိုဇက်စတီးယား ဒေသများက ရုရှား
ကို
လိုလားကြပေမယ့် ဂျော်ဂျီယာက ဘယ်တော့မှ လက်မလွှတ်ဘူး၊ နိုင်ငံတကာ
ဆွေးနွေးမှုကိုလည်း
ပြုလုပ်မှာမဟုတ်ဘူးလို့ ဆက်ပြီးပြောပါတယ်။
အရင်သီတင်းပတ်က တောင်ပိုင်း အိုဇက်စတီးယား ဒေသအတွင်း
ဝင်တိုက်တဲ့အတွက်
ဂျော်ဂျီယာကို လုံလုံလောက်လောက် ဒဏ်ခတ်ပေးပြီးပြီမို့
ဂျော်ဂျီယာမှာ စစ်ဆင်မှု
တွေရပ်ဖို့ အမိန့်ပေးထားပြီလို့ ရုရှားသမ္မတက ပြောပါတယ်။
သိမ်းပိုက်ထားလို့ ဆိုဗီယက်ယူနီယံကထွက်လာတဲ့ ပြည်နယ်များ ဖွဲ့စည်းထားတဲ့
လွတ်လပ်တဲ့ ဓနသဟာယ နိုင်ငံများအဖွဲ့က ထွက်မယ်လို့ ဂျော်ဂျီယာသမ္မတက
ပြောဆိုပါတယ်။