သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစားအစာ ပေးပို့သည်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ


နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့
ဒေါ်အောင်ဆန်းစုကြည်က သူမအတွက်
ဈေးဝယ်ပေးတဲ့ အစားအသောက်တွေကို
လက်မခံတာ ရက်အတော်ကြာသွားပြီလို့
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြောပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်း
စုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့
သတင်းတွေနဲ့ ပတ်သက်လို့တော့ အတည်ပြု
ချက် မပေးပါဘူး။ အပြည့်အစုံကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်း
စုကြည်အတွက် ဈေးဝယ်ပေးနေတဲ့ ကိုမြင့်စိုး
ခေါ် လူငယ်ကို ဒေါ်အောင်ဆန်းစုကြည်က ဈေးဝယ်မပေးတော့နဲ့လို့ ပြီးခဲ့တဲ့ လဆန်း
ပိုင်းကတည်းက တားမြစ်ခဲ့တာကစလို့ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေ
တယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့တာပါ။

ကိုမြင့်စိုးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကတည်းက သူ့အတွက် ဈေးမဝယ်တော့နဲ့
လို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တဲ့အကြောင်း ပြည်ပ အတိုက်အခံ သတင်း
ရပ်ကွက်က ပြောပါတယ်။ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေး
ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ ဒီသတင်းနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

"အစားအသောက်တွေ လက်မခံဘူးဆိုတာကို ကျနော်တို့ သတင်းကြားပါတယ်။
ဒါပေမယ့် အစားအသောက်ပို့တဲ့လူနဲ့ ကျနော်တို့က ဆက်သွယ်မှုမရှိတဲ့အတွက် ကျနော်
Confirm တော့ မလုပ်နိုင်ဘူး။ အတိအကျ အသေးစိတ်လည်း ကျနော်တို့ မသိပါဘူး။
အဲဒီလိုတော့ သတင်းရပါတယ်။ Hunger Strike ဆိုတာကိုတော့ လုံးဝမသိပါဘူး။"

ဒီလို ဒေါ်အောင်ဆန်းစုကြည်က သူ့အတွက် ဈေးဝယ်တာတွေကို လက်မခံတော့ဘူး
ဆိုပြီး ပြောဆိုပြီးတဲ့ ကာလတွေအတွင်း ရှေ့နေကြီး ဦးကြည်ဝင်းနဲ့ ဒေါ်အောင်ဆန်း
စုကြည် နှစ်ကြိမ်တွေ့ဆုံခဲ့သလို မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့လည်း
ဒေါ်အောင်ဆန်းစုကြည် တကြိမ်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ သြဂုတ်လ ၈ ရက်နေ့မှာ
တကြိမ်၊ နောက် သြဂုတ်လ ၁၇ ရက်နေ့မှာ ရှေ့နေကြီး ဦးကြည်ဝင်းနဲ့ တွေ့ဆုံခဲ့တာ
ဖြစ်ပြီး ဒေါက်တာတင်မျိုးဝင်းကတော့ သြဂုတ်လ ၁၇ ရက်နေ့မှာ တွေ့ဆုံခဲ့တာပါ။

ဗွီအိုအေက သြဂုတ်လ ၁၁ ရက်နေ့မှာ ဆက်သွယ်မေးမြန်းခဲ့တဲ့အချိန် ရှေ့နေကြီး
ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာ သာမန်မြင်ရတဲ့ အနေ
အထားအရ ကောင်းမွန်တယ်လို့ မြင်မိတဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က
အစားအသောက်တွေ လက်မခံတာကို အတည်ပြုခဲ့ပေမယ့် အစာငတ်ခံ ဆန္ဒပြနေတယ်
ဆိုတာမျိုးတော့ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု အစားအသောက်တွေ လက်မခံခဲ့တာ ရက်အတန်ကြာလာတဲ့
အတွက် အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စိုးရိမ်တဲ့အကြောင်း
ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကျနော်ပြောချင်တာက အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာကို ကျနော်တို့ မသိပါဘူး၊
ကြားလည်းမကြားပါဘူး။ အစာပို့တဲ့ဟာ ရပ်ဆိုင်းတယ်ဆိုတာကို ကြားတယ်။ တိတိ
ကျကျတော့ ကျနော်တို့ သတင်းမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို အစားအသောက်
ပို့တာကို ရပ်ဆိုင်းတယ်ဆိုတာရယ်၊ အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာရယ် ဒီဥစ္စာတွေ
မှန်နေရင်တော့ ကျနော်တို့ အရမ်းစိုးရိမ်တာပေါ့။ ကျနော်တို့က တိုက်ရိုက်လည်း
contact မလုပ်နိုင်တော့ ပိုပြီးတော့ စိုးရိမ်ပါတယ်။"

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်
ဆိုတဲ့သတင်းတွေ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ သက်တမ်းအတွင်းမှာ အရင်က
လည်း ထွက်ပေါ်ခဲ့ဘူးပါတယ်။

၁၉၈၉ ခုနှစ်က နေအိမ်ဝန်းအတွင်းက ကျောင်းသားတွေကို အာဏာပိုင်တွေ ဖမ်းဆီး
သွားခဲ့တဲ့အချိန်၊ အဖမ်းခံရသူတွေကို လူသားဆန်ဆန် စစ်ဆေးမေးမြန်းတာတွေ လုပ်ပါ့
မယ်ဆိုတဲ့ မြန်မာစစ်အစိုးရဘက်က အာမခံချက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် အစာ
ငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်ကလည်း ရန်ကုန်မြို့ပြင် ခရီးထွက်တဲ့အချိန်
အာဏာပိုင်တွေ တားဆီးထားတာ ခံခဲ့ရတဲ့အတွက် ကားထဲမှာ ၁၀ ရက်ကြာ အစာ
ငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

၂၀၀၃ ခုနှစ် သြဂုတ်ကုန် ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုကြီး ဖြစ်ပွားအပြီး ၃ လ
အကြာ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့
သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စိုးရိမ်တဲ့အကြောင်း ကြေညာချက်
ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ အိုင်စီ
အာစီ နိုင်ငံတကာ ကြက်ခြေနီအသင်းကြီးရဲ့ ကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်
အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတာ မဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်
ဝန်းကျင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အင်းစိန်အကျဉ်းထောင်မှာ
ချုပ်နှောင်ထားခဲ့တဲ့အချိန် ဖြစ်ပါတယ်။

ဒီလို အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေ အရင်က ထွက်ခဲ့တာကြောင့်လည်း
အခုတကြိမ် ရက်အတော်ကြာ အစားအသောက်တွေ လက်မခံတော့ဘူးဆိုတဲ့သတင်း
ဟာ ဒီမိုကရေစီအင်အားစုတွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးထွက်
လာတဲ့ သတင်းအရတော့ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတာ
မဟုတ်ပါဘူးလို့ မြန်မာစစ်အစိုးရဘက်က ငြင်းဆိုတဲ့အကြောင်း အေအက်ဖ်ပီသတင်းမှာ
ဖော်ပြထားပါတယ်။ ဒီလိုငြင်းဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို အန်န်အယ်လ်ဒီ
အဖွဲ့ဝင်တွေနဲ့ဖြစ်ဖြစ်၊ မိသားစုဆရာဝန်နဲ့ဖြစ်ဖြစ် တွေ့ဆုံခွင့်ပေးပြီး ဒီသတင်းကို အတိ
အကျ အတည်ပြုချက်ပေးတာမျိုးတော့ အခုအချိန်အထိ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG