ပါကစ္စတန်သမ္မတ ပါဗက်ဇ် မူရှာရက်ဖ် (Pervez
Musharraf) က သူ့အပေါ် တရားစွဲဆိုမှုကနေ
နိုင်ငံကိုထိခိုက်စေမယ့်
ပဋိပက္ခတွေ ဖြစ်လာမယ့်
အရေး ရှောင်ရှားဖို့ သမ္မတရာထူးကနေ သူ
နုတ်ထွက်တဲ့အကြောင်း
ကြေညာလိုက်ပါတယ်။
သူ့ရဲ့ ဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ်တွေ၊
နိုင်ငံ
ရေးမဟာမိတ်တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးတဲ့နောက်
နုတ်ထွက်ဖို့
ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့
ဒီကနေ့ တိုင်းပြည်ကို ရုပ်မြင်သံကြားကနေ
တိုက်ရိုက်ပြောကြားတဲ့မိန့်ခွန်းမှာ မစ္စတာ
မူရှာရက်ဖ်က ပြောသွားပါတယ်။
သူ့အပေါ် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲတာတွေကိုလည်း
သူက ပယ်ချခဲ့ပါတယ်။
သူ့အပေါ်စွဲချက်ဟာ သမ္မတနဲ့ အစိုးရအဖွဲ့ကြား တင်းမာမှုကို
အဆုံးသတ်စေမှာ မဟုတ်
ဘူးဆိုပြီး သူနုတ်ထွက်မယ့်အကြောင်း ကြေညာခဲ့တာပါ။
သူဟာ ပါကစ္စတန်နိုင်ငံ ကောင်းကျိုးအတွက်
ရာထူးက နုတ်ထွက်လိုက်တာ
ဖြစ်ကြောင်း၊ သူ့နုတ်ထွက်လွှာကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ
တင်သွင်းလိုက်ပြီး
ဖြစ်ကြောင်း မစ္စတာမူရှာရက်ဖ်က အူရဒူဘာသာစကားနဲ့ ပြောသွားပါတယ်။ သူ့အနာ
ဂတ်ကို ပါကစ္စတန်လူထုလက်ထဲ
ထည့်ထားပါတယ်လို့လည်း ပြောသွားပါတယ်။
တွေကိုလည်း သူ့မိန့်ခွန်းရှေ့ပိုင်းမှာ မစ္စတာမူရှာရက်ဖ်က ကာကွယ်ပြောဆိုသွားပါ
တယ်။ သူ့အဆို လူထုကို လိမ်လည်လှည့်ဖျားပြီး ဆွဲဆောင်စည်းရုံးဖို့အတွက် သူ့ရဲ့
အတိုက်အခံတွေဟာ သူ့အပေါ် မမှန်မကန် စွပ်စွဲခဲ့ကြတယ်လို့လည်း မစ္စတာ
မူရှာရက်ဖ်က ပြောပါတယ်။