မြန်မာနိုင်ငံကို
ပထမဆုံးအကြိမ် သွားရောက်ခဲ့
တဲ့ ခရီးစဉ်အတွင်း ခရီးစဉ်နဲ့ပတ်သက်လို့
အကန့်အသတ်တွေ
ရင်ဆိုင်ခဲ့ရတဲ့အကြောင်းနဲ့
သူ့ခရီးစဉ်နဲ့ မရှေးမနှောင်းမှာ ဒီမိုကရေစီရေး
လှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်းခံနေရတာ
တွေနဲ့ ပတ်သက်လို့လည်း စိုးရိမ်တဲ့အကြောင်း
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်
အရေး စုံစမ်းစစ်ဆေးသူ မစ္စတာ တိုမားစ်
အိုဟေး ကင်တာနား (Tomas Ojea
Quintana) က ပြောဆိုပါတယ်။ အာဂျင်တီးနား
နိုင်ငံကို ရောက်နေတဲ့ မစ္စတာ ကင်တားနားကို
ဘန်ကောက်မြို့ကနေ ဦးသိန်းထိုက်ဦးက
ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကို
သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ မစ္စတာ တိုမားစ် အိုဟေး ကင်တာနား
အနေနဲ့ သူ့ကို
ပြီးခဲ့တဲ့မေလ ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး
စုံစမ်းစစ်ဆေးသူအဖြစ်
တာဝန်ပေးအပ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်
သွားရောက်ခဲ့တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
ဒီခရီးစဉ်အစ မြန်မာနိုင်ငံကို ဘယ်နှစ်ရက်နေ
မယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်အစိုးရဘက်က
ကန့်သတ်တာတွေ ကြုံခဲ့ရတယ်လို့
ပြောပါတယ်။
"မြန်မာနိုင်ငံကို
သွားရောက်တဲ့ခရီးစဉ်အတွင်းမှာ သြဂုတ်လ ၃ ရက်နေ့ကနေ ၁၃ ရက်
နေ့ထိ မြန်မာနိုင်ငံမှာ
နေခွင့်ပေးဖို့ ကျနော်တောင်းခံခဲ့တာပါ။ ဒါပေမယ့် မြန်မာအစိုးရ
က ၇ ရက်နေ့အထိသာ နေထိုင်ခွင့်ပေးမယ်ဆိုပြီး
ကန့်သတ်ခဲ့ပါတယ်။ ဒါ့ကြောင့်
၇ ရက်နေ့မှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ရတာပါ" လို့ မစ္စတာကင်တားနားက ပြောသွား
ပါတယ်။
ရှစ်လေးလုံး
လူထုလှုပ်ရှားမှု အနှစ် ၂၀ ပြည့် မတိုင်ခင် တရက်မှာ မစ္စတာကင်တားနား
မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာခဲ့ရတာပါ။
သူ မြန်မာနိုင်ငံက ထွက်ခွာပြီးတဲ့
နောက်တနေ့ကစပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
လှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရ
က ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
ဒါနဲ့ပတ်သက်လို့
သူက …
"ဒီလို
ဖမ်းဆီးတာတွေနဲ့ ပတ်သက်လို့ ကျနော် အထူးပဲ စိုးရိမ်ပါတယ်။ အခြား ကုလ
သမဂ္ဂ
စုံစမ်းစစ်ဆေးသူတွေနဲ့အတူ မြန်မာအစိုးရကို ဒီလို ဖမ်းဆီးတာတွေနဲ့ ပတ်သက်
လို့
ကျနော် မေးခွန်းထုတ်နေပါတယ်။ ဒီလို တဖက်သတ်၊ ကိုယ်ပိုင်အယူအဆကို
ထုတ်ဖော်တဲ့လူတွေ
ဆက်ပြီး ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ ကျနော် စိုးရိမ်ပါ
တယ်။"
မစ္စတာကင်တာနားအနေနဲ့
ပထမအကြိမ် မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်
အတွင်းမှာ နေအိမ်အကျယ်ချုပ်
ကျခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ကို တွေ့ဆုံခွင့် မရခဲ့ပါဘူး။
ဒါနဲ့ပတ်သက်လို့ သူကိုယ်တိုင်က ပထမဆုံးခရီးစဉ်
အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံခွင့် တိုက်ရိုက်မတောင်းဆိုခဲ့တာဖြစ်တယ်
လို့ ပြောပါတယ်။ ရှေ့နှစ်
မတ်လမကုန်ခင် နောက်ခရီးစဉ် ထပ်ပြီသွားရောက်နိုင်အောင်
စီစဉ်မှာဖြစ်တဲ့အကြောင်းနဲ့
စစ်အစိုးရခေါင်းဆောင်တွေနဲ့ ဒီကိစ္စကို ဆွေးနွေးနေပြီး
နောက်တကြိမ်
မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ
ခွင့်
တောင်းဆိုမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
အင်းစိန်ထောင်အတွင်း
သူသွားရောက်ခဲ့တာနဲ့ ပတ်သက်လို့ ထောင်တွင်းအခြေအနေ
ကို မေးကြည့်တော့ မစ္စတာကင်တားနားက
…
"ခရီးစဉ်အတွင်းမှာ
ကျနော် အင်းစိန်ထောင်ကို သွားရောက်ခဲ့ပါတယ်။ ထောင်ထဲမှာ
လေးနာရီနီးပါး၊ သုံးနာရီခွဲလောက်
ကျနော် အကျဉ်းသား ၅ ယောက်ကို တွေ့ဆုံမေးမြန်း
ခွင့် ရခဲ့ပါတယ်။ ကျနော့်အနေနဲ့
အင်းစိန်ထောင်ထဲကို ရောက်သွားတဲ့အချိန်
တော်တော်များများ အကျဉ်းသားတွေနဲ့ တွေ့ဆုံမေးမြန်းနေရတဲ့အတွက်
ထောင်နဲ့
ပတ်သက်လို့ ထောင်တွင်းအခြေအနေကို သဲသဲကွဲကွဲ၊ တိတိကျကျ မသိရပါဘူး။
ထောင်
အခြေအနေနဲ့ ပတ်သက်လို့ ယျေဘုယျအနေအထားကို ကျနော် စိုးရိမ်ပါတယ်။"
မစ္စတာကင်တားနားရဲ့
မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ အစီအစဉ်တွေကို ကိုယ်တိုင်စီစဉ်
ခဲ့တာလား၊ ဒါမှမဟုတ်
အာဏာပိုင်တွေက စီစဉ်ပေးခဲ့တာလားလို့ မေးကြည့်ပါတယ်။
အထူးသဖြင့် အန်န်အယ်လ်ဒီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဆိုရင်
မစ္စတာကင်တားနားနဲ့တွေ့ဖို့
သုံးနာရီကျော်လောက် စောင့်ခဲ့ရပြီး ဆယ်မိနစ်၊ ဆယ့်ငါး
မိနစ်သာ တွေ့ခွင့်ရခဲ့တဲ့ အခြေအနေမျိုးလို့
အန်န်အယ်လ်ဒီဘက်က ပြောဆိုခဲ့ပါတယ်။
ခရီးစဉ်နဲ့ပတ်သက်တဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့
မေးကြည့်တော့ သူက ခရီးစဉ်ဟာ
လေးရက်ခွဲသာ ကြာခဲ့တဲ့ခရီးစဉ်ပါ။ အန်န်အယ်လ်ဒီ အပါအ၀င်
အဖွဲ့အစည်း ၇ ဖွဲ့ကို သူ
သီးခြားစီ တွေ့ချင်ပါတယ်လို့ ခွင့်တောင်းခဲ့တာကို
ခွင့်မပြုခဲ့တဲ့အတွက် စောစောပိုင်းမှာ
အငြင်းပွားခဲ့ရတာတွေ ရှိပါတယ်။ အခုခရီးစဉ်ဟာ
အားလုံး အဆက်အသွယ်ရဖို့
သွားရောက်တဲ့ခရီးစဉ် ဖြစ်ပါတယ်။ ဒီလို ရလာတဲ့
အဆက်အသွယ်တွေကနေ နောင်မှာ
ဆက်ပြီး တိုးချဲ့နိုင်အောင် ကြိုးစားသွားမယ်လို့ မစ္စတာကင်တားနားက
ပြောပါတယ်။
မစ္စတာကင်တာနားဟာ
ကုလသမဂ္ဂကခန့်ဘူးတဲ့ ပဉ္စမမြောက် မြန်မာနိုင်ငံ လူ့အခွင့်
အရေးဆိုင်ရာ
အထူးစုံစမ်းစစ်ဆေးသူ ဖြစ်ပါတယ်။ သူတာဝန်ယူတဲ့ ကာလအတွင်းမှာ
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး
အခြေအနေ တိုးတက်ပါ့မယ်လို့ အာမခံနိုင်ပါ့မလားလို့
မေးကြည့်တော့ …
နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ပါ။ ကျနော် ဒီတာဝန်ကို ကျေပွန်
အောင် အပြင်းအထန် ထမ်းဆောင်နေပါတယ်။ အခု ကျနော် ပထမဆုံးခရီးစဉ်
သွားရောက်တာပါ။ ဒီခရီးစဉ်အတွင်းမှာ စစ်အစိုးရဘက်က လက္ခဏာကောင်းတွေ
တွေ့ရပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ တိုးတက်လာတယ်၊ မတိုးတက်ဘူးဆိုတာ
ကို ကျနော်ပြောတာ မဟုတ်ပါဘူး။ စစ်အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မယ့်
လက္ခဏာကို တွေ့ခဲ့ရတယ်လို့ ကျနော် ပြောတာပါ။ ကျနော် ဆက်ပြီး ကြိုးစားချင်တယ်။
မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖေါက်မှုဒဏ် ခံရတဲ့ အနေအထားတွေ
တိုးတက်အောင် ကျနော်ဆက်ပြီး လုပ်ဆောင်ချင်ပါတယ်" လို့ ပြန်လည်ဖြေကြားသွား
ပါတယ်။