သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီဟာနယ် ရေဘေး ကယ်ဆယ်ရေး အိန္ဒိယအစိုးရ အပူတပြင်း ဆောင်ရွက်


အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် ဘယ်မှ သွားလာလို့ မရဘဲ ပိတ်မိနေသူ ထောင်သောင်းချီကို ရှာဖွေကယ်ဆယ်ဖို့ အာဏာပိုင်တွေ အပြင်းအထန် ကြိုးစားနေကြပါတယ်။ ဘီဟာ ပြည်နယ်မှာ ရေကြီးလို့ ဒုက္ခရောက်သူတွေ ကို လိုက်လံ ရှာဖွေတဲ့ သင်္ဘော မှောက်သွားခဲ့လို့လည်း သေဆုံးသူ အရေအတွက် က အယောက် ၈၀ ကျော်သွားခဲ့ပါပြီ။

ရေဘေးဒုက္ခသည်တွေမှာ စားစရာမရှိ၊ နေစရာ မရှိ ရေသန့်လည်း လုံလုံလောက်လောက် မရရှိတာကြောင့် သေဆုံးသူ အရေအတွက် ဒီလောက်မကဘူး၊ ဒီထက် အများကြီး ပိုလာလိမ့်မယ်လို့ ကူညီကယ်ဆယ်ရေး လုပ်သားတွေ က ပြောပါတယ်။

ဘီဟာ ပြည်နယ် က ကိုစီ မြစ် အရင်တပတ်က ရေလွှမ်းမိုးတာကြောင့် လူပေါင်း ၂ သန်းကျော် ထိခိုက်နစ်နာ ရပါတယ်။ ရေဘေးကြောင့် ဘီဟာ ပြည်နယ် က ကျေးရွာပေါင်း ၁,၀၀၀ ကျော် က ကျေးရွာတွေလည်း ထိခိုက်ခဲ့ရပြီးတော့ အိမ်ပေါင်း ၂ သိန်းခွဲလောက် ပျက်ဆီးသွားရတယ် လို့ ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ ရံပုံငွေအဖွဲ့ ယူနီဆပ် (UNICEF) က ပြောပါတယ်။

ဘီဟာပြည်နယ် က ရေလွှမ်းမိုးမှုကြောင့် လမ်းတွေ ပျက်ဆီးခဲ့ရပြီးတော့ ရေသန့်လည်း မရတော့သလို လျှပ်စစ်မီးလည်း ပျက်တောက်သွားရတာကြောင့် ရေဘေးဒုက္ခသည်တွေ လပေါင်းများစွာ နေရပ်ရင်းကို ပြန်လာလို့ ရအုံးမှာ မဟုတ်ဘူးလို့လည် ယူနီဆပ် က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG