နေအိမ်အကျယ်ချုပ် ချခံထားရတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ဟာ သူ့ကို အစားအစာ ပုံမှန်လာပို့တာတွေကို
လက်မခံတော့တာကြောင့် အစာ
ငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းတွေ
ထွက်ပေါ်နေပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေအပေါ်
စိုးရိမ်ပူပန်မိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ
ပြန်လွှတ်ပေးဖို့ လိုလားကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။ အကြောင်းစုံကို
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
နေအိမ်အကျယ်ချုပ် ခံထားရတဲ့
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေတယ်
ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ အတည်ပြုဖို့
အတော်လေးကို ခက်နေပါတယ်။ ဒီသတင်း
နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့
စိုးရိမ်ပူပန်မိတဲ့အကြောင်း အမေ
ရိကန်နိုင်ငံခြားရေးဌာန လက်ထောက်ပြောခွင့်ရသူ
ရောဘတ် ၀ုဒ်က မနေ့က နိုင်ငံခြား
ရေးဌာန သတင်းစာရှင်းလင်းပွဲမှာ အခုလို
ပြောသွားပါတယ်။
"ဒါနဲ့ပတ်သက်လို့ ကျနော်တို့ အတော်လေး
စိုးရိမ်ပူပန်မိပါတယ်။ ဒေါ်အောင်ဆန်း
စုကြည်အနေနဲ့ အစားအစာ လာပို့တာတွေကို
လက်မခံတော့ဘူးဆိုတဲ့ သတင်းတွေ
လည်း ရပါတယ်။ ဒါပေမယ့် ပြဿနာတခုကတော့ သူက
နေအိမ်အကျယ်ချုပ် ခံထားရ
တဲ့အတွက် ဒီသတင်းကို အတည်ပြုဖို့ မလွယ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်
အကျယ်ချုပ်ချထားတာ ပြန်ရုပ်သိမ်းတာ ကျနော်တို့
မြင်ချင်ပါတယ်။
"ဒါ့အပြင် မြန်မာနိုင်ငံက
အခြားနိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်လာတာကို
လည်း မြင်လိုပါတယ်။ ဒီအတွက်လည်း
မြန်မာစစ်အစိုးရကို ကျနော်တို့ ဆက်ပြီး
တောင်းဆိုသွားမှာပါ။ အခုကိစ္စမှာ
အခက်အခဲဆုံးကတော့ သတင်းကို အတည်ပြုလို့
မရတာပါ။ ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ ပတ်သက်လို့ကတော့
ကျနော်တို့
စိုးရိမ်ပူပန်နေရပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်
မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ မြန်မာနိုင်ငံကို
လာရောက်စဉ်မှာ တွေ့ဆုံဖို့ ငြင်းဆန်
ခဲ့ပါတယ်။ ဒီအတွက်လည်း ဘာကြောင့်ဆိုတာ
ရှင်းရှင်းလင်းလင်း မသိရပေမယ့်
အတိုက်အခံ လှုပ်ရှားသူတွေကတော့ မစ္စတာဂမ်ဘာရီရဲ့
ဆောင်ရွက်ချက်တွေအပေါ်
ဒေါ်အောင်ဆန်းစုကြည်က သဘောမကျ၊ လက်မခံလို့ဖြစ်တယ်လို့
ဆိုကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်အပေါ်မှာ
မြန်မာ
စစ်အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုခဲ့တယ်လို့ မနေ့ကဘဲ
နိုင်ငံခြားရေး
ဌာန လက်ထောက်ပြောခွင့်ရသူ ရောဘတ်ဝုဒ်က ကြေညာချက် ထုတ်ပြန်သွားပါ
တယ်။
မြန်မာအစိုးရကတော့ သူတို့အနေနဲ့ မစ္စတာဂမ်ဘာရီကို
အပြည့်အ၀ ပူးပေါင်း
ဆောင်ရွက်ခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီကို တွေ့ဆုံဖို့
ငြင်းပယ်
ခဲ့တာတောင် သူတို့ဘက်က တွေ့နိုင်ဖို့ အစွမ်းကုန်ကူညီခဲ့တယ်လို့
သတင်းထုတ်ပြန်
ထားတာပါ။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာတော့
မြန်မာအစိုးရ
ဘက်က ဂမ်ဘာရီကို ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အချက်ကို
ထောက်ပြရာမှာ
တော့ နိုင်ငံတကာက တောင်းဆိုချက်တွေကို မလိုက်လျောခဲ့တာဖြစ်တယ်လို့
ဒီကြေညာချက်ကို နိုင်ငံခြားရေးဌာန အရာရှိတဦးက အခုလိုဖတ်ပြပါတယ်။
"မြန်မာနိုင်ငံမှာ
နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ တိုးတက်မှုတွေ ရလာစေဖို့ ကုလသမဂ္ဂ
အထူးကိုယ်စားလှယ်
မစ္စတာဂမ်ဘာရီရဲ့ ကြိုးပမ်းမှုတွေကို မြန်မာအစိုးရဘက်က
ပူးပေါင်းဆောင်ရွက်ဖို့
ပျက်ကွက်ခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေ
နဲ့ အထူးစိတ်ပျက်ရပါတယ်။
"မြန်မာအစိုးရက ကတိပေးထားတဲ့အတိုင်း
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်
ဆိုတာကို လျစ်လျူရှုပြီး မြန်မာနိုင်ငံမှာ
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့နဲ့
ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လူနည်းစုခေါင်းဆောင်တွေနဲ့
အချိန်
သတ်သတ်မှတ်မှတ် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ အာဆီယံ
အရှေ့တောင်အာရှနိုင်ငံ
များအသင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့က
တောင်းဆိုနေတာကိုလည်း
ငြင်းပယ်ခဲ့ပါတယ်။"
အမေရိကန် နိုင်ငံခြားရေးဌာနရဲ့
ထုတ်ပြန်ချက်ကို နိုင်ငံခြားရေးဌာန အရာရှိတဦး
ဖတ်ပြသွားတာပါ။
တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဂမ်ဘာရီဟာ အခု စနေနေ့မှာတော့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ တူရင်မြို့မှာတွေ့ပြီး သူ့ခရီးစဉ်ကိစ္စ
အစီရင်ခံဖို့ရှိပါတယ်။ ဒီနောက်ပိုင်းတော့ ကုလသမဂ္ဂဘက်က မစ္စတာဂမ်ဘာရီခရီးစဉ်
အသေးစိတ် တရားဝင်ထုတ်ပြန်လိမ့်မယ်လို့တော့ မျှော်လင့်ရပါတယ်။