သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတပ်များ ဂျော်ဂျီယာ မြို့တော်ဘက် ဦးတည်


ရုရှား စစ်ယာဉ်တန်း ဟာ မဟာဗျူဟာ အရ အရေးပါလှတဲ့ ဂျော်ဂျီယာမြို့ ကို ဖြတ်သွားပြီး မြို့တော် Tbilisi ကို သွားနေကြပါပြီ။

အခုထိတော့ ခုခံတာ မတွေ့ရသေးဘူး လို့ ယာဉ်တန်း အနီး လိုက်ပါသွားကြတဲ့ အနောက်နိုင်ငံ သတင်းထောက်တွေ က ပြောပါတယ်။

ရုရှား က မြို့တော်ကို ဝိုင်းဖို့ ကြိုးစားကောင်းကြိုးစားလိမ့်မယ်လို့ ဂျော်ဂျီယာ သမ္မတ Mikhail Saakashvili က စီအဲန်အဲန် ကို ပြောပါတယ်။ မြို့တော်ကို နောက်ဆုံး သွေးတစ်စက် ကျတဲ့အထိ ခုခံဖို့ ပြင်ဆင်ထားကြပါတယ် လို့ သူက ဆိုပါတယ်။

ရုရှား တင့်ကား ၅၀ လောက် ဟာ ဂိုရီ ကို ဝင်ခဲ့တယ်လို့ ဂျော်ဂျီယာ အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူး Alexander Lomaia က ဆိုပါတယ်။ ဂျော်ဂျီယာ အာဏာပိုင်တွေ ကတော့ မြို့ကို ပစ်သွားခဲ့ကြပါပြီ။

ဂျော်ဂျီယာ ရော ရုရှား ကပါ ပြင်သစ် က ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်ဆဲရေး ကို လက်ခံခဲ့ကြပါတယ်။ အဲဒီ အစီအစဉ် အရ နှစ်ဘက် က ချက်ချင်း အပစ်အခတ် ရပ်ဆဲကြပြီး၊ ဂျော်ဂျီယာ ခွဲထွက်ဒေသ ၂ ခု က လက်နက်ကိုင်တပ်တွေ ကို ရုတ်သိမ်းကြရပါမယ်။ လူသားချင်းစာနာထောက်ထားရေး လုပ်သားတွေ ကို လွတ်လွတ်လပ်လပ် သွားလာ ကူညီလုပ်ကိုင်ခွင့် ပေးရပါမယ်။ ရုရှား က သဘောတူညီချက် ကို မဖောက်ဖျက်သေးပါဘူး လို့ ဆိုပါတယ်။

ရုရှားနိုင်ငံ လိုလားတဲ့ Abkhazia နဲ့ တောင် Ossetia ဒေသ ၂ ခု ရဲ့ အနာဂတ်ရေး အတွက် နိုင်ငံတကာ ဆွေးနွေးဝိုင်းတော့ ဖြစ်နိုင်လိမ့်မယ် မဟုတ်ဘူး လို့ မစ္စတာ Saakashvili ပြောခဲ့ပါတယ်။ ဂျော်ဂျီယာ က အဲဒီ ဒေသ ၂ ခု ကို ခွဲထွက်ခွင့် ဘယ်တော့မှ ပေးမှာ မဟုတ်ဘူး လို့ ဆိုပါတယ်။

ဘယ် သဘောတူညီချက် မဆို ဂျော်ဂျီယာ နိုင်ငံ ရဲ့ နယ်မြေတည်တံ့ရေး ကို လက်ခံရမယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG