သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပါတီညီလာခံအတွက် ပါတီဝင်တွေ စိုင်းပြင်း


အမေရိကန်နိုင်ငံ ကော်လိုရာဒိုးပြည်နယ် ဒန်ဗာမှာ ပြုလုပ်မယ့် ဒီမိုကရေစီပါတီ ညီလာခံအတွက် သောင်းနဲ့ ချီတဲ့လူတွေ အခု စုရုံး ရောက်ရှိနေပါတယ်။ အဲဒီမှာတော့ ပထမဆုံး အာဖရိက အနွယ် အမေရိကန် ကိုယ်စားလှယ်လောင်းဟာ ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတ ကိုယ်စားလှယ် လောင်းအဖြစ် တရားဝင် အသိအမှတ်ပြု လက်ခံဖို့ ရှိပါတယ်။

တနင်္လာနေ့ စတင်မယ့် ဒီညီလာခံဟာ လူထုစုဝေးပွဲတွေ မိန့်ခွန်း ပြောဆိုကြားနာမှုတွေနဲ့ အစည်းအဝေးတွေ လေးရက် ကြာမှာ ဖြစ်ပါတယ်။ ရီပတ်ပလစ်ကန် ပါတီကလည်း သူ့ညီလာခံကို ရှေ့အပတ်ထဲ ပြုလုပ်မှာပါ။ ဒီညီလာခံတွေကနေ လာမယ့် သမ္မတ ရွေးကောက်ပွဲအတွက် စည်းရုံး လှုံဆော်မှုတွေ တရားဝင် စတင်မှာဖြစ်ပါတယ်။

ဒီမိုကရက် အထက်လွှတ်တော်အမတ် ဘားရတ် အိုဗားမားဟာ မနေ့ကတော့ ဝက်စကွန်ဆင်မှာ စည်းရုံးရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာတော့ ရီပတ်ပလစ် ကိုယ်စားလှယ် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းကို ဝေဖန် ပြောကြား ပါတယ်။ သူဟာ သာမန် အမေရိကန် ပြည်သူတွေနဲ့ ကင်းကွာ နေတယ်လို့ ဘားရတ် အိုးဗားမားက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG