သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ ကိုယ်စားလှယ် ဂမ်ဘာရီ ရန်ကုန်မြို့ကို ရောက်ရှိပြီး သံတမန်များနှင့် တွေ့ဆုံ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ
ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင်မ်
ဂမ်ဘာရီ (Ibrahim Gambari) ဟာ ငါးရက်ကြာ
ခရီးစဉ်အဖြစ် ဒီကနေ့ မြန်မာနိုင်ငံမှာ
ရောက်နေပါပြီ။ ဒါဟာ တနှစ်အတွင်းမှာ သူ့ရဲ့
လေးကြိမ်မြောက်ခရီးစဉ် ဖြစ်ပါတယ်။ ဒီ့မတိုင်
ခင် နောက်ဆုံးရောက်ခဲ့တာက ပြီးခဲ့တဲ့ မေလ
ကပါ။ ဂမ်ဘာရီရဲ့ အခုခရီးစဉ်ကနေပြီး ရပ်တန့်
နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး
ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ အထောက်အကူ
ဖြစ်လိမ့်မယ်လို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်က မျှော်လင့်ထားပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂကဘက်ကရော မြန်မာအစိုးရကဘက်ပါ ဒီခရီးစဉ်နဲ့ပတ်သက်တဲ့
အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံမရောက်ခင်တရက် တနင်္ဂနွေနေ့မှာတော့ ဒေါ်အောင်ဆန်း
စုကြည်ကို သူ့ရဲ့ရှေ့နေဖြစ်သူနဲ့ အာဏာပိုင်တွေက ပေးတွေ့ခဲ့ပါတယ်။ ဒါဟာ တလ
အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကတော့ လူ့အခွင့်အရေးဆိုင်ရာ အထူး
စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ထိုမားစ် အိုဟေး ကင်တားနား (Tomas Ojea Quintana)
မြန်မာနိုင်ငံက ပြန်သွားပြီးချိန် သြဂုတ်လ ၈ ရက်နေ့ကပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်း
စုကြည်ကို ဆရာဝန်နဲ့လည်း ပေးတွေ့ခဲ့တယ်လို့ အန်န်အယ်လ်ဒီက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆရာဝန်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ နောက်ဆုံးတွေ့ခွင့်
ရခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရက ခန့်အပ်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီး
ဦးအောင်ကြည်တို့အကြား ဆွေးနွေးပွဲတွေဟာ ဇန်နဝါရီလကတည်းက ရပ်တန့်နေခဲ့
တာပါ။ ဒီဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ မစ္စတာဂမ်ဘာရီက ကြိုးစားလုပ်ဆောင်မယ်လို့
မျှော်လင့်ထားကြပါတယ်။ ပြီးခဲ့တဲ့မေလက နောက်ဆုံးခရီးစဉ်အပေါ်မှာတော့ စိတ်ပျက်
တဲ့အကြောင်း မစ္စတာဂမ်ဘာရီက ပြောခဲ့ဖူးပါတယ်။

မစ္စတာဂမ်ဘာရီဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးတွေက
သံတမန်တွေနဲ့ တွေ့ဆုံစကားပြောခဲ့တယ်လို့ အနောက်တိုင်းသံတမန်တဦးကို ကိုးကား
ပြီး အေပီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်း
စုကြည်နဲ့ စစ်အစိုးရအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်ဖြစ်အောင်လုပ်ဖို့ သံတမန်တွေ
က မစ္စတာဂမ်ဘာရီကို တိုက်တွန်းခဲ့တယ်လို့ အေပီသတင်းက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG