မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ကထက်စာရင်
ပိန်သွားပေမယ့် ကျန်းမာရေးကောင်းမွန်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့
သွားရောက်တွေ့ဆုံခဲ့တဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။ ဒါပေမယ့်
ဒေါ်အောင်ဆန်းစုကြည်
အစာငတ်ခံ ဆန္ဒပြတယ်၊ မပြဘူး ဆိုတာကိုတော့ သဘောထား
တစုံတရာ မပြောခဲ့ပါဘူး။
အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ရှေ့နေကြီး ဦးကြည်ဝင်းဟာ ဒီနေ့ ဒေါ်အောင်ဆန်းကြည်ရဲ့နေအိမ်မှာ
ဒေါ်အောင်ဆန်း
စုကြည်နဲ့ မိနစ် ၃၀ လောက် တွေ့ခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်
အကျယ်ချုပ် သက်တမ်းတိုးတာနဲ့ ပတ်သက်ပြီး အယူခံဝင်ရေး ပြင်ဆင်ထားတာတွေကို
ရှေ့နေကြီး ဦးကြည်ဝင်းဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့
သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုံမှန်လက်ခံနေကျ အစားအသောက်တွေကို
လက်မခံ
တော့တာ ရက်အတော်ကြာသွားပြီ ဖြစ်တဲ့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကျန်းမာရေးအတွက် ဒီမိုကရေစီ အင်အားစုတွေက စိုးရိမ်နေကြပါတယ်။
ဦးကြည်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က နေထိုင်ကောင်းတဲ့အကြောင်း
ပြောဆိုခဲ့ပေမယ့် နည်းနည်းပင်ပန်းနေတဲ့အတွက် အနားယူချင်တယ်လို့လည်း
ပြောဆို
ခဲ့တဲ့အကြောင်း သတင်းထောက်တွေကို ပြန်ပြောပြပါတယ်။ အခုအချိန်အထိတော့
ရှေ့နေကြီး ဦးကြည်ဝင်းနဲ့ အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းတို့ကို
ဗွီအိုအေက ဆက်သွယ်လို့မရသေးပါဘူး။ အန်န်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင်
ဒေါက်တာဝင်းနိုင်ကတော့ ဒီနေ့ ရှေ့နေကြီး ဦးကြည်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့
တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုပြောပြပါတယ်။
"ဒီနေ့တွေ့တဲ့အခြေအနေကတော့ ကျနော်တို့သိသလောက် မနက်ပိုင်း ရှေ့နေကြီး
ဦးကြည်ဝင်း ဒေါ်အောင်ဆန်းစုကြည်ခြံထဲ ဝင်တယ်လို့ သိရပါတယ်။ သူ ၁၀ နာရီခွဲ
လောက်မှာ
ပြန်ထွက်လာတယ်။ သွားတဲ့ကိစ္စကတော့ သူ့အမှုကိစ္စအတွက် အယူခံတင်ဖို့
ကိစ္စလို့ ကျနော်တို့
သိထားရတယ်။ ဒေါ်စုရဲ့ ကျန်းမာရေးအခြေအနေက အခုလို ကျနော်
တို့လည်း ကြားထားရတာ
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတော့
အခု ကြားထားတဲ့သတင်းအရ ရှေ့နေကြီး
ဦးကြည်ဝင်း တွေ့တဲ့အခါမှာ အတော်ကြီးကို
ပိန်သွားတယ်ဆိုတော့ လူအနေနဲ့
ကျန်းမာပေမယ့်လို့ ဦးကြည်ဝင်းရှေ့မှာ စကား
ပြောနိုင်ပေမယ့်၊ ကျန်းမာတယ်ဆိုတဲ့ပုံစံ
ရှိတယ်ဆိုပေမယ့် သူ့အနေအထားက နဂို
ထက်စာရင် ပိန်သွားတယ်ဆိုတော့ ကျန်းမာရေး
အနည်းနဲ့အများ ချို့ယွင်းနေတယ်
ဆိုတဲ့ လက္ခဏာ ပြနေတယ်။
"အဲတော့ သူ အစားအသောက်စားတယ်၊ မစားဘူး၊ စားရတယ်၊ မစားရဘူးဆိုတာလည်း
ကျနော်တို့ မသိရဘူး။ ခြံထဲကို အခုထက်ထိတော့ ရိက္ခာတွေသွင်းဖို့ တားထားတယ်လို့
ကျနော်တို့ ကြားရတယ်။ တားတယ်ဆိုတာ ကျနော်တို့သိရတဲ့သတင်းပေါ့။
ကျနော်တို့
အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို အထူးပဲစိုးရိမ်တယ်။"
ဒေါက်တာဝင်းနိုင် ပြောပြသွားတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်က အစားအသောက်တွေကို လက်မခံတာက
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရရဲ့ ကန့်သတ်ပိတ်ပင်မှုတွေ၊ သူ့ကို
စောင့်ရှောက်နေသူတွေအပေါ် လူမှုရေးအရ ကန့်သတ်မှုတွေနဲ့ တားမြစ်မှုတွေ၊ ဒီလို
အခွင့်အရေး ဆုံးရှုံးနေတဲ့ အခြေအနေတွေကို ဆန့်ကျင်ပြီး အခုလို လက်မခံတော့တာ
လို့ အန်န်အယ်လ်ဒီ
သတင်းရပ်ကွက်က ပြောပါတယ်။ ဒါပေမယ့် အခုအချိန်အထိ
ဒေါ်အောင်ဆန်းစုကြည်ရဲ့
အခွင့်အရေးတွေ ရမရဆိုတာကိုလည်း အတိအကျတော့
မသိရသေးပါဘူး။ ဒေါက်တာဝင်းနိုင်ကတော့ …
"နောက်တချက်က သူပြောထားတဲ့ သူ့ရဲ့ လူမှုရေးနဲ့ပတ်သက်တဲ့
တောင်းဆိုချက်တွေ
ကလည်း ရတယ်၊ မရဘူး အခုအချိန်ထိတော့ တစုံတရာ မသိရသေးပါဘူး။"
အန်န်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင် ပြောပြသွားတာ
ဖြစ်ပါတယ်။
ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ မသိရသေးပါဘူး။ ဒီနေ့တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး
ဦးကြည်ဝင်းကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သဘောထားတစုံတရာပေးဖို့ ငြင်းဆိုတယ်
လို့ သိရပါတယ်။