မြန်မာနိုင်ငံကို
၅ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့
ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး
ချုပ်ရဲ့
အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ
အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim
Gambari) တယောက်
ဒီကနေ့မှာတော့
နာဂစ်ဆိုင်ကလုန်း လေဘေးလုပ်ငန်းတွေ
ကို သွားရောက်ကြည့်ရှုခဲ့သလို၊
တချို့
သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း
တွေ့တာဆုံတာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့
အခုအချိန်အထိတော့ သူတွေ့မယ်လို့
ရည်ရွယ်ထားတဲ့အထဲက အတိုက်အခံ
အင်အားစုတွေနဲ့တော့
မတွေ့ဖြစ်သေးပါဘူး။ အကြောင်းစုံကို ကိုအောင်လွင်ဦးက
တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေကို
ကြားဝင်ဖြန်ဖြေ ဆောင်ရွက်ပေးမယ့် ပုဂ္ဂိုလ်
ဖြစ်တဲ့ မစ္စတာဂမ်ဘာရီအနေနဲ့ အခုအချိန်ထိတော့
သိပ်ထူးထူးခြားခြား ဆောင်ရွက်
နိုင်တာတွေ ရှိတယ်လို့တော့ ပြောနိုင်မယ်မထင်ပါဘူး။
အခု သူ့ခရီးစဉ်အစလို့ဆိုရမယ့်
အင်္ဂါနေ့မှာ သူက မေလထဲတုန်းက ဆိုင်ကလုန်း
လေဘေးသင့်ခဲ့တဲ့ဒေသကို သွားခဲ့ပြီး
တော့ အခုနောက်ဆုံး မြန်မာစစ်အစိုးရရဲ့
ပြောရေးဆိုခွင့်ရှိတဲ့အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ
ပြန်ကြားရေးဝန်ကြီး
ဗိုလ်မှူးချုပ်ကျော်ဆန်းနဲ့ တွေ့ခဲ့တာတွေတော့ ရှိပါတယ်။ ဒီကိစ္စ
တွေနဲ့ပတ်သက်လို့
ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိဖြစ်တဲ့
ဦးအေးဝင်း ပြောပြတာကတော့
…
"ဒီနေ့ သူ Delta ဘက်သွားတယ်လို့ ပြောပါတယ်။
ညနေကျရင် သူတို့ ကြေညာပါလိမ့်
မယ်၊ နယူးယောက်ခ်ကနေ။ နောက်ပြီး
ပြောရေးဆိုခွင့်ရှိတဲ့ အာဏာပိုင်အဖွဲ့နဲ့တွေ့
တယ်။ အဲဒါပါပဲ၊ ဒီနေ့ကတော့။"
ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိဖြစ်တဲ့ ဦးအေးဝင်း
ပြောသွားတာ ဖြစ်ပါတယ်။
အစောပိုင်းမှာ လေဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့
မြစ်ဝကျွန်းပေါ်ဒေသဘက်ကို
သွားဖို့အစီအစဉ်ရှိပေမယ့် ဒီရက်ပိုင်းတွေအတွင်း
မိုးဆက်တိုက်ဆိုသလို ရွာနေတာ
ကြောင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ဘက်ကိုသာ
သွားနိုင်ခဲ့တယ်လို့လည်း ဆိုပါ
တယ်။ တကယ်တော့ မစ္စတာဂမ်ဘာရီ အနေနဲ့က
နိုင်ငံရေးပြဿနာတွေ မပြေလည်
နိုင် ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ ကြားဝင်ညှိနှိုင်းပေးဖို့
တာဝန်ယူထားတာပါ။
ဒီနေရာမှာ အစိုးရတာဝန်ရှိသူတွေအပြင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ
အင်အားစုတွေနဲ့ပါ စကားပြောဆိုဖို့
ဖြစ်ပါတယ်။ အခုအချိန်အထိကတော့ အဓိက
အတိုက်အခံပါတီကြီးတခုဖြစ်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)
အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့
ပါ တွေ့ဖို့ဆုံဖို့ကိစ္စတွေက ဘယ်တော့ဖြစ်မယ်ဆိုတာ
မသိရသေးဘူးလို့ အန်န်အယ်လ်ဒီ
ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
"ဒီနေ့တော့ ဘာမှမထူးသေးပါဘူး။ ကျနော်တို့လည်း
မျှော်လင့်နေပါတယ်။ အခုထိ
တော့ ဆက်သွယ်မှုမရသေးပါဘူး။"
မစ္စတာဂမ်ဘာရီနဲ့
အန်ကယ်တို့နဲ့ တွေ့ဖို့ကိစ္စတွေလည်း မသိရသေးဘူးဆိုတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ကိစ္စရော အန်ကယ်တို့ ဘာများကြားပါသေးလဲ။
"အဲဒါတော့ ကျနော်တို့ မသိပါဘူး၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့၊ ရှိရင်
တိုက်ရိုက်ဆက်သွယ်မှာကိုး။
ကျနော်တို့ သိပ်မသိနိုင်ဘူးဗျ၊ အခြေအနေက။"
အရင်တခါတုန်းကလို
အန်ကယ်တို့ရော၊ ဦးအောင်ကြည်ရော၊ အန်န်အယ်လ်ဒီက
လူတွေရော ဆုံပြီးတော့
တွေ့တာဆုံတာမျိုးတွေ ဖြစ်နိုင်မယ့် အလားအလာမျိုးတွေ
မြင်ရလား။
"ကျနော်တို့ အလားအလာတော့ မတွေ့ဘူး။ သို့သော်
ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ ဆန္ဒ
ရှိတာကတော့ ကျနော်တို့ စီအီးစီတဖွဲ့လုံး၊
ခေါင်းဆောင်ပိုင်းတဖွဲ့လုံး မစ္စတာဂမ်ဘာရီနဲ့
မတွေ့ခင် တွေ့ဆုံခွင့်ကိုတော့ ကျနော်တို့
မျှော်လင့်ပါတယ်။ ဒါမှ ပိုမိုပီပြင်တဲ့ ဆွေးနွေး
မှုတွေ ဖြစ်နိုင်မယ်လို့
တွက်ပါတယ်။"
မစ္စတာဂမ်ဘာရီ တနင်္လာနေ့တုန်းက ခရီးရောက်မဆိုက်
ရန်ကုန်အခြေစိုက် သံတမန်
တွေနဲ့ တွေ့ဆုံရာမှာတော့ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
မြန်မာစစ်အစိုးရတို့
အကြား ရပ်တန့်နေခဲ့တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ကိစ္စတွေကို
ဦးစားပေး
ဆောင်ရွက်သွားဖို့လိုတယ်လို့ သံတမန်တွေဘက်က တိုက်တွန်းပြောဆိုခဲ့တယ်လို့
လည်း
ကြားရပါတယ်။
ဆုတောင်းပွဲတွေကို လုံခြုံရေးအာဏာပိုင်တွေက သွေးထွက်သံယို နှိမ်နင်းခဲ့အပြီး
၄ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ တကယ်တော့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ
ဟာဆိုရင် ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ မြန်မာနိုင်ငံကိုသွားခဲ့တာ အကြိမ်ပေါင်း
၄၀ လောက်ရှိခဲ့ပါပြီ။ ဒါပေမယ့်လည်း ထူးခြားတဲ့ တိုးတက်မှုတွေရယ်လို့ မယ်မယ်ရရ
မမြင်ရသေးတာမို့ အားမလို အားမရ ဖြစ်တာတွေ၊ ဝေဖန်သံတွေလည်း ထွက်ပေါ်နေ
တာတွေ ရှိပါတယ်။