မြန်မာနိုင်ငံကအပြန် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဆီ
ခရီးလှည့်နေတဲ့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ်
ဂမ္ဘာရီ (Mr. Ibrahim Gambari) ဟာ အခု
အင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိနေပါတယ်။
မနေ့တုန်းက မစ္စတာဂမ်ဘာရီဟာ
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး
မြန်မာနိုင်ငံရဲ့
လက်ရှိအခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ ကုလ
သမဂ္ဂ္ဂရုံးက
ထုတ်ပြန်ပြောကြားခဲ့ပေမယ့် ဆွေးနွေးချက်အသေးစိတ်ကိုတော့ ထုတ်ပြန်
ပြောဆိုခြင်း
မရှိပါဘူး။
ဒီနေ့မှာတော့ မစ္စတာဂမ်ဘာရီဟာ အင်ဒိုနီးရှားသမ္မတနဲ့
တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာ
နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်နဲ့ မြန်မာ
နိုင်ငံကို သွားရောက်ခဲ့တဲ့ မစ္စတာဂမ်ဘာရီရဲ့
ခရီးစဉ်ဟာ အောင်မြင်မှုမရှိဘူးလို့ မြန်မာ့
အရေးလှုပ်ရှားသူတချို့က မကျေမနပ်
ပြောဆိုနေချိန်မှာ တချို့ကတော့ သူ့အပေါ် အပြစ်
တင်နေလို့ အကျိုးမရှိဘူးလို့
ပြောနေကြပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က
စုစည်းတင်ပြထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာဂမ်ဘာရီဟာ
မြန်မာနိုင်ငံက
အပြန် ထိုင်းနိုင်ငံကိုဝင်ပြီး အင်ဒိုနီးရှားနိုင်ငံကိုပါ
အင်္ဂါနေ့မှာ သွားရောက်ခဲ့ပါတယ်။
ကုလသမဂ္ဂရုံးချုပ်က အင်္ဂါနေ့မှာ မစ္စတာဂမ်ဘာရီဟာ
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး
နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့
ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့
တယ်လို့ ပြောခဲ့ပေမယ့်
ဆွေးနွေးကြတဲ့ကိစ္စရပ် အတိအကျကိုတော့ ထုတ်မပြောပါဘူး။
"မစ္စတာဂမ်ဘာရီ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို
အင်္ဂါနေ့မှာ သွားရောက်တာဟာ
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒေသတွင်းခေါင်းဆောင်တွေနဲ့
ဆွေးနွေးဖို့ပါ" လို့ ကုလ
သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ်ရှဲလ် မွန်းတပ်စ်
(Michele Montas)
ပြောသွားတာဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်္ဂါနေ့မှာ
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို
ကျယ်ကျယ်ပြန့်ပြန့် အပြုသဘောဆောင်ပြီး
ဆွေးနွေးခဲ့တဲ့ မစ္စတာဂမ်ဘာရီဟာ ဗုဒ္ဓဟူး
နေ့မှာ အင်ဒိုနီးရှားသမ္မတ အပါအ၀င် တခြားတာဝန်ရှိသူတွေနဲ့
တွေ့ဆုံဖို့ စီစဉ်ထားပြီး
တူရင်မှာ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဖို့
သွားရောက်မယ်လို့ ဆိုပါတယ်။
မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံမှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ရော စစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ
တွေ့ခွင့်မရခဲ့တဲ့အတွက် မြန်မာနိုင်ငံကအပြန် အိမ်နီးချင်း
အာဆီယံနိုင်ငံတွေကို
သွားရောက်တာနဲ့ပတ်သက်ပြီး အတိုက်အခံတွေရော မြန်မာ့
အရေးလှုပ်ရှားသူတွေကပါ
မကျေမနပ်နဲ့ ဝေဖန်နေကြပါတယ်။
မြန်မာ့အရေး တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့
ရှမ်းအမျိုးသားခေါင်းဆောင် တဦး
လည်းဖြစ်၊ မြန်မာ့ရေးရာ ဥရောပရုံးတာဝန်ခံ
ဦးဟန်ယောင်ဝေကတော့ မအောင်မမြင်
ဖြစ်နေကြတဲ့၊ လုပ်ပိုင်ခွင့် သိပ်မရှိတဲ့ ကုလသမဂ္ဂ
