သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်အန္တရာယ်အကြောင်းပြ၊ ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်


ဒီရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့တဝိုက် လုံခြုံရေးတွေတိုးမြှင့်ချထားတဲ့အကြောင်း
ရန်ကုန်မြို့ခံတွေက ဗွီအိုအေမြန်မာပိုင်းကို
ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က သြဂုတ်လမှာ လောင်စာဆီဈေးနှုန်းတွေတိုးမြှင့်ခဲ့တာနဲ့
စက်တင်ဘာလမှာ သံဃာတော်တွေ ဦး
ဆောင်တဲ့ ရွှေဝါရောင်လှုပ်ရှားမှုတွေဖြစ်ခဲ့
တာကလည်း တနှစ်ပတ်လည်တော့မှာပါ။
ဒီလိုအချိန်မျိုးမှာမှ လုံခြုံရေးတွေ တိုးချ
လာတာဖြစ်ပါတယ်။ ကိုကျော်ကျော်သိန်း
က အပြည့်အစုံ တင်ပြထားပါတယ်။

မနေ့ညက ရန်ကုန်မြို့တွင်းနေရာတချို့မှာ လက်နက်ကိုင်စစ်သားတွေ ထူးထူးခြားခြား
စစ်မြေပြင်မှာချီတက်သလို လက်နက်အပြည့်အစုံနဲ့ သွားလာနေခဲ့တယ်လို့ ရန်ကုန်မြို့ခံ
တချို့ကပြောပါတယ်။

ပုံမှန်အားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ကားတွေနဲ့ သွားလာတာတွေရှိခဲ့ပေမယ့် အခုလို
လက်နက်တွေနဲ့ စီတန်းလှည့်လည်တာမျိုးတွေမရှိခဲ့တာ ကြာပြီဖြစ်ပါတယ်။ မျက်မြင်
တွေ့ခဲ့တဲ့ရန်ကုန်မြို့ခံတယောက်က အခုလိုပြောပါတယ်။

"ည ၁၁ နာရီခွဲလောက်ကြီးကိုလေ ပတ်သွားတာ တွေ့လိုက်တာပေါ့နော်။ ကားနဲ့မဟုတ်
ဘူး။ လမ်းလျှောက်ပြီးတော့ကို ပတ်တာ။ စစ်သား ၃၀ လောက် ရပ်ကွက်ရဲ့ လမ်းမကြီး
တွေမှာ ပတ်တာ။ စစ်မြေပြင်မှာလှည့်သလိုပေါ့လေ၊ လက်နက်တွေ ချိန်ပြီးတော့ကို
သွားတာ။ ဘေးမှာလည်း ကျည်ကပ်တွေကို စလွယ်သိုင်းထားတယ်။"

ရန်ကုန်မြို့မှာ လုံခြံရေးတင်းကျပ်မယ်ဆိုတာကို ရန်ကုန်မြို့တော်ဝန်က အတည်ပြု
ပြောကြားတဲ့အကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းမှာလည်း ဖော်ပြထားပါ
တယ်။ အကြမ်းဖမ်သမားတွေရဲ့ခြိမ်းခြောက်မှုရှိနေတဲ့အတွက် လုံခြုံရေးတင်းကျပ်မယ့်
အကြောင်း သြဂုတ်လ ၁၃ ရက်နေ့မှာ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက
ပြည်တွင်းသတင်းထောက်တွေကို ပြောခဲ့တယ်လို့ ဧရာဝတီသတင်းကဆိုပါတယ်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးဖြစ်ပြီးကာစအချိန်နဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးအချိန်
တွေက ရန်ကုန်မြို့ထဲမှာ ညအချိန် စစ်သားတွေ လက်နက်ကိုင် အပြည့်အစုံနဲ့ သွားလာ
ပြီး လုံခြုံရေးယူခဲ့ဘူးပါတယ်။

ရှစ်လေးလုံး နှစ်ပတ်လည်နေ့မတိုင်ခင် ရက်ပိုင်းတွေအတွင်းက လုံခြုံရေးတွေ တင်း
ကျပ်ခဲ့တယ်ဆိုတာတောင် အခုလို လမ်းတွေပေါ်မှာ သွားလာတာ တွေ မရှိခဲ့ဘူးလို့
ပြောပါတယ်။

ဒီလောက် စစ်မြေပြင်လို ကင်းလှည့်ပြီး လုံခြုံရေးချနေတာ တွေးစရာတွေဖြစ်လာတဲ့
အကြောင်း နောက် ရန်ကုန်မြို့ခံတယောက်က သုံးသပ်ပြပါတယ်။

"နေရာတကာမှာပတ်နေတာ။ အပြင်မထွက်ရတော့ မရှိဘူး၊ ဒါပေမယ့် ၁၁ နာရီ
လောက် ဆိုလို့ရှိရင် ဆိုင်တွေအားလုံးကပိတ်ကုန်တယ်၊ အဲဒါတော်တော်ကြာပြီ ဗမာ
ပြည်မှာလေ၊ အရင်တုန်းကလို မိုးအလင်း သိပ်မရှိတော့ဘူး။ အမှန်က ပြည်သူလူထုက
ကယ်တမ်းကျ တော့ မလှုပ်နိုင်ပါဘူး။ စီးပွားရေး လူမှုရေးကလည်း ဒုက္ခအကြီးအကျယ်
ရောက်နေတာဆိုတော့၊ တကယ်တမ်းကျတော့ မလှုပ်ရှားနိုင်ပါဘူး။

"နောက်ပြီးတော့ သူတို့လုံခြုံရေးကလည်း ကြံ့ဖွံ့တွေကော၊ စွမ်းအားရှင်တွေကော၊ ရဲ
တွေကော၊ စစ်တပ်တွေကောက တမြို့လုံးကို ပြည့်နှက်နေအောင် ချထားတဲ့အခါကျ
တော့ လူတွေက တကယ်တမ်းကျတော့ မလှုပ်နိုင်ပါဘူး၊ ဘယ်သူမှလေ။ အဲဒါကို သူတို့
လုံခြုံရေးတွေ တအား တင်းတင်းကျပ်ကျပ် လုပ်တယ်ဆိုတာက တွေးတော့ တွေးစရာ
ပေါ့လေ၊ ဘာဖြစ်လို့များ ဒီလောက် ကြောက်လန့်နေလဲ၊ ဘာတွေများ မဟုတ်တာ
သူတို့ လုပ်ချင်တဲ့ရည်ရွယ်ချက် ရှိနေလဲလို့ အဲဒီလို တွေးရမှာပေါ့လေ။"

ရန်ကုန်မြို့အတွင်း လက်နက်ကိုင်စစ်သားတွေ လက်နက်အပြည့်အစုံနဲ့ ညပိုင်း လုံခြုံ
ရေးယူပြီး သွားလာနေတာနဲ့ပတ်သက်လို့ ရန်ကုန်မြို့ခံတဦးရဲ့ သုံးသပ်ချက်ပါ။

စက်တင်ဘာလ ၂၆ ရက်နေ့ဟာ အာဏာပိုင်တွေရဲ့လက်ချက်နဲ့ သံဃာတော်တွေ သွေး
မြေကျခဲ့ရတဲ့နေ့ဖြစ်တာကြောင့် အဲဒီနေ့ကို ရွှေဝါရောင်နေ့ (သံဃာတော်များနေ့)
အဖြစ် သတ်မှတ်လိုက်ကြောင်း သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်း
တော်များအဖွဲ့ချုပ်က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG