သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများ တန်းတူအခွင့်အရေး နဲ့ မဲပေးခွင့် ရရှိခဲ့တဲ့နေ့ နှစ်ပတ်လည်


အမျိုးသမီးများ မဲပေးခွင့် ရရှိခဲ့တဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့ သြဂုတ်လ ၂၆ ရက်နေ့ နှစ်ပတ်လည်မှာ နယူရော့ပြည်နယ် အထက်လွှတ်တော်အမတ် ဟေလရီ ကလင်တန် (Hillary Clinton) က ဒီမိုကရက်တစ်ပါတီ ပြည်လုံးကျွတ် ညီလာခံ မိန်းခွန်းမှာ ပြောကြားခဲ့ပါတယ်။

"ကျမအနေနဲ့ အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်အမတ် အခုလို ဖြစ်လာရတာ ၁၈၄၈ ခုနှစ်မှာ ရဲရင့်တဲ့ အမျိုးသမီးတစု နဲ့ သတ္တိရှိတဲ့ အမျိုးသားတချို့ တို့က နယူရော့ပြည်နယ် စီနီကဖော် (Seneca Falls, New York) မှာ ကျမတို့ သမိုင်းမှာ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ပထမဦးဆုံး ညီလာခံမှာ ပါဝင်တက်ရောက် နိုင်ကြဖို့ နေပေါင်း ညပေါင်းများစွာ ခရီးထွက်ခဲ့ကြတာ ဖြစ်တယ်" လို့ အမျိုးသမီးများ မဲပေးပိုင်ခွင့် ကြိုးပမ်းခဲ့ကြပုံကို သြဂုတ်လ ၂၆ ဒီမိုကရက်တစ် ပြည်လုံးကျွတ် ညီလာခံမှာ ပြောကြားသွားခဲ့ပါတယ်။

"မဲပေးပိုင်ခွင့် ရကြဖို့ ရုန်းကန်ခဲ့ကြတာ နှစ်ပေါင်း ၇၂ နှစ် ကြာမြင့်ခဲ့ပါတယ်။ ဒီလို ရုန်းကန်မှုကို အမေ က တဆင့် သမီး၊ သမီး က တဆင့် မြေးတွေ သားတွေ အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့တာပါ" လို့ ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးတွေ ရဲ့ အမျိုးသမီးများ အခွင့်အရေး ရရှိမှုကို ကြိုးပမ်းခဲ့တဲ့ အမျိုးသမီး ခေါင်းဆောင်များ အကြောင်း နဲ့ သမိုင်းဆိုင်ရာ အချက်အလက်များ၊ လွတ်တော်အမတ် ဟေလရီ ကလင်တန် ရဲ့ ပြောဆို ကောက်နုတ်ချက်များ ကို ဒေါ်လှလှသန်း က အမျိုးသမီးကဏ္ဍမှ တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG