ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ်
ဂမ်ဘာရီ (Mr. Ibrahim
Gambari) တယောက် မြန်မာနိုင်ငံက ပြန်သွားခဲ့ပေမယ့် သူမလာခင်
ပြင်ဆင်မှုတစိတ်
တပိုင်းအဖြစ် လေဘေးသင့်ဒုက္ခသည်တွေကို ရွှေ့တာပြောင်းတာတွေ
လုပ်ခဲ့လို့ အခက်
ကြုံခဲ့ရတာတွေကတော့ ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
နာဂစ်ဆိုင်ကလုန်း
ဘေးဒဏ်သင့်ရာ ဒေသတခုဖြစ်တဲ့ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းက
ဒုက္ခသည်တွေကို
အာဏာပိုင်တွေက အတင်းအကြပ် ရွှေ့ပြောင်းခိုင်းတာတွေ လုပ်ခဲ့လို့
အခုအခါမှာ
နေရေးထိုင်ရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။ အကြောင်းစုံကို
ကိုအောင်လွင်ဦး
က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
လေမုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဧရာဝတီတိုင်းထဲက
ဟိုင်းကြီးကျွန်းဒေသမှာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ
အီဘရာဟင်မ်
ဂမ်ဘာရီလာမယ်၊ နောက်ပြီး မြန်မာစစ်အစိုးရ အကြီးအကဲတွေ လာမယ်ဆိုပြီး
ကြိုတင်
ပြင်ဆင်မှုအဖြစ် ဒုက္ခသည်တွေကို သူတို့ခိုလှုံနေရာ နေရာတွေက
ရွှေ့ပြောင်းခိုင်းခဲ့တာ
ပါ။
လေဘေးဒုက္ခသည်တွေအနေနဲ့ ပြန်လည်အခြေတကျ
မဖြစ်သေးချိန်မှာ အခုလို
နောက်ထပ် ရွှေ့တာပြောင်းတာတွေ လုပ်ခိုင်းခဲ့တဲ့အတွက်
တပူပေါ် နှစ်ပူဆင့်ဆိုသလို
အခက်ကြုံခဲ့ရတဲ့အကြောင်း ဒေသခံတယောက် ပြောပြတာကတော့ …
"အခု ပြင်ခရိုင်၊ ငပုတောမြို့နယ်၊
အုတ်သင်းကျေးရွာအုပ်စု။ ဧရာဝတီတိုင်း ဟိုင်ကြီး
ကျွန်းတဖက်ကမ်း၊ ဒီဘက်မှာတော့
အလယ်ကျွန်းလို့ခေါ်တာပေါ့။ ကျနော်တို့ကို ၁၆
ရက်နေ့က ဝန်ကြီးချုပ်လာမှာဖြစ်တဲ့အတွက်
တဲတွေကို လုံးဝမမြင်ချင်ဘူး၊ အခု
ချက်ချင်း ရွှေ့ရမယ်။ ပြီးတော့ ဂမ်ဘာရီလာမယ်၊
ဘာညာဆိုပြီး ကျနော်တို့တဲတွေကို
အတင်းဖျက်ခိုင်းတယ်။ ဂမ်ဘာရီ မြင်သွားမယ်ဆိုပြီး။
"ဒုက္ခသည်စခန်း ၁၊ ၂၊ ၃ ဆိုပြီးရှိတယ်။
အဲဒီဒုက္ခသည်စခန်းတွေရဲ့ ဟိုဘက် ကျောက်
ကလပ်ရွာနားမှာ ဒုက္ခသည်တွေအတွက်ဆိုပြီး
အရုဏ်ဦး ဆောက်လုပ်ရေးက အိမ်တွေ
ပြန်ဆောက်ပေးတယ်။ အဲဒီကိုရွှေ့ဆိုလို့ ကျနော်တို့
ရွှေ့ရတယ်။ ရွှေ့ရတော့ ပစ္စည်းသယ်
ရတာ၊ ဘာညာ ဒုက္ခတွေကတော့ အများကြီးပေါ့။ ပြီးတော့
အဲဒီမှာ ဘာမှလည်း မရှင်း၊
နေစရာလည်း အဆင်သင့် မရှိသေးဘဲနဲ့ အိမ်ဆောက်ပေးမယ်ဆိုပြီး
အိမ်တွေကလည်း
တိုးလို့တန်းလန်းကြီးတွေ၊ ဗွက်တွေ ရွှံ့တွေ ကြားထဲမှာ
ဒုက္ခသည်တဲလေးတွေကို
ပြန်ဆောက်ပြီး သူတို့ အိမ်ဆောက်ပြီးမယ့်ဟာကို
ထိုင်စောင့်နေရတယ်။ ခန့်မှန်းချေက
ကျနော်တို့ဒီဘက်မှာ ၃၀ လောက်ပဲပြီးသေးတယ်။
ကျန်တဲ့လူတွေကတော့ ဗွက်တွေထဲ
မှာပဲ တာပေါ်လင်စလေးတွေထိုးပြီး နေနေရတယ်။"
ဒီလို နေရေးထိုင်ရေး အခက်ကြုံနေရတဲ့အပြင် ကျန်းမာရေး
ပြဿနာတွေကလည်း
နောက်ဆက်တွဲဆိုသလို လိုက်လာနေတာပါ။ ဒါပေမယ့်
ကျန်းမာရေးစောင့်ရှောက်မှု
တွေကတော့ လုံလုံလောက်လောက်ရနိုင်တဲ့ အခြေအနေမှာ
မရှိသေးပါဘူး။
"အိမ်တွေကလည်း တိုးလို့တန်းလန်း၊ မိုးကလည်းရွာ၊ အခုကျတော့
နေက ပြန်ပူ
လာပြန်ပြီ။ အဲတော့ အခက်အခဲက ဘာလဲဆိုတော့ သောက်ရေ လုံးဝမရဘူး။
ရေတူး
ပေးထားတာလည်း မရှိဘူး။ ချိုးရေအတွက်ကတော့ ကန်တွေ၊ တွင်းတွေထဲမှာရှိတဲ့
ရေနောက်တွေကိုပဲ ခပ်ချိုးရတယ်။ ရေက နောက်ကျိနေတာပဲ။ သောက်တာကတော့
မိုးရေကို
စောင့်ပြီး သောက်ရတယ်။ အခု မိုးမရွာတာ နှစ်ရက်ရှိပြီဆိုတော့ မိုးရေမရလို့
သောက်ရေပြဿနာ ကြုံနေရတယ်။
"လူကြီးတွေကတော့ လေးမိုင်လောက်ဝေးတဲ့
ရွာမှာရှိတဲ့ရေကို သွားယူရတယ်။
ကလေးတွေကတော့ သွားသောက်လို့ ဝမ်းရောဂါတွေဖြစ်နေတယ်။
လေးငါးယောက်
လောက်ရှိပြီလို့ ကြားတယ်။ ပြီးတော့ ဝဲတွေလည်းပေါက်နေကြတယ်။ ၁၆ ရက်နေ့က
ကျနော်တို့ကို အတင်းပြောင်းပြောင်းဆိုပြီး ပြောင်းတော့ ဟိုမှာလည်း အဆင်သင့်မရှိ၊
အဲဒီညဆို မိုးရွာထဲမှာ ထိုင်လိုက်ရတယ်။ ဝမ်းရောဂါဖြစ်ရင် အခုလောလောဆယ်
ဆရာဝန်လည်းမရှိဘူး။ ဆရာဝန်မရှိတော့ တခုခုဖြစ်ရင် ဘယ်ပြေးလို့ ပြေးရမှန်းလည်း
မသိဘူး။ နေ့ခင်းဘက်မှာပဲ ဆရာဝန်က ရှိတာ။ အဲဒါလည်း လေးမိုင်လောက်သွားရ
တယ်။"
ကျွန်းက ဒေသခံတယောက် ဖြစ်ပါတယ်။ မေလဆန်းတုန်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်
လေဘေးဒဏ်ကြောင့် လူပေါင်း ၁ သိန်းခွဲနီးပါး သေကျေ၊ ပျောက်ဆုံးပြီး သန်းနဲ့ချီ
အတိဒုက္ခရောက်ခဲ့ရတဲ့အထဲမှာ ဟိုင်းကြီးကျွန်းဒေသဟာလည်း ပြင်းပြင်းထန်ထန်
ခံခဲ့ရတာဖြစ်ပြီးတော့ လူပေါင်း အနည်းဆုံး ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြန်မာ
စစ်အစိုးရ အာဏာပိုင်တွေက ခန့်မှန်းပြောဆိုထားတာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်း
ကတော့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အဲဒီဒေသဘက်ကို
သွားရောက်ခဲ့တာရှိပေမယ့် မြန်မာ့နိုင်ငံရေး ကြားဝင်ဖျန်ဖြေပေးမယ့် ကုလသမဂ္ဂ
အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီကတော့ လေဘေးဒဏ်သင့် အခြေအနေတွေနဲ့
ပတ်သက်လို့ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ကိုသာ သွားရောက် ကြည့်ရှုခွင့်ရခဲ့တာ
လည်း ဖြစ်ပါတယ်။