မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် မစ္စတာ အီဘရာ
ဟင်မ်
ဂမ္ဘာရီ (Mr. Ibrahim Gambari)
ဟာ အင်္ဂါနေ့တုန်းက ပြန်ကြားရေးဝန်ကြီး
ဦးကျော်ဆန်းနဲ့ တွေ့ဆုံပြီး နိုင်ငံရေး
အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စ
အပါအ၀င်
မြန်မာ့အရေးအတွက် အရေး
ပါတဲ့ကိစ္စတွေကို တင်ပြခဲ့တယ်လို့ ကုလ
သမဂ္ဂက
ဗွီအိုအေမြန်မာပိုင်းကို ပြောကြား
ခဲ့ပါတယ်။ ဒီနေ့ တတိယမြောက်နေ့အဖြစ်
မြန်မာနိုင်ငံမှာရောက်နေတဲ့ မစ္စတာ
ဂမ်ဘာရီအနေနဲ့ သူ့ရဲ့ခရီးစဉ်အတွင်း
ဘယ်သူတွေနဲ့တွေ့ဆုံဖို့ရှိတယ်၊ ခရီးစဉ်နောက်ဆုံးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ
ဒေါ်လှလှသန်းက စုစည်းတင်ပြပေးထားပါတယ်။
အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီရဲ့
အင်္ဂါနေ့ခရီးစဉ်မှာတော့
မေလက မြန်မာနိုင်ငံမှာတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်
အဆိုးဆုံးခံခဲ့ရတဲ့ ဒေသ
တွေကို သွားရောက်ကြည့်ရှုဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂဌာနချုပ်ရှိ မြန်မာ့ရေးရာတာဝန်ခံ မစ္စဆွန်အန်းက
မစ္စတာဂမ်ဘာရီရဲ့
ဒုတိယနေ့ခရီးစဉ်နဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။
"သူ့အနေနဲ့ မြစ်ဝကျွန်းပေါ်က မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ဒေသတွေကို
သွားရောက်ကြည့်ရှုခဲ့
ပါတယ်။ ဒါ့အပြင် မြန်မာစစ်ကောင်စီရဲ့
ပြောခွင့်ရပုဂ္ဂိုလ်နဲ့လည်း ပထမဦးဆုံး တွေ့ဆုံခဲ့
ပါတယ်" လို့ မစ္စဆွန်အန်းက
ပြောသွားပါတယ်။
မစ္စဆွန်အန်းအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်အမည်ကို
ထုတ်ဖော်
ပြောကြားခြင်း မရှိပေမယ့် မြန်မာနိုင်ငံကလာတဲ့ သတင်းတွေအရ မစ္စတာဂမ်ဘာရီဟာ
ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မစ္စတာဂမ်ဘာရီအနေနဲ့ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ
ကို ရဟတ်ယာဉ်နဲ့ သွားရောက်ကြည့်ရှုဖို့
ကနဦးစီစဉ်ခဲ့ပေမယ့် မိုးသည်းထန်မှုကြောင့်
ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပြီး
ရန်ကုန်တောင်ပိုင်းက ကွမ်းခြံကုန်းမြို့နယ်ကိုသာ
သွားရောက်ကြည့်ရှုခဲ့တယ်လို့လည်း
ရန်ကုန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
မြန်မာစစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ မစ္စတာဂမ်ဘာရီတို့
ဆွေးနွေးခဲ့တဲ့ အခရာကျတဲ့
မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်လို့တော့ မစ္စဆွန်အန်းက …
"သူတို့နှစ်ဦးအနေနဲ့ အတော်လေး ကျယ်ကျယ်ပြန့်ပြန့်
ကိစ္စရပ်တွေကို အမြင်ချင်း
ဖလှယ်ခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ
ပြန်လွှတ်ပေးရေး၊ နိုင်ငံရေး
ဖော်ဆောင်မှုမှာ နိုင်ငံတကာက လက်ခံနိုင်တဲ့
ယုံကြည်ကိုးစားမှုရှိဖို့အရေးနဲ့ လူမှုရေးနဲ့
စီးပွားရေးအခြေအနေတွေ
ဖြေရှင်းပေးရေးအတွက် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါ
တယ်" လို့ မစ္စဆွန်အန်းက
ပြောသွားပါတယ်။
မစ္စတာဂမ်ဘာရီရဲ့ လက်ရှိခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက
မြန်မာစစ်အစိုးရ
က လောင်စာဆီဈေးနှုန်း အဆမတန် တိုးမြှင့်လိုက်မှုကြောင့်
ဆင်းရဲကျပ်တည်းပြီးသား
သာမန်လူတန်းစားတွေအတွက် ပိုဒုက္ခတွင်း နက်စေခဲ့တာမို့
ရဟန်းရှင်လူတွေ ဦးစီးတဲ့
ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး မြန်မာစစ်အစိုးရက
သွေးထွက်သံယိုနှိမ်နင်းခဲ့တဲ့ ဖြစ်ရပ်
နောက်ပိုင်း စတုတ္ထအကြိမ် လာရောက်ခြင်းပဲ
ဖြစ်ပါတယ်။
အခုလို ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ လူမှုရေးနဲ့
စီးပွားရေးအခြေအနေ နိမ့်ကျမှုမျိုးကို
ရှောင်ရှားနိုင်ဖို့ ကုလသမဂ္ဂက
အကူအညီပေးဖို့လည်း အဆင်သင့်ရှိတယ်လို့ အစ
ကတည်းက ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် နိုင်ငံရေးအကျဉ်း
သားအားလုံး ပြန်လွှတ်ပေးရေးနဲ့ အုပ်စုအားလုံးတို့ပါဝင်တဲ့
နိုင်ငံရေးဖော်ဆောင်မှု
စတင်ဖို့ကိုလည်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက
မြန်မာစစ်အစိုးရကို
တိုက်တွန်းတောင်းဆိုနေတာ ဖြစ်ပါတယ်။
အခုလို မြန်မာစစ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ မစ္စတာဂမ်ဘာရီအကြား
ဆွေးနွေးခဲ့တဲ့
ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ
ညွန့်ပေါင်းအစိုးရ
အဖွဲ့ (အန်န်စီဂျီယူဘီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဘိုလှတင့်က
ကြိုဆိုလိုက်ပါတယ်။
"အခုလို မစ္စတာဂမ်ဘာရီနဲ့ ဗိုလ်ချုပ်ကျော်ဆန်းတို့
တွေ့ပြီးတော့မှ မြန်မာနိုင်ငံရဲ့ စီးပွား
ရေး၊ လူမှုရေး အခြေအနေအရပ်ရပ်၊
နိုင်ငံရေးအကျဉ်းသားတွေကိစ္စ ဆွေးနွေးတယ်လို့
ကြားရတဲ့အတွက် ကျနော်တို့
ဒါကိုကြိုဆိုပါတယ်။ ဒါပေမယ့် အဓိကကျတာကတော့
မြန်မာနိုင်ငံမှာ
စီးပွားရေးတည်ငြိမ်ဖို့၊ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ဆိုရင် ပထမဆုံး
အခြေခံအကျ
ဆုံးကိစ္စကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အမြန်ဆုံး အကောင်အထည်ဖော်
ဆောင်ရွက်ရမယ်လို့ ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်တယ်။
"အဲဒီလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ
ဆောင်ရွက်ဖို့ဆိုရင်လည်း အမျိုးသား
ပြန်လည်သင့်မြတ်ရေးနဲ့
နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ဖို့ဆိုတာ နိုင်ငံရေးအကျဉ်း
သားတွေ ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ဟာ အခြေခံအကျဆုံး အချက်ဖြစ်တယ်လို့
ကျနော်တို့ မြင်ပါတယ်။ ဒါကြောင့် ဒီလိုတွေ့ဆုံဆွေးနွေးရုံနဲ့ မပြီးဘူး၊ တွေ့ဆုံဆွေးနွေးပွဲ
က
ရလဒ်တွေအဖြစ် ပထမဆုံးအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်
လာမယ်ဆိုရင်တော့
ဒါ ကျနော်တို့ တကယ်ပဲ နအဖဘက်မှာရော ယူအန်ဘက်မှာရော
အပြုသဘောဆောင်တဲ့
တိုးတက်ဖြစ်ပေါ်မှုအနေနဲ့ ကြိုဆိုကြရမှာ ဖြစ်ပါတယ်။"
အန်န်စီဂျီယူဘီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဘိုလှတင့်
ပြောသွားတာဖြစ်ပါတယ်။
မစ္စတာဂမ်ဘာရီအနေနဲ့ ဒီနေ့ တတိယနေ့မှာ အစီအစဉ်
ဘယ်လိုရှိသလဲဆိုတဲ့ အသေး
စိတ်အချက်အလက်တွေကိုတော့ မသိရသေးပေမယ့်
သူအရင်ခရီးစဉ်တုန်းက တွေ့ဆုံ
ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ မြန်မာ့နိုင်ငံရေး
ဖော်ဆောင်မှုမှာ အရေးပါတဲ့ပုဂ္ဂိုလ်တွေနဲ့
တွေ့ဆုံဖို့ရှိတယ်လို့တော့ ကုလသမဂ္ဂက
အတည်ပြုပြောကြားပါတယ်။
အရင်ခရီးစဉ်တုန်းက အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအပြင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်
ရခဲ့တဲ့
အတွက်ကြောင့် ဒီတခေါက်မှာလည်း တွေ့ဆုံခွင့်ရမယ်လို့ ယုံကြည်ထားပုံရပါတယ်။
ဒါပေမယ့် ဘယ်တော့တွေ့မယ်၊ ဘယ်အချိန်တွေ့မယ်ဆိုတာကိုတော့ အတိအကျ
ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
အားမလိုအားမရ ဖြစ်ခဲ့ကြပေမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ
များအဖွဲ့ရဲ့ ကြေညာချက်မှာတော့ မစ္စတာဂမ်ဘာရီရဲ့ လက်ရှိခရီးစဉ်ကနေ လက်ဆုပ်
လက်ကိုင်ပြနိုင်မယ့် မြန်မာ့အရေး တိုးတက်မှုတွေရရှိဖို့ မျှော်လင့်ထားတယ်လို့ ဖော်ပြ
ထားပါတယ်။