၈၈ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး
နဲ့ အခြား နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်ပေးဖို့ သူတို့ ကို ဖမ်းဆီးထားတဲ့
တစ်နှစ်ပြည့် နေ့ မှာ အမေရိကန် အစိုးရ က စစ်အစိုးရ ကို တောင်းဆိုလိုက်ပါတယ်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး နဲ့ အခြား ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူတွေ က လောင်စာဆီ ဈေးနှုန်းတွေ တက်ခဲ့တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ စည်းရုံး လှုပ်ရှားခဲ့ကြတာပါ။ ဒီ ဆန္ဒပြပွဲတွေ က သံဃာတွေ ဦးဆောင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု ဖြစ်သွားခဲ့ပါတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာန က သြဂုတ်လ ၂၂ ရက်နေ့စွဲ နဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ အဓိပ္ပါယ် ရှိပြီး၊ အချိန် သတ်မှတ်ချက် ရှိတဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့လည်း ကြေညာချက် မှာ စစ်အစိုးရ ကို တိုက်တွန်းလိုက်ပါတယ်။