မြန်မာစစ်အစိုးရဟာ အစိုးရတရပ်ရဲ့ အင်္ဂါရပ်နဲ့ မညီညွတ်လို့
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ
ကို ကိုယ်စားပြုခွင့်မပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကို
NCUB ခေါ် ပြည်ထောင်စုမြန်မာ
နိုင်ငံ အမျိုးသားကောင်စီက ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်ခင်
အခုလာမယ့်
စက်တင်ဘာလဆန်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ
တင်သွင်းတော့မှာဖြစ်ပါ
တယ်။
ဒီလှုပ်ရှားမှုကို NCGUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရက
လည်း
ထောက်ခံချက်ပေးသလို ပြည်ပရောက် မြန်မာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၃၀ ကျော်နဲ့
ဖွဲ့စည်းထားတဲ့ MPU ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က
လည်း
ထောက်ခံကြိုဆိုတဲ့အကြောင်း မနေ့ကပဲ ကြေညာချက်ထုတ်ပါတယ်။ ဒီလှုပ်ရှား
မှုဟာ ဘယ်လောက်
ထိရောက်နိုင်မယ့်ကိစ္စလဲ ဆိုတာနဲ့ပတ်သက်ပြီး MPU အဖွဲ့ရဲ့
အတွင်းရေးမှူး ဦးသိန်းဦးကို
ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ပြ
ပေးထားပါတယ်။
မြန်မာစစ်အစိုးရဟာ
အစိုးရတရပ်ရဲ့ အင်္ဂါရပ်နဲ့ မညီညွတ်တဲ့အတွက် ကုလသမဂ္ဂမှာ
ကိုယ်စားမပြုသင့်ဘူးဆိုတဲ့
ကိစ္စကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က
ဘာကြောင့်ထောက်ခံရသလဲဆိုတာ
အရင်ဆုံးရှင်းပြပေးပါ။
"အဓိကကတော့ စစ်အစိုးရဟာ လူထုကရွေးချယ်ထားတဲ့
အစိုးရမဟုတ်ဘူး။ နောက်
တခုက လူထုက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို
အာဏာလွှဲပြောင်းပေးခြင်း
မရှိဘဲ လူထုရဲ့အာဏာကို အတင်းအဓမ္မ ယူထားတဲ့ အစိုးရဖြစ်တယ်။
လူထုနဲ့ပတ်သက်
တဲ့ လုပ်ငန်းတွေမှာ၊ ဥပမာ နာဂစ်လေမုန်တိုင်းဒဏ်ခံရတဲ့ လူထုတွေနဲ့ပတ်သက်လို့
လုပ်ကိုင်ဆောင်ရွက်ပေးရမယ့် ကိစ္စတွေမှာ ပြည်ပနိုင်ငံတွေက အကူအညီပေးမယ့်
ကိစ္စတွေကို
လူထုဆီမရောက်အောင် တားဆီးနေတဲ့ ကိစ္စမျိုးတွေ၊ ဒါကြောင့် လူထုရဲ့
စစ်မှန်တဲ့
ကိုယ်စားလှယ်မဟုတ်တဲ့ စစ်အစိုးရကို ကုလသမဂ္ဂမှာ နေရာမပေးသင့်ဘူး။
ရှိထားတဲ့နေရာကနေ
ဖယ်ရှားပေးဖို့ဆိုတဲ့ကိစ္စကို အတိုက်အခံများဘက်က ဒီနှစ် ကုလ
သမဂ္ဂမှာ တင်သွင်းပြီး
ဆောင်ရွက်မယ့်အနေအထားမျိုး ရှိပါတယ်။
"ဒါကြောင့် ဒီလိုလုပ်ခြင်းဟာ အင်မတန်
မှန်ကန်တဲ့ကိစ္စဖြစ်တယ်၊ နအဖစစ်အစိုးရရဲ့
လက်ရှိ ရှိနေတဲ့အနေအထားကို
တိုက်ရိုက်ဝေဖန်ပြီး တိုက်ခိုက်တာဖြစ်တယ်။ ဒါကြောင့်
ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များအဖွဲ့က အဲဒီလို လုပ်ကိုင်ဆောင်ရွက်တာ
မှန်သမျှကို
ထောက်ခံတဲ့အကြောင်း ကြေညာချက်ထုတ်တာ ဖြစ်ပါတယ်။"
ကုလသမဂ္ဂနေရာကနေ
ဖယ်ပေးသင့်တယ်ဆိုတဲ့ လှုပ်ရှားမှုဟာ ဘယ်လောက်ထိ
ဖြစ်နိုင်ချေရှိပါသလဲ။
တချို့တွေကတော့ ဒါဟာ ဖြစ်ဖို့ အင်မတန်ခဲယဉ်းတယ်၊ မဖြစ်နိုင်
တာကို လုပ်နေတယ်ဆိုတဲ့
ဝေဖန်ချက်တချို့လည်း ကြားရတော့ ဒါ ဘယ်လောက်အထိ
ဖြစ်နိုင်မယ်လို့ ဦးသိန်းဦးတို့
တွက်ပါသလဲ။
"ဖြစ်ဖို့ အင်မတန်ခဲယဉ်းတယ်ဆိုတာ မှန်ပါတယ်။
ကျနော်တို့လည်း ဒါကိုမြင်ပါတယ်၊
