၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်
တွေ အခုတကြိမ် ထိန်းသိမ်းခံထားရတာ
တနှစ်ပြည့်မြောက်လာပြီ ဖြစ်ပေမယ့် ခုချိန်
ထိ ဥပဒေကြောင်းအရ တရားရုံးတင်
စစ်ဆေးတာမျိုး မရှိသလို ရှေ့နေနဲ့ တွေ့ခွင့်
မရတဲ့အပြင် ဘာပုဒ်မနဲ့ စွဲဆိုထားတယ်
ဆိုတာကိုတောင်မှ
သက်ဆိုင်သူမိသားစု
တွေ မသိကြပါဘူး။ အကြောင်းစုံကို
ကိုကျော်ကျော်သိန်းက
တင်ပြပေးထား
ပါတယ်။
သူတို့အခြေအနေကတော့
တနှစ်ပြည့်တဲ့ထိ ထိန်းသိမ်းခံထားရတာတောင် ခုချိန်ထိ
မရေမရာလို့ပဲ ပြောရမှာပါ။
အာဏာပိုင်တွေက သူတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ချိန်တုန်း
ကလည်း ဘာပုဒ်မတွေတပ်ပြီး
ဖမ်းမှန်းမသိ၊ နောက်ပိုင်းမှာလည်း ပုဒ်မတွေက တမျိုး
ပြီးတမျိုး
ပြောင်းလာခဲ့တာဆိုတော့ ခုလက်ရှိမှာ ဘာပုဒ်မတွေတပ်ထားပြီး ဘယ်လိုတွေ
စွပ်စွဲထားတယ်ဆိုတာကို ရေရေရာရာမရှိ ဖြစ်နေပါတယ်။
ဒါ့အပြင်
ရှေ့နေရှေ့ရပ်တွေနဲ့တွေ့ဆုံပြီး ဥပဒေအရ ကိုယ့်ကိုယ်ကို ခုခံချေပဖို့လည်း
ခုချိန်ထိ
အခွင့်မရကြသေးပါဘူး။ သူတို့ကို စဖမ်းသွားကတည်းကိုက ခိုင်ခိုင်လုံလုံမရှိဘဲ
ဖမ်းသွားတာဖြစ်တဲ့အတွက် တရားရုံးတင်စရာမလိုဘဲ ဆက်ပြီး ထိန်းသိမ်းထားလို့ရ
အောင်
ပုဒ်ထီးပုဒ်မတွေ အမျိုးမျိုးပြောင်း၊ နောက်ကွယ်ရမန်တွေ အကြိမ်ကြိမ်ယူပြီး
အကျဉ်းထောင်ထဲကနေ
ထွက်လို့မရအောင်ကို လုပ်နေတာလို့ လူ့အခွင့်အရေးလှုပ်ရှား
သူတွေက ဝေဖန်ကြပါတယ်။
ဒါပေမယ့်
ဒီလိုလုပ်နေတာဟာ နိုင်ငံရေးတွေ၊ လူ့အခွင့်အရေးတွေအရ မဆိုထားနဲ့၊
နိုင်ငံတွင်း
လက်ရှိကျင့်သုံးနေတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရကို တရားမဝင်ပါဘူး
လို့
အခိုင်အမာပြောသူကတော့ BLC မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ အဖွဲ့ဝင်၊
အာရှ
လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်သူ ရှေ့နေ
ဦးမင်းလွင်ဦးပါ။
"ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားတာက ရှင်းရှင်းလေးပါ။ လူတဦး
တယောက်ကို
ဖမ်းမယ်ဆိုရင် စုံစမ်းစစ်ဆေး မေးမြန်းပြီးတော့ တရားစွဲဖို့ အကြောင်း
အရာတွေ
ပေါ်ပေါက်တယ်ဆိုရင် တခါတည်း ရုံးတင် တရားစွဲဖို့ ထိုက်သင့်တဲ့ရက်
ပေးထားတယ်။
အလွန်ဆုံးပေးထားတာကတော့ ၂၈ ရက်ဖြစ်တယ်။ အဲဒါမှ မစွဲတင်နိုင်
ဘူးဆိုရင် ဒီလူကို
လွှတ်ရမှာဖြစ်တယ်။ အခုလုပ်နေတာက လူကိုဖမ်းထားပြီးတော့မှ
သက်သေအထောက်အထား
ခိုင်လုံအောင်ဆိုပြီး လိုက်စုနေတာက ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားတဲ့
ပြဋ္ဌာန်းချက်တွေနဲ့လည်း ဆန့်ကျင်တယ်၊ သက်သေ
ခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့
ပြဋ္ဌာန်းချက်တွေနဲ့လည်း ဆန့်ကျင်တယ်ဆိုတာကို ကျနော်
ပြောချင်ပါတယ်။"
အခုထိန်းသိမ်းခံထားရတဲ့
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အခုတကြိမ်
မှာမှ ထောင်နဲ့ယဉ်ပါးရသူတွေတော့
မဟုတ်ပါဘူး။ ဒီမိုကရေစီတောင်းကြတယ်ဟေ့
ဆိုကတည်းကိုက မရှေးမနှောင်း အဖမ်းခံခဲ့ကြရပြီး
ပထမဆုံးအကြိမ် ထောင်သက်တမ်း
အနည်းဆုံးနေခဲ့ရဖူးသူက ၇ နှစ်ပါ။
ကိုမင်းကိုနိုင်ဆိုရင်တော့ ၁၅ နှစ်ကျော် ကြာခဲ့ပါ
တယ်။ အဲဒီကနေ