ကိုယ်စားလှယ်တွေကို အပြစ်မတင်ဘဲ
စစ်အစိုးရကိုသာ အပြစ်တင်ပါတယ်။ အခုလို
မြန်မာနိုင်ငံကအပြန် ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ်ကို အစီရင်မခံခင် အာဆီယံ အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်တဲ့
အင်ဒိုနီးရှား
နိုင်ငံကိုဝင်ပြီး တာဝန်ရှိသူတွေနဲ့ မစ္စတာဂမ်ဘာရီ
တွေ့ဆုံတာနဲ့ပတ်သက်ပြီး
ဦးဟန်ယောင်ဝေရဲ့အမြင်ကို မေးကြည့်တော့ သူက
အခုလိုပြောပါတယ်။
"အင်ဒိုနီးရှားကတော့ အာဆီယံထဲမှာ အားကောင်းတဲ့နိုင်ငံ
တနိုင်ငံဖြစ်တယ်။ ကျနော်
တို့အခြေအနေကို ကူပေးမယ်၊ ကောင်းလာအောင်
ကြိုးစားပေးမယ်ဆိုရင် အကျိုးရှိမယ်
လို့ ကျနော်မြင်ပါတယ်။ ကျနော်သိသလောက် ဂမ်ဘာရီ
မြန်မာပြည်အကြောင်း ကြိုးစား
နေတဲ့နေရာမှာ သူက တယောက်တည်း လျှောက်လုပ်နေတာတော့
မဟုတ်ပါဘူး။
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ကို
တချိန်လုံး ဆက်သွယ်နေ
တာပါ။ ဒါကလည်း အခြေအနေ ပြောင်းလဲလာအောင်
ဝိုင်းဝန်းကူညီပေးဖို့ သူက
တိုက်တွန်းတာရှိတယ်။"
အခု
မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကိုလာတာ ၄ ကြိမ်ရှိပါပြီ။ အခုနောက်ဆုံးအကြိမ်မှာ
တကယ်တွေ့သင့်တွေ့ထိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရော ဗိုလ်ချုပ်မှူးကြီးသန်းရွှေရော
နှစ်ယောက်လုံးနဲ့ သူ မတွေ့သွားရဘူး။ သုံးသပ်သူတွေ အကုန်လုံးကတော့ ဒီခရီးစဉ်က
မအောင်မြင်ဘူးလို့ သုံးသပ်နေကြပါတယ်။ အဲတော့ မစ္စတာဂမ်ဘာရီကို နောက်
တခေါက်ပဲ
ပြန်လွှတ်မလား၊ ဒါမှမဟုတ် ကုလသမဂ္ဂအနေနဲ့ နောက်ထပ်တယောက်
ရွေးသင့်သလား၊
ဦးဟန်ယောင်ဝေအနေနဲ့ ဘယ်လိုများထင်ပါသလဲ။
"အခြေအနေက နအဖက ထိန်းထားတာဖြစ်ပါတယ်။ တချို့အချိန်မှာ
ဂမ္ဘာရီက
အလုပ္မလုပ္ဘူး။ အရင်တုန်းကလည်း ရာဇာလီကို သဘောမကျကြဘူး။ ကုလသမဂ္ဂ
က ဘယ်လောက်လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတဲ့နေရာမှာ ကျနော်တို့က တခါတလေ
သိပ်အထင်ကြီးနေတယ်။ ကုလသမဂ္ဂကသွားရင် နအဖက ချက်ချင်း သူတို့ပြောတဲ့
အတိုင်း
လုပ်မယ်လို့ ထင်နေတယ်။ ဒီဟာက မဟုတ်ပါဘူး။ ဘယ်သူပြောပြော နအဖက
နားထောင်တာမဟုတ်ပါဘူး။
"လူပြောင်းလိုက်တယ်ဆိုရင်လည်း လူသစ်လည်း ဒီလောက်ပဲ
လုပ်နိုင်မှာပဲ။ တကယ်
တော့ သွားကြိုးစားတဲ့ပုဂ္ဂိုလ်တွေကို ကျနော်တို့က
မရှုတ်ချသင့်ဘူး။ သွားကြိုးစားတဲ့
ပုဂ္ဂိုလ်တွေကို ပိုပြီး အားဖြည့်ပေးဖို့ဆိုတာ
ကျနော်ပြောချင်ပါတယ်။"
ဘယ်လိုပုံစံမျိုးနဲ့ အားဖြည့်ပေးသင့်တယ်လို့ ထင်ပါသလဲ။
"ကျနော်တို့က ဂမ်ဘာရီ အလုပ်မဖြစ်ဘူး၊ ကုလသမဂ္ဂ
အလုပ်မဖြစ်ဘူးလို့ ကဲ့ရဲ့နေရင်
နအဖ ပိုကြိုက်တာပေါ့။ ဘာကြောင့်လဲဆိုတော့ သူက
နားမထောင်ချင်တဲ့လူကို ကျနော်
တို့က ရှုတ်ချတယ်ဆိုရင် သူ့အတွက် အကျိုးဖြစ်တယ်။
တကယ်ကတော့ ဘယ်ပုဂ္ဂိုလ်
ဖြစ်ဖြစ် ကျနော်တို့က အပြည့်အ၀ အားပေးသင့်တယ်လို့
မြင်ပါတယ်။"
အခု
မစ္စတာဂမ်ဘာရီရဲ့ လှုပ်ရှားလုပ်ကိုင်တာတွေရော ဦးဟန်ယောင်ဝေတို့အနေနဲ့
သဘောကျပါသလား။
"လိုချင်တဲ့အတိုင်းတော့ မဖြစ်ပါဘူး။ ဒါကတော့ သိတဲ့အတိုင်း
ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီကနေပြီး အာဏာအပြည့်အ၀ မပေးထားဘူး၊ ဂမ်ဘာရီသွားလို့
လူတိုင်းက
ရှုတ်ချနေတယ်၊ သူသွားတဲ့ဟာ ဘာမှမအောင်မြင်ဘူးပြောရင် ကျနော်က
ဘာမြင်လဲ
ဆိုတော့ ဘန်ကီမွန်းကိုယ်တိုင် သွားမယ်ဆိုတဲ့နေရာမှာ တကယ်ရော သွားမှာလား၊
သူက စိတ်ပြောင်းသွားနိုင်ပါတယ်။"