လက်ခံပါတယ်။ ဒါပေမယ့် ဖြစ်ဖို့ခဲယဉ်းပေမယ့်
တကယ့်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ
ဖြစ်တဲ့အတွက် ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့
ဆုံးဖြတ်ချက်နဲ့ လုပ်ကြတာဖြစ်ပါတယ်
မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြီးတော့
ဒီ့ထက်ခက်ခဲတဲ့ အခက်အခဲတွေ လာဦးမှာဖြစ်ပါ
တယ်။
"၂၀၁၀ ရွေးကောက်ပွဲကိုလည်း သူတို့ ကြိုပြီးတော့
ခေါ်ထားပါပြီ။ ခေါ်ထားတဲ့အတွက်
ဒီရွေးကောက်ပွဲကလည်း တနည်းအားဖြင့် လူထုကို
အတင်းအကျပ်ဖိနှိပ်ပြီး သူတို့လိုချင်
တဲ့ပုံစံ လုပ်သွားမှာဖြစ်ပါတယ်။ လူထုက
ကန့်ကွက်တဲ့ကိစ္စ မှန်သမျှကိုလည်း အတင်း
အကျပ် ဖိနှိပ်မှာဖြစ်ပါတယ်။ ဒါကြောင့်
အဲဒီလိုဖိနှိပ်လာမှာကို မြင်တဲ့အတွက် ကြိုပြီး
တင်ထားတာ ဖြစ်ပါတယ်။
အဲဒီလိုတင်ထားတဲ့အတွက် ဒီဟာက အင်မတန် ခက်ခဲပေ
မယ့်လည်း မကြာခင်ကာလမှာ ဖြစ်တော့မယ့်
တကယ့် အခက်အခဲကြီးမှာ လူထုနဲ့
အစိုးရကြားမှာ ဆန့်ကျင်ဘက်အနေအထားတွေ ပေါ်ပေါက်လာမှာ
ဖြစ်ပါတယ်။
"အဲဒီလိုအနေအထားတွေ ရောက်ရင် လူထုရဲ့ကိုယ်စား
အရန်သင့်ဖြစ်နေဖို့အတွက်
တင်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်တင်တာဟာ နအဖကို
ပထမဆုံးအကြိမ်
ပွင့်ပွင့်လင်းလင်းနဲ့ စိန်ခေါ်တဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။
အဲဒီတိုက်ပွဲဟာ လူထုအရှိန် မြင့်လာ
တာနဲ့အမျှ အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့်
အဲဒီတိုက်ပွဲ အောင်မြင်ဖို့၊ မအောင်မြင်
ဖို့ဆိုတာ အထဲမှာရှိတဲ့
လူထုရဲ့တိုက်ပွဲအရှိန် ဘယ်လောက်ထိ မြင့်မလဲဆိုတဲ့အပေါ်မှာ
မူတည်တာဖြစ်ပါတယ်။"
မြန်မာစစ်အစိုးရဟာ
တရားမ၀င် အုပ်ချုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့ကိစ္စက
လွန်ခဲ့တဲ့ အနှစ် ၂၀
လောက်က ရှိလာခဲ့တာဆိုပေမယ့် အခုလိုမျိုး ကုလသမဂ္ဂနေရာက
ဖယ်ရှားဖို့ကိစ္စကို
အခုမှလုပ်ရတာ ဘယ်လိုအခြေအနေတွေ ရှိလို့ပါလဲ။
"အဓိကကတော့ သူတို့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို
ဖျက်တော့မှာဖြစ်ပါ
တယ်။ ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး သူတို့ရဲ့အာဏာကို
တရားဝင်ဖြစ်အောင် လုပ်မယ့်
အနေအထားမျိုး ဖြစ်ပါတယ်။ အဲဒါက လာမယ့်
တနှစ်ကျော်ကာလအတွင်းမှာ ဖြစ်တော့
မယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဟာကို
မြင်တဲ့အတွက် အခုအချိန်ဟာ အင်မတန်မှ
လုပ်သင့်လုပ်ထိုက်တဲ့အချိန် ဖြစ်တယ်။
"၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားတဲ့၊
လူထုရဲ့ Mandate ကို ရရှိထားတဲ့
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒီကိစ္စမှာ
ဦးဆောင်ဦးရွက်ပြုပြီး
ဆောင်ရွက်ရမယ်လို့ မြင်တဲ့အတွက် ဒီနှစ် ကုလသမဂ္ဂမှာ စတင် တင်သွင်းဖို့အတွက်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ထောက်ခံတယ်ဆိုတဲ့အကြောင်း
ဆောင်ရွက်တာဖြစ်ပါတယ်။"
MPU အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးသိန်းဦး
ရှင်းပြသွားတာ ဖြစ်ပါတယ်။