သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် အားကစားပွဲကြောင့် တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးပိုမို ရင်းနှီးခွင့်ရ


တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အိုလံပစ် အားကစားပွဲတော်ဟာ တေးသရုပ်ဖော် ကကွက်တွေ၊ ဗြိတိသျှ နာမည်ကျော် အနုပညာရှင်တွေ၊ လှပ ဆန်းကျယ်တဲ့ ဝတ်စုံတွေနဲ့ ကချေသည်တွေ၊ ဗုံသမားတွေနဲ့ ပိတ်ပွဲ အခမ်းအနား အောင်အောင်မြင်မြင် ကျင်းပပြီးဆုံးသွားခဲ့ပါပြီ။ မီးရှူးမီးပန်းတွေကို အိုလံပစ် အထိမ်းအမှတ် စက်ဝန်း ပုံသဏ္ဍာန် ပစ်ဖောက်ခဲ့တဲ့ တနင်္ဂနွေနေ့က အိုလံပစ် ပိတ်ပွဲ အခမ်းအနားကို လူပေါင်း ကိုးသောင်းကျော် တက်ရောက်ခဲ့ပါတယ်။ အားကစားသမားတွေက အားကစားကွင်းထဲကို ဝင်လာချိန်မှာ ကျွမ်းဘား မောင်မယ်တွေက အားကစားကွင်းအနှံ့ သရုပ်ပြနေကြပါတယ်။

အိုလံပစ် အားကစားပွဲတော်ကြောင့် ကမ္ဘာကြီးဟာ တရုတ်နိုင်ငံ အကြောင်းပိုသိခဲ့ရပါတယ်။ တရုတ်တွေလည်း ကမ္ဘာကြီး အကြောင်း ပိုမို သိရှိခွင့်ရတယ်လို့ နိုင်ငံတကာ အိုလံပစ် ကျင်းပရေး ကော်မတီ အကြီးအကဲ ဂျက် ရော့ဂ်က ပြောကြား သွားပါတယ်။ သူကပဲ ဒီ အားကစားပွဲတော် တရားဝင် ပြီးဆုံးကြောင်း ကြေညာပြီးတော့ နောက်ထပ် လေးနှစ် ၂၀၀၁၂ခုနှစ် ကျရင် လန်ဒန်မြို့တော်မှာ တခါပြန်ဆုံကြမယ့်အကြောင်း ပြောကြားသွားပါတယ်။

ပိတ်ပွဲ အခမ်းအနားရဲ့ ဇာတ်ရှိန်အမြင့်ဆုံးအချိန်ကတော့ ဘေဂျင်းမြို့တော်ဝန်က အိုလံပစ် အလံကို လန်ဒန် မြို့တော်ဝန်ကို ပေးအပ်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ နောက်သိပ်မကြာပါဘူး။ လန်ဒန်မြို့တော်ဟာ အိုလံပစ်ပွဲတော်အတွက် နောက်လာမယ့် မှတ်တိုင်အဖြစ်နဲ့ ဗြိတိသျှအဆိုတော် လီယိုနာ လူးဝစ်နဲ့ လတ် ဇက်ပလင် အဖွဲ့က ဂီတာသမား ဂျင်မီ ပေ့ချ် တို့ ဖျော်ဖြေခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG