ရုရှားတင့်ကားတွေ ဂျော်ဂျီယာ နိုင်ငံထဲကို ပိုပြီး နက်ရှိုင်းစွာ ဝင်လာနေတယ်လို့ ဂျော်ဂျီယာ သမ္မတ မီခေး(လ်) ဆာကာဗီလီ က ဆိုလိုက်ပြီးတော့ ဂျော်ဂျီယာနိုင်ငံရဲ့ အကြီးဆုံး ကူတိုင်စီ မြို့ထဲမှာတော့ တားထားတာကို သူတို့ ခံလိုက်ရတယ်လို့ ဆက်လက် ပြောဆိုပါတယ်။ စောစောပိုင်းကတော့ စည်ပင်သာယာ လုပ်ငန်း ဘာမှ မလုပ်နိုင်တော့တဲ့ မဟာဗျူဟာ ဗဟိုကျတဲ့ ဂိုရီ မြို့ထဲ ဂျော်ဂျီယာ အာဏာပိုင်များ ပြန်ဝင်ဖို့ ကြိုးပမ်းရာကနေ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေရပြီးတဲ့ နောက်ပိုင်း ရုရှား တင့်ကားတွေ မြို့ပြင်မှာ ပြန်လည် နေရာယူခဲ့တယ်လို့ ဆိုပါတယ်။
တောင်ပိုင်း အိုဇက်တီးယားဒေသ ရဲ က မြို့ကို ကင်းလှည့်ခွင့် အဆိုပြုချက် တောင်းခံတာကို ငြင်းပယ်ခံရပြီးတဲ့နောက် ဂျော်ဂျီယာ အာဏာပိုင်များက လူ ၅၀၀,၀၀၀ ကျော် နေထိုင်တဲ့ မြို့ကနေ ထွက်ခွာသွားကြတယ်လို့ မျက်မြင် သက်သေများ ကို ကိုးကားပြီး သတင်းများမှာ ဖော်ပြပါတယ်။
ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဘယ်လို
ရှင်းသွားသလဲ ဆိုတာကို မသိရသေးသလို တိုက်ခိုက်မှု သတင်းများလည်း မရသေးပါဘူး။ အကာအကွယ်
မဲ့နေတဲ့ ပင်လယ်နက် ပိုဒီ ဆိပ်ကမ်း မြို့ထဲကို ကြာသပတေးနေ့မှာ ရုရှားတပ်တွေ
ပြန်ဝင်လာကြပြီးတော့ ဆိပ်ကမ်း က ကွန်ပျူတာများ နဲ့ တခြား ပစ္စည်းများကို
ဖယ်ရှားပစ်လိုက်တယ် လို့လည်း မျက်မြင်သက်သေများ က ပြောကြားကြပါတယ်။ ဂျော်ဂျီယာ
စစ်ရေးစစ်ရာများကို သုံးမရတော့အောင် ရုရှားတွေက လုပ်သွားကြကြောင်း
ဝါရှင်တန်မြို့မှာ အမေရိကန် အရာရှိကြီးများက ပြောဆိုပါတယ်။ ယခင် ဆိုဗီယက်
ယူနီယံထဲမှာ ပါဝင်တဲ့ နိုင်ငံများရဲ့ ဓနသာရ အဖွဲ့ထဲကနေ ထွက်ဖို့ တီဘလစ်စီ မြို့မှာ
ဂျော်ဂျီယာ ပါလီမန် နဲ့ တခဲနက် ထောက်ခံ အတည်ပြုလိုက်ပါတယ်။