ကျင်းပနေဆဲ
ဘေဂျင်းကမ္ဘာ့ အိုလံပစ် အားကစားပွဲတော်မှာ အမေရိကန် ရေကူးသမား မိုက်ကယ်ဖက်စ်ဟာ
သူ့ရဲ့ အဋ္ဌမမြောက် ရွှေတံဆိပ်ကို ဒီနေ့ရယူလိုက်ပြီး ခေတ်သစ် အိုလံပစ်အားကစား
ပွဲတော်သမိုင်းမှာ အိုလံပစ် ပြိုင်ပွဲတပွဲထဲမှာ ရွှေတံဆိပ် ၈ခု ရရှိသူအဖြစ် သမိုင်း
မော်ကွန်းတင်လိုက်ပါတယ်။ မနေ့က မီတာ ၄၀၀ လေးမျိုး လက်ဆင့်ကမ်း ရေကူးပြိုင်ပွဲမှာ
အမေရိကန် အမျိုးသား အသင်းက ပထမရခဲ့ပြီး ဒီပြိုင်ပွဲမှာ မိုက်ကယ်ဖက်စ်ဟာ လိပ်ပြာကူး
ပြိုင်ပွဲဝင် ရေကူးသမားအဖြစ် အမေရိကန် အသင်းမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။
အမျိုးသမီး
မီတာ ၄၀၀ လေးမျိုး လက်ဆင့်ကမ်း ပြိုင်ပွဲမှာတော့ သြစတေးလျ အမျိုးသမီး အသင်းက
၃မိနစ် ၅၂ဒဿမ ၆၉စက္ကန့်နဲ့ ကမ္ဘာ့စံချိန်သစ် တင်ပြီး ရွှေတံဆိပ်ရရှိသွားခဲ့ပါတယ်။
အမျိုးသား မီတာ ၁၅၀၀ အလွတ်ကူး ပြိုင်ပွဲမှာတော့ တူနီးရှား နိုင်ငံက အိုစာမာ မယ်လိုလီက ရွှေတံဆိပ်ရရှိသွားခဲ့ပါတယ်။
တင်းနစ် ပြိုင်ပွဲတွေမှာတော့ အမျိုးသမီး တဦးချင်း ပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲမှာ ရုရှားက အယ်လီနာ ဒီမန်တီရဗာက ပြင်သစ် Openပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ပြင်သစ် တင်းနစ်မယ် ဒီနာရာ ဆာဖီနာကို သုံးပွဲပြတ်နဲ့ နိုင်ခဲ့ပြီး ရွှေတံဆိပ် ရရှိခဲ့ပါတယ်။
အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲမှာတော့ အမေရိကန် ညီအစ်မ ဗီးနက်စ်နဲ့ ဆာရီနာ ၀ီလီလျံတို့အတွဲက စပိန်က အံဟဲလ် ဂန်ဂရီ ဂရက်စ်နဲ့ ဗာဂျီးနီးယား ပါစကယ်လ်တို့အတွဲကို နှစ်ပွဲပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ သူတို့ ညီအစ်မနှစ်ယောက်ဟာ ဒုတိယအကြိမ်အဖြစ် အိုလံပစ် ရွှေတံဆိပ်ကို ဆက်တိုက် ဆွတ်ခူးရရှိသွားတာဖြစ်ပါတယ်။