စပိန်နိုင်ငံမဒရစ်မြို့ က ဘရာဂျာလေဆိပ်မှာ လေယာဉ်ပျက်ကျတဲ့အတွက်သေဆုံးသူဦးရေဟာ ၁၅၃ ဦးရှိသွားပြီလို့ စပိန်အရာရှိတွေက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူဟာ ၁၉ဦးပဲရှိပြီး ဒီအထဲကအ များစုဟာဒဏ်ရာရခဲ့ကြတယ်လို့ စပိန် ဖွင့်ဖြိုးရေး ၀န်ကြီးက ပြောပါတယ်။ လေယာဉ်မောင်းနဲ့ လေယာဉ်မယ်တွေ အပါအ၀င် လူပေါင်း၁၇၂ဦးကို သယ်ဆောင်ထားပြီး လေယာဉ်ပျံ မြေပြင်က အတက်မှာ လေယာဉ်ပြေး လမ်းပေါ်မှာ ပေါက်ကွဲပျက်ဆီးပြီး မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ စပိန် ၀န်ကြီးချုပ် ဟိုဆေးလူးဝစ် ရိုဒရိုကက်စ် ဇပါတာရိုကတော့ အနားယူ အပန်းဖြေ ထွက်နေတဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး အခင်း ဖြစ်ပွားတဲ့နေရာကို သွားရောက်ခဲ့ပါတယ်။ အစပိုင်းမှာ အပျက်အဆီးတွေကြားက မီးခိုးလုံးတွေပဲ ထွက်နေတာမို့ စုံစမ်း စစ်ဆေးဖို့ရာ ခက်ခဲနေပါတယ်လို့ ဘရာဂျာလေဆိပ်က သတင်းထောက်တွေက ပြောကြားပါတယ်၊