ဂျော်ဂျီယာပြဿနာနဲ့
ပတ်သက်ပြီး အီးယူ ဥရောပသမဂ္ဂက ရုရှားနိုင်ငံနဲ့ မိတ်ဖက်
အဖြစ် ဆက်ဆံရေးတွေကို
ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ရုရှားအစိုးရဘက်က
တုံ့ပြန် ဝေဖန်လိုက်ပါတယ်။
ဒါပေမယ့်လည်း
ဂျော်ဂျီယာအပေါ် စစ်ဆင်ခဲ့တဲ့အတွက် ရုရှားအပေါ် ချက်ချင်း ပြစ်ဒဏ်
တွေ ချမှတ်ဖို့နဲ့
တခြား ပိတ်ဆို့အရေးယူမှုတွေ မလုပ်ဖို့ အီးယူနိုင်ငံ အများစုက
ဆုံးဖြတ်လိုက်တဲ့အပေါ်
ရုရှားနိုင်ငံခြားရေးဌာနက ချီးကျူးတဲ့အကြောင်း ကြေညာချက်
တစောင် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အီးယူနိုင်ငံတွေအနေနဲ့
ပြဿနာအပေါ် တာဝန်သိတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ဆောင်ရွက်ခဲ့
တယ်၊ အပြန်အလှန်
ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရေးကြီးမှုကို ကောင်းကောင်း
သဘောပေါက် နားလည်ကြတယ်ဆိုပြီး
ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ
ဖော်ပြလိုက်တာပါ။
သွားမယ်လို့ သတိပေးပြောဆိုထားတာလည်း ဖြစ်ပါတယ်။ ဒါဟာဆိုရင် ဥရောပက
လောင်စာတင်ပို့မှုနဲ့ ပတ်သက်လို့ ရုရှားနိုင်ငံအပေါ် အကြီးအကျယ် မှီခိုနေရတာကို
သတိပေးလိုက်တာပဲလို့လည်း ဆန်းစစ်သူတွေက ဆိုကြပါတယ်။