သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ဘားရက် အိုဘားမားကို တရားဝင် ရွေးချယ်


၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ဒီမိုကရက်တစ် ပါတီက ဘားရက် အိုဘားမားကို ရွေးချယ် သတ်မှတ်လိုက်ပါပြီ။ အီလီနွိုင်းပြည်နယ် အထက်လွှတ်တော်အမတ် အိုဘားမားဟာ အမေရိကန် နိုင်ငံရေး ပါတီကြီး တခုက အာဖရိက နွယ်ဖွား အမေရိကန် နိုင်ငံသား တစ်ဦးအား ပထမဆုံး သမ္မတလောင်း အဖြစ် တရားဝင် ရွေးချယ်ခံရသူလည်း ဖြစ်လာပါပြီ။

ဒန်ဗာမြို့မှာ ကျင်းပနေတဲ့ ဒီမိုကရက်တစ်ပါတီ ညီလာခံ တတိယနေ့မှာ ပြည်နယ် ကိုယ်စားလှယ်များက အထက်လွှတ်တော် အမတ်များ ဖြစ်ကြတဲ့ အိုဘားမားနဲ့ ဟီလာရီ ကလင်တန်တို့ရဲ့ နာမည်များ အဆိုပြုချက်မှာ ပါရှိတဲ့အတိုင်း အသီးသီး မဲပေးခဲ့ကြပါတယ်။

ခန်းမတွင်းရှိ ကိုယ်စားလှယ်များက လက်ခုတ် သြဘာပေးကြပြီး မဲဆွယ်စဉ်က အိုဘားမားရဲ့ ကြွေးကြော်သံဖြစ်တဲ့ ဟုတ်တယ်၊ ကျွနု်ပ်တို့ တတ်နိုင်ပါတယ်လို့ အော်ဟစ်ကြပါတယ်။ သူနဲ့ အတူ ဒုတိယသမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ဒယ်လာဝဲလ် ပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုးဇက် ဘိုင်ဒန်ကလည်းပဲ သတ်မှတ်ချက်ကို လက်ခံကြောင်း မကြာမီ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ ဘားရက် အိုဘားမားကတော့ သမ္မတလောင်းအဖြစ် လက်ခံကြောင်း ပါတီညီလာခံသို့ မိန့်ကြားပါလိမ့်မယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG