ဂျော်ဂျီယာနိုင်ငံထဲက
ခွဲထွက်ဖို့ ကြိုးစားနေတဲ့ တောင်ပိုင်း အိုဇက်တီးယားနဲ့ အက်ဘ်ခါ
ဇီးယားဒေသတွေကို
လွတ်လပ်တဲ့ တိုင်းပြည်တွေအဖြစ် ရုရှားသမ္မတ ဒီမီထရီ မက်ဗီ
ဒက်ဘ် (Dmitri Medvedev) က
တရားဝင် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဒီဒေသ ၂
ခုကို လွတ်လပ်တဲ့တိုင်းပြည်တွေအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာ
ချက်ကို ရုရှားသမ္မတက
လက်မှတ်ထိုးလိုက်ပြီး သံတမန်ဆက်ဆံရေးနဲ့ တခြား ပူးပေါင်း
လုပ်ဆောင်မှုတွေ
စတင်ဖို့အတွက်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို အမိန့်
ထုတ်ပြန်လိုက်ပါတယ်။
ရုရှားရဲ့
ဒီဆုံးဖြတ်လုပ်ဆောင်ချက်ဟာ တရားဝင်ခြင်းမရှိဘူးလို့ ဂျော်ဂျီယာသမ္မတ
မစ်ခေးလ်
ဆာကတ်ရှ်ဗီလီ (Mikheil Saakashvili) က ရုပ်မြင်သံကြားကတဆင့်
ပြောကြားခဲ့ပါတယ်။
ဂျော်ဂျီယာဘက်က နိုင်ငံတကာအသိုင်းအဝိုင်းက ရပ်တည်နေတဲ့
အချက်ကိုလည်း သူ့ရဲ့မိန့်ခွန်းထဲမှာ
ထည့်သွင်းပြောကြားသွားပြီး ဂျော်ဂျီယာပြည်သူ
တွေအနေနဲ့ ရုရှားရဲ့ ကျူးကျော်လာမှုကို
ညီညီညွတ်ညွတ် တုံ့ပြန်ကြဖို့ ဆော်သြလိုက်
ပါတယ်။
ဒီဒေသ ၂
ခုကို လွတ်လပ်တဲ့တိုင်းပြည်တွေအဖြစ် ရုရှားအစိုးရက အခုလို တရားဝင်
အသိအမှတ်ပြုလိုက်တာဟာ သံတမန်နည်းလမ်းအရ လုပ်ဆောင်စရာကိစ္စတွေကို ပိုမို
တင်းမာလာစေတယ်လို့
အမေရိကန်သမ္မတ ဂျော့ချ်ဘုရှ် (George Bush) က ပြောပါ
တယ်။
ရုရှားရဲ့
အခုလုပ်ရပ်ဟာ ဂျော်ဂျီယာရဲ့ ကိုယ်ပိုင်နယ်မြေ အချုပ်အခြာ အာဏာတည်မြဲမှု
ကို
အသိအမှတ်ပြုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကိုက်ညီခြင်း
မရှိဘူးလို့လည်း
သမ္မတဘုရှ် မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါ
တယ်။ ရုရှားနိုင်ငံလည်း အဲဒီဆုံးဖြတ်ချက်တွေကို
မဲပေးခဲ့တာပဲလို့လည်း ဆိုပါတယ်။
ရောက်ရောက်ချင်း ပျက်စီးသွားမယ်လို့ အရှေ့အလယ်ပိုင်းဒေသကို ရောက်နေတဲ့
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice) ကလည်း ပြောပါတယ်။