ရုရှားနဲ့ ဂျော်ဂျီယာနှစ်နိုင်ငံ အပစ်အခတ် ရပ်စဲ
ရေးကို
အပြည့်အ၀ လိုက်နာကြဖို့ ကုလသမဂ္ဂ
လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး
မနေ့က
ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းတရပ်
ချမှတ်ခဲ့ပါတယ်။ ပြင်သစ်က ကမကထလုပ်ပြီး
တင်သွင်းခဲ့တဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းမှာ သြဂုတ်
လ ၇ ရက်မတိုင်မီက ရှိခဲ့ကြတဲ့
မိမိတို့ရဲ့ စစ်စခန်း
အသီးသီးကို ရုရှားတပ်တွေနဲ့ ဂျော်ဂျီယာတပ်တွေ
ပြန်ပြီးဆုတ်ခွာသွားကြဖို့ တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဂျော်ဂျီယာနိုင်ငံရဲ့
ပိုင်နက်နယ်မြေတွေ တလုံးတစည်းတည်းရှိရေး
အာမခံဖို့ကိုလည်း
အဲဒီဆုံးဖြတ်ချက်မူကြမ်းမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။
သိပ်ကို အတိမ်းအစောင်းမခံနိုင်တဲ့ လုံခြုံရေးကောင်စီရဲ့
ဆုံးဖြတ်ချက်လို့ ရုရှားက
ယုံကြည်ခဲ့ရင် ဒီဆုံးဖြတ်ချက်မူကြမ်းကို
လုံခြုံရေးကောင်စီထဲက ဗီတိုအာဏာပိုင်ရှင်
လည်းဖြစ်တဲ့ ရုရှားက ပယ်ချနိုင်ပါတယ်။
ဂျော်ဂျီယာက ရုရှားတပ်တွေ မဆုတ်မချင်း
မြောက်အတ္တလန္တိတ်စစ်စာချုပ် (နေတိုး)
အဖွဲ့ဝင် နိုင်ငံတွေနဲ့ ရုရှားနိုင်ငံတို့ကြားက
ပုံမှန်စီးပွားရေးလုပ်ငန်းတွေကို
မလုပ်ဆောင်နိုင်ဘူးလို့ နေတိုးနိုင်ငံခြားရေးဝန်ကြီး
တွေရဲ့ အစည်းအဝေးက မနေ့က
ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးဟာ ဂျော်ဂျီယာရဲ့ ဒီမိုကရေစီနဲ့
နယ်မြေတလုံးတစည်းတည်းရှိရေးကို
ထောက်ခံမှုပြသတဲ့ အစည်းအဝေးဖြစ်တယ်လို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး
ကွန်ဒိုလီဇာ ရိုက်စ် (Condeleezza Rice) က ဘရပ်ဆဲလ်မြို့မှာ
ပြောဆိုခဲ့ပါတယ်။
အ၀ ဆုပ်ခွာပေးမယ်လို့ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဘ် (Dmitri Medvedev) က
အနောက်နိုင်ငံတွေကို အာမခံ ပြောကြားလိုက်ပါတယ်။