ဒီကနေ့ဟာ ဘေဂျင်း
အိုလံပစ်ပွဲ အတွင်း ရေကူး နဲ့ ကျွမ်းဘား စတဲ့ အားကစားပြိုင်ပွဲတွေမှာ
အာရှနိုင်ငံတွေ အောင်ပွဲရတဲ့နေ့ တနေ့ပါ။ အမျိုးသား မီတာ ၂၀၀ ဖားကူးပြိုင်ပွဲမှာ ၂
မိနစ် ၇ ဒဿမ ၆၄ စက္ကန့် နဲ့ ဂျပန်နိုင်ငံက ကိုယူတီ ကီတာဂျိမ (Kouke Kitajima)
ရွှေတံဆိပ် ဆွတ်ခူးသွားတဲ့အတွက် ဒီ ဖားကူးပြိုင်ပွဲ အားလုံးနဲ့ အိုလံပစ်ပြိုင်ပွဲ ၂
နှစ်ဆက်တိုက်မှာ ပထမဆုံး ရွှေတံဆိပ် ရတဲ့သူအဖြစ် သမိုင်းဝင်သွားပါတယ်။
တနင်္လာနေ့တုန်းကလည်း မီတာ ၁၀၀ ဖားကူးပြိုင်ပွဲနဲ့ ကီတာဂျိမ က ကမ္ဘာ့စံချိန်သစ်
တင်ခဲ့ပါသေးတယ်။
အမျိုးသမီး မီတာ
၂၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ တရုတ်နိုင်ငံက ပထမနဲ့ ဒုတိယ အသီးသီးရခဲ့ကြတဲ့အတွက်
ရေကူးပြိုင်ပွဲနဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံး ရွှေတံဆိပ်ကို ရရှိသွားပါတယ်။
ဒီဖားကူးပြိုင်ပွဲမှာ တရုတ်က Liu Zige ၂ မိနစ် ၄ ဒဿမ ၁၈ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်
တင်ခဲ့ပါတယ်။
မီတာ ၂၀၀
လက်ဆင့်ကမ်း အလွတ်ကူး ပြိုင်ပွဲမှာ အမေရိကန် အမျိုးသား အသင်း
ကမ္ဘာ့စံချိန်ချိုးပြီး နောက်တနေ့မှာပဲ သြစတြေးလျ အမျိုးသမီးအသင်းက ၇ မိနစ် ၄၄ ဒဿမ
၃၁ စက္ကန့်နဲ့ ကမ္ဘာ့စံချိန် ချိုးခဲ့ပြန်ပါတယ်။ ဒီပြိုင်ပွဲမှာ တရုတ်က ဒုတိယနဲ့
အများကတစ်ပေးခံထားရတဲ့ အမေရိကန်အသင်းက တတိယ ရခဲ့ပါတယ်။
အမျိုးသား
ဂျွမ်းဘား အမျိုးစုံပြိုင်ပွဲမှာ တရုတ်နိုင်ငံက Yang Wei က ရွှေတံဆိပ်
ဆွတ်ခူးခဲ့ပါတယ်။