ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံ
ပေး မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံက
အပြန် ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး
ဒေါ်အောင်ဆန်းစုကြည်ရဲ့
နိုင်ငံရေးအခန်းကဏ္ဍ
နဲ့ပတ်သက်လို့ ဆွေးနွေးတာဟာ သံတမန်ရေး
အရ အကြီးအကျယ်
မှားယွင်းမှုဖြစ်တယ်လို့
ဒီမိုကရေစီ အင်အားစုတွေက ဝေဖန်ပါတယ်။
ထိုင်းဝန်ကြီးချုပ်က
မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထဲမှာ
ဒေါ်အောင်ဆန်းစုကြည်မပါရင်
ပိုပြီးတော့
အဆင်ပြေနိုင်တယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါ
တယ်။ အကြောင်းစုံကို
ကိုသိန်းထိုက်ဦးက
တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံရဲ့
ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုတွေကို စဉ်းစားတိုင်း အနောက်နိုင်ငံတွေ
ဟာ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆိုတာနဲ့ ပူးတွဲပြီး စဉ်းစားလေ့ရှိတယ်
ဆိုပြီး
ထိုင်းဝန်ကြီးချုပ်က ဝေဖန်လိုက်တာပါ။ ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေး
(Samak Sundaravej) က မြန်မာနိုင်ငံကပြန်လာတဲ့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့
အထူးအကြံပေး မစ္စတာဂမ်ဘာရီနဲ့ ထိုင်းနိုင်ငံမှာ ဒီနေ့
တွေ့ဆုံပါတယ်။ ထိုင်းဝန်ကြီး
ချုပ်က မြန်မာနိုင်ငံ့အရေး စစ်အစိုးရကို သံတမန်ရေးအရ
ချဉ်းကပ်မှုတွေက
ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားမယ်ဆိုရင် ပိုပြီးတော့ အကျိုးဖြစ်ထွန်းနိုင်မယ်လို့
ပြောပါတယ်။
ဒီလို
မစ္စတာဂမ်ဘာရီ ထိုင်းဝန်ကြီးချုပ်နဲ့ သွားဆွေးနွေးတာက သံတမန်ရေးအရ
ခြေလှမ်းတခု
မှားပြန်ပြီလို့ ဝေဖန်တာက စီအာပီပီ ပြည်သူ့လွှတ်တော် ကိုယ်စားပြု
ကော်မတီ အဖွဲ့ဝင်
ဦးထောင်ကိုထန်းပါ။
"မြန်မာပြည်ကိစ္စဟာ
ထိုင်းဝန်ကြီးချုပ်တို့ ဘာတို့နဲ့ လုံးဝမပတ်သက်ဘူးလို့ ကျနော်
ယူဆတယ်။
ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ကိစ္စမှာ နံပါတ်တစ် အတိုက်အခံ ဒီမို
ကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့မှပဲ
အဓိပ္ပာယ်ရှိတဲ့
နိုင်ငံရေးဖြေရှင်းမှု ဖြစ်ပေါ်လာမှာဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေက
သူ့နိုင်ငံနဲ့သူ သူ့ကိစ္စမဟုတ်ဘူး။ ထိုင်းဝန်ကြီးချုပ်ကလည်း မြန်မာပြည်ကိစ္စကို
ဒီလို
ဝင်ရောက်ပြောဆိုဖို့ လုံး၀ မသင့်တဲ့ကိစ္စပဲ။ ထိုင်းနိုင်ငံမှာရှိတဲ့
ထိုင်းဝန်ကြီးချုပ်နဲ့
သွားဆွေးနွေးတယ်ဆိုတာကလည်း ကုလသမဂ္ဂကိုယ်စားလှယ် ဂမ်ဘာရီက
သံတမန်
ရေးအရ ဆက်ဆံတဲ့ လမ်းကြောင်းတခုလည်း မှားပြန်ပြီ။"
ထိုင်းဝန်ကြီးချုပ်က
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ
ရေးဆွဲရေးနဲ့ ရွေးကောက်ပွဲကျင်းပရေး ကိစ္စတွေကို ပိုပြီးတော့
အာရုံစူးစိုက်သင့်
တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိစ္စရပ်တခုသာဖြစ်ပြီး
ဒေါ်အောင်ဆန်း
စုကြည်အကြောင်း မပါဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ဆွေးနွေးပွဲတွေက
ပိုပြီးနက်ရှိုင်းနိုင်
တယ်လို့ ပြောပါတယ်။
ဦးထောင်ကိုထန်းကတော့
မစ္စတာဂမ်ဘာရီကို သံတမန်ရေးအရ ချဉ်းကပ်မှုတွေ
မှားယွင်းနေပြီလို့ ဝေဖန်လိုက်တဲ့
တချိန်တည်းမှာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့
မတွေ့ဆုံနိုင်ခဲ့တာကလည်း ကုလသမဂ္ဂရဲ့ မြန်မာ့အရေး
ချဉ်းကပ်ပုံ မှားယွင်းတာတွေကြောင့်လို့
အခုလိုဝေဖန်ပါတယ်။
"ဂမ်ဘာရီ
လာတိုင်းလာတိုင်းမှာ ကြံ့ခိုင်ရေးတွေတွေ့တယ်၊ နအဖလိုလားတဲ့ အုပ်စု
တွေနဲ့တွေ့တယ်။
မိခင်နဲ့ကလေးစောင့်ရှောက်ရေးတို့၊ တခြား နိုင်ငံရေးပါတီမဟုတ်တဲ့
ဝံသာနုအန်န်အယ်လ်ဒီတို့၊ ၈၈ မျိုးဆက်ဆိုတဲ့ အေးလွင်တို့အုပ်စုတွေကို
တွေ့တွေ့နေ
တယ်။ အဲတော့ အဲဒီလို ဖြေရှင်းမှ၊ တွေ့ဆုံမှပဲ အဆင်ပြေမှာဖြစ်တဲ့အတွက်
မြန်မာပြည်
ရဲ့ နိုင်ငံရေးဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရမယ်၊
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့ရ
မယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မတွေ့ဘဲနဲ့
သူလည်း တွေ့ချင်မှာမဟုတ်ဘူး။
အောက်ကလူတွေနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့လူ
မရှိတဲ့အခါကျတော့။ ဒါကြောင့် ဒီခရီး
စဉ်မှာတော့ ဒေါ်စုက ဂမ်ဘာရီကို မတွေ့ဘူးဆိုတာ
ဒီအချက်ပဲဖြစ်မယ်လို့ ကျနော်တော့
ယူဆတယ်။"
ဦးထောင်ကိုထန်းက
သူ့ရဲ့အမြင်ကို ပြောပြသွားတာဖြစ်ပါတယ်။
အကြား ပြန်လည်သင့်မြတ်ရေးကို အဓိက ဦးစားပေးရမှာဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့
ဒီအချက်ကို အပြည့်အ၀ နားလည်ဖို့လိုတဲ့အကြောင်း စီအာပီပီ ပြည်သူ့လွှတ်တော်
ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဦးထောင်ကိုထန်းက ပြောပြသွားပါတယ်။