ပြန်လွတ်လာပြီးနောက်ပိုင်း မနှစ် သြဂုတ်လ အဖမ်းမခံရခင် ကြားထဲ
မှာလည်း တော်ကြာ
လာခေါ်သွားလိုက်၊ ရက်ပိုင်း လပိုင်းကြာလိုက်၊ ပြန်လွတ်လာလိုက်၊
တော်ကြာ
ပြန်ခေါ်သွားလိုက်နဲ့ အင်းစိန်ထောင်၊ ရဲအချုပ်ခန်းနဲ့ စစ်ကြောရေးစခန်းတွေ
ကို
အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာနေခဲ့ရသူတွေပါ။
သူတို့စိတ်ဓာတ်တွေက
မာကျောဆဲ၊ ခိုင်မာဆဲ ဒီမိုကရေစီရေးအတွက် မဆုတ်မနစ်
ရှိဆဲပဲလို့ သူတို့ကို
အလျဉ်းသင့်သလို ထောင်ဝင်စာတွေ့ခွင့်ရတဲ့ မိသားစုတွေက
ပြောကြပေမယ့် အခုလောက်
ထောင်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေရသူတွေအဖို့
သူတို့ခန္ဓာကိုယ်တွေကတော့ ချို့ယွင်းမှုရှိလာတာပါပဲ။
ဥပမာအားဖြင့်ဆိုရင်
ကိုမင်းကိုနိုင်ဟာ မျက်လုံးဝေဒနာ၊ နှလုံးရောဂါနဲ့ ခြေထောက်
နာကျင်ပြီး
လမ်းလျှောက်မရတဲ့ ဝေဒနာတွေကို ခံစားနေရပါတယ်။ ကိုမြအေးဆိုရင်
လည်း
နှလုံးရောဂါခံစားနေရပြီး ကိုလှမျိုးနောင်ကတော့ မျက်စိဝေဒနာပြဖို့ မျက်စိ
ဆေးခန်း
ရောက်နေချိန်မှာ အဖမ်းခံရ၊ စနစ်တကျ ဆက်ပြီး ကုသခွင့်မရခဲ့တဲ့အတွက်
ပထမမျက်စိတလုံး ကွယ်ခဲ့ရ၊
ဆက်ပြီးတော့လည်း ကုသခွင့်မရပြန်တာကြောင့် နောက်
မျက်စိတလုံးပါ ကွယ်ရတော့မယ့်
အလားအလာနဲ့ ရင်ဆိုင်နေရတယ်လို့ ထိုင်း-မြန်မာ
နယ်စပ်အခြေစိုက်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
(အေအေပီပီ) ရဲ့
ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနှစ်က
ဒီအချိန်မှာ အဖမ်းခံလိုက်ရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၃ ဦး
အရင်ကျခံခဲ့ရတဲ့ ထောင်သက်တွေကိုပဲ ပြန်တွက်မယ်ဆိုရင်တောင် စုစုပေါင်း နှစ် ၁၄၀
နဲ့
တလ ရှိနေပါပြီလို့ အေအေပီပီက ဆိုထားပါတယ်။
သူတို့တွေ
ခုလို ထိန်းသိမ်းခံထားရတာဟာ လူ့အခွင့်အရေးပေါ်မှာ သူတို့ရဲ့ယုံကြည်မှု၊
နိုင်ငံအပေါ်
သူတို့ရဲ့ ချစ်မြတ်နိုးမှု၊ ဒီမိုကရေစီ ထူထောင်လိုမှုတွေကြောင့် ဖြစ်ပါတယ်
တဲ့။
မြန်မာနိုင်ငံမှာ
ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်သေးသရွေ့
ဒီမိုကရေစီရေး စစ်မှန်ထိရောက်တဲ့
အပြောင်းအလဲတွေ ဖော်ဆောင်ဖို့ဆိုတာ မဖြစ်
နိုင်တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ
လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ
လုံခြုံရေးကောင်စီကနေ မဖြစ်မနေလိုက်နာရမယ့် ဆုံးဖြတ်ချက်
ချမှတ်ပါလို့ အဆုံး
မှာ အေအေပီပီက တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ်
သြဂုတ်လ အခုလိုရက်ပိုင်းတွေက လောင်စာဆီဈေးနှုန်းတွေ တိုးမြှင့်လိုက်
ပြီးတဲ့နောက်
ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်းလာတာကို ပေါ်လွင်ထင်ရှား
စေချင်တဲ့အတွက် ၈၈
မျိုးဆက်ကျောင်းသားတွေက စီတန်း လမ်းလျှောက်ခဲ့ကြပါ
တယ်။ အဲဒါပြီးတဲ့နောက်မှာ
သူတို့တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာပါပဲ။
နှုန်းမှ ကျဆင်းမလာတဲ့အပြင် လူထုစားဝတ်နေရေးကလည်း ကျပ်တည်းနေဆဲဖြစ်တဲ့
အတွက် ဒီလို ဖမ်းဆီးထိန်းသိမ်းတာတွေဟာ တိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့
အဖြေမဟုတ်တဲ့အကြောင်း မြန်မာ့အရေး ဝေဖန်သုံးသပ်သူတွေက ပြောဆိုနေကြပါ
တယ်။