မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်း
စုကြည်ဟာ သူ ရသင့်ရထိုက်တဲ့ အခွင့်အရေး
တွေ မရရှိမခြင်း
ပြင်ပကလာပို့တဲ့ အစား
အသောက်တွေကို လက်မခံဘူးဆိုပြီး အရေးဆို
ထားတာ သီတင်းနှစ်ပတ်
ကျော်လာခဲ့ပြီးတဲ့
နောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်
မကင်းဖြစ်သံတွေ
ပိုပိုပြီး ကြားလာနေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးအခြေ
အနေနဲ့ ပတ်သက်ပြီး
ကိုကျော်ကျော်သိန်းက
စုစည်းတင်ပြပေးထားပါတယ်။
နောက်ဆုံးအခြေအနေကတော့
ဒေါ်အောင်ဆန်း
စုကြည်ဟာ ခုချိန်ထိ အစားအစာလက်ခံခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်
ဟာ
သူ့အတွက် အစားအစာတွေကို သြဂုတ်လ ၁၅ ရက်နေ့တုန်းက နောက်ဆုံးလက်ခံ
ခဲ့တာကြောင့်
အခုဆိုရင် သီတင်းနှစ်ပတ် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့
တိုက်ရိုက်အဆက်အသွယ် လုပ်ခွင့်မရတဲ့အတွက် သူ့မှာ
စားစရာ ဘယ်လောက်ကျန်သေးတယ် ဆိုတာကို
တိတိကျကျမသိရတဲ့အကြောင်း
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
ဗွီအိုအေကို ပြောပါတယ်။
"အဲဒီလိုပိတ်ထားတဲ့အတွက်
လျော့နည်းသွားမှာပေါ့ဗျာ။ ဒီအတွက် ကျနော်တို့က
အခြေအနေသိဖို့ တိုက်ရိုက်
ဆက်သွယ်မှုမရှိတဲ့အတွက် အရမ်းစိုးရိမ်ပါတယ်။"
ဒါကြောင့်မို့
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်၊ အဆက်အသွယ်လုပ်ခွင့်ရ
အောင်
ကြိုးစားနေတဲ့အကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
အစားအစာ လက်မခံဘူးဆိုတဲ့
သတင်းတွေနဲ့ တဆက်တည်းမှာ ဒေါ်အောင်ဆန်း
စုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေလည်း
ထွက်ပေါ်လာခဲ့ပေမယ့်
ဒီအပေါ် အန်န်အယ်လ်ဒီအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အခုလို
အစာလက်မခံဘဲ ငြင်းပယ်ထားရာမှာ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို
ထားတာတွေ
ရှိတယ်လို့တော့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
"ကျနော်သိတာက
သူ့ရဲ့ ကိုယ်ပိုင်ရှေ့နေ ဦးကြည်ဝင်းနဲ့တွေ့ဖို့၊ ဒါ သူ့တောင်းဆို
ချက်ထဲမှာပါတယ်။
နောက်တခုက ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို ဒေါ်အောင်ဆန်း
စုကြည်ကဲ့သို့
ကန့်သတ်ခံနေရတာတွေ ဖြေရှင်းပေးဖို့၊ နောက် သူ ရသင့်ရထိုက်တဲ့
အယူခံအခွင့်အရေး၊
ဒီဟာတော့ ကျနော်သိတယ်။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်
က ဦးကြည်ဝင်းနဲ့ ဆောင်ရွက်နေတယ်။"
အန်န်အယ်လ်ဒီ
ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာဖြစ်ပါတယ်။
အဲဒီလို တောင်းဆိုထားတာတွေ
ဆောင်ရွက်လို့ မပြီးမချင်း အစားအစာ ၀ယ်ယူပေးတာ
ကို လက်မခံဘူးလို့
ဒေါ်အောင်ဆန်းစုကြည်က ပြောထားကြောင်းလည်း ဦးဉာဏ်ဝင်း
က ပြောပါတယ်။
ရက်ပိုင်းမှာ သဘောထား ထုတ်ပြန်ကြေညာဖို့ ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက
ပြောပါတယ်။