သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူများကို အင်အားသုံးနှိမ်နင်းရန် ထိုင်းအစိုးရ အမိန့်ပေး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အစိုးရရုံးဝင်းထဲကနေ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေကိုဖယ်ရှားဖို့နဲ့ လိုအပ်ရင် အင်အားသုံးဖို့ ထိုင်းအစိုးရက ရဲတပ်ဖွဲ့ကို အမိန့်ပေးလိုက်ပါပြီ။

ဆန္ဒပြပွဲတွေ ဒီကနေ့အဆုံးသတ်ရမယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူကဆိုပြီး အကြမ်းဖက်မှုတွေဖြစ်လာရင် ပြင်းထန်တဲ့ ကိုင်တွယ်လုပ်ဆောင်မှုနဲ့ ရင်ဆိုင်ရမယ်လို့ပြောပါတယ်။
ဆန္ဒပြ ခေါင်းဆောင်ကိုးဦးကို ထိုင်းတရားရုံးတခုက ဖမ်းဝရမ်းထုတ်လိုက်ပြီးတဲ့နောက် ဆန္ဒပြသူတွေကိုဖယ်ရှားဖို့ အစိုးရရဲ့ ကြေညာချက်ထွက်ပေါ်လာတာပါ။

သူတို့ကိုးယောက်ဟာ မတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှု၊ အစိုးရကိုဖြုတ်ချဖို့ကြိုးစားမှုဆိုတဲ့ စွဲချက်တွေကို ရင်ဆိုင်ရမယ်လို့ တရားရုံး တာဝန်ရှိသူတွေကပြောပါတယ်။ ဖမ်းဝရမ်းထုတ်လိုက်တဲ့ထဲမှာ ဆန္ဒပြပွဲတွေကို အဓိကစည်းရုံးလုပ်ဆောင်တဲ့ ဒီမိုကရေစီရေး လူထုညွန့်ပေါင်းအဖွဲ့ PAD ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG