မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းတွေကို ပြေလည်စေရေး
သံဃာတော်တွေက
လမ်းမထွက်ပြီး မေတ္တာပို့ ကြွချီခဲ့ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ အခုဆို
တနှစ်
ပြည့်လာပါပြီ။ အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ အရှင်ဂမ္ဘီရ အပါအ၀င်
သံဃာတော်တချို့
ကို အာဏာပိုင်တွေက ဖမ်းဆီးထားခဲ့ပြီး သင်္ကန်းကိုလည်း
ဝတ်ခွင့်မပြုတဲ့အတွက်
သံဃာတော်တွေလောကမှာရော၊ ရှေ့နေလောကမှာပါ ဝေဖန်မှုတွေ
ပေါ်ထွက်နေပါ
တယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ရဲ့ မနေ့ကထုတ်ပြန်ချက်ထဲမှာတော့
၁၉၈၈
ခုနှစ်ကနေ ဒီကနေ့အထိ သံဃာတော်အပါး ၇၀၀ ကျော်ကို မြန်မာစစ်အစိုးရက
ဖမ်းဆီးခဲ့ပြီး
အဲဒီအထဲက သံဃာတော် ၁၉ ပါးဟာ ထောင်တွေနဲ့ ရဲဘက်စခန်းတွေမှာ
ပျံလွန်တော်မူခဲ့ရတယ်၊
အခုလည်း အဖမ်းအဆီးခံနေရတဲ့ သံဃာတော်တွေကို အကျဉ်း
ထောင်ဥပဒေတွေအတိုင်း ဧကသီ ၂ ထည်နဲ့
သင်းပိုင် ၃ ထည် ပေးရမယ့်အစား
လူဝတ်လဲပြီး ရုံးထုတ်စစ်ဆေးနေတာတွေဟာ တရားဥပဒေစိုးမိုးရေးကို
ဖျက်ဆီးနေတာ
ပဲလို့ ဆိုထားပါတယ်။
သံဃာတော်တွေကို လူဝတ်လဲပြီး ရုံးထုတ်တာကို မလုပ်ဖို့
အဖမ်းဆီးခံနေရတဲ့ သံဃာ့
တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရရဲ့ တောင်းဆိုချက်ကို အခု
စက်တင်ဘာလ ၁ ရက်
နေ့ကပဲ ရှေ့နေဦးအောင်သိန်းက တရားရုံးမှာ လျှောက်လဲချက်
ပေးခဲ့ပါတယ်။ ဒါပေမယ့်
တရားရုံးက ပယ်ချခဲ့တဲ့အကြောင်း ရှေ့နေ ဦးအောင်သိန်းက ဗွီအိုအေကို
ရှင်းပြထားပါ
တယ်။
"မေတ္တာသုတ်ရွတ်တဲ့ သံဃာတွေကို
ပြစ်မှုကျူးလွန်တယ်ဆိုပြီး အခုလို အရေးယူ
ဆောင်ရွက်မယ်ဆိုရင် တစ်အချက် သူ့ကို
သင်္ကန်းချွတ်ရတဲ့ကိစ္စက ပေါ်ပေါက်လာတယ်။
အဲဒီသင်္ကန်းကို ဘယ်ဥပဇ္ဈာယ်ဆရာတော်နဲ့
ဘယ်သံဃာ့နာယက အဖွဲ့အစည်းအပေါ်မှာ
ဘယ်လိုအကြောင်းပြုပြီး ချွတ်မှာလဲ။ ဒီဟာကို
တယောက်နဲ့တယောက် ပေါ်ပေါ်
လွင်လွင်၊ ရှင်းရှင်းလင်းလင်း ကြားနာဖို့ အခွင့်အလမ်းတော့
ပေးဖို့ကောင်းတယ်။
"သံဃာ့ဝိနည်းနဲ့အညီ၊ သံဃာ့စည်းမျဉ်းစည်းကမ်းနဲ့အညီ
လူဝတ်လဲရမှာ။ လူဝတ်
လဲတာက ပါရာဇိကကံမြောက်လို့ လူဝတ်လဲတာလား၊ သူ့သဘော သူ့ဆန္ဒအရ
လူဝတ်
လဲတာကို ပြုလုပ်တာလား၊ သံဃာ့အဖွဲ့အစည်း တစုံတရာရဲ့ ဆုံးဖြတ်ချက်မရှိဘဲနဲ့
ဆောင်ရွက်ထားတဲ့အတွက် ဒီတရားရုံးက အမှုဆက်လက်ကြားနာစစ်ဆေးမှု
ဆိုင်းငံ့
ထားသင့်တယ်ဆိုတာကို လျှောက်ထားခဲ့တာပါ။
"တရားသူကြီးက ၁၀ မိနစ်နေတော့ အမိန့်တရပ်ချတယ်။
နိုင်ငံတော်ကနေ တရားလို
လုပ်ပြီးစွဲတဲ့ မှုခင်းကိစ္စဖြစ်တဲ့အတွက် မှုခင်းဆိုင်ရာကို
ဆိုင်းငံ့မထားဘဲ ဆက်လက်
စစ်ဆေးသွားမယ်ဖြစ်ကြောင်း ဒီကလျှောက်တဲ့ဟာကို ပယ်တယ်ဆိုပြီး
အမိန့်ချတာ
ပေါ့။"
ရန်ကုန်မြို့က ရှေ့နေဦးအောင်သိန်း ပြောခဲ့တာပါ။
အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း
လော့စ်အိန်ဂျလိစ်မြို့မှာ သီတင်းသုံးနေတဲ့ အရှင်
ဂုနိသရကလည်း
သာသနာထွန်းကားတဲ့တိုင်းပြည်မှာ အခုလို သံဃာတော်တွေကို
လူဝတ်လဲပြီး ရုံးထုတ်တာဟာ
မဖြစ်သင့်တဲ့ကိစ္စလို့ မိန့်ကြားပါတယ်။
"ရဟန်းဟာ ရဟန်းသိက္ခာရှိတယ်။ ရဟန်းသိက္ခာ
ကိုယ်၌တည်သရွေ့ ရဟန်းဟာ
သင်္ကန်းဆိုတာ ရှိရမယ်။ သင်္ကန်းဆိုတာ ရဟန်းရဲ့ မြင့်မြတ်တဲ့
ပရိက္ခရာ တခုပါပဲ။ ဘုရား
ကိုယ်တိုင် သတ်မှတ်ခဲ့တာပါ။ ရဟန်းကို ရဟန်းရဲ့
အသုံးအဆောင်ဖြစ်တဲ့ သင်္ကန်းပရိက္ခ
ရာနဲ့ မထုတ်ဘဲနဲ့ ရဟန်းနဲ့မတန်တဲ့၊ မသင့်လျော်တဲ့
လူအ၀တ်အစားတွေနဲ့ ထုတ်မယ်
ဆိုရင် လုံးဝမသင့်လျော်ပါဘူး။ သာသနာတော် ထွန်းကားတဲ့
တိုင်းပြည်မှာ ဒီလို လုံးဝ
မလုပ်သင့်ပါဘူး။"
တကယ်တမ်းတော့ ဘယ်လိုပဲ အာဏာသုံးပြီး လူဝတ်လဲလဲ
ရဟန်းကိုယ်တိုင်က သိက္ခာ
မချရင် ရဟန်းဘ၀ မပျက်ပြယ်ဘူး၊ ဒီလိုလုပ်ခြင်းဟာ သာသနာတော်ကို
စော်ကားတာ
ပဲဖြစ်တယ်လို့ အရှင်ဂုနိသရက မိန့်ပါတယ်။
"ရဟန်းအဖြစ်ကနေ သိက္ခာချဖို့ဆိုတာ အချက် ၆
ချက်ရှိပါတယ်။ စိတ် ခေတ် ကာလ
ပရောဂါပေါ့။ နံပါတ်တစ်ကတော့ စိတ်ပါပဲ။ အဓိက
လူထွက်ချင်တဲ့စိတ် လုံးဝမရှိရင်
သိက္ခာချလို့ မရပါဘူး။ ဘယ်လောက်ပဲ အင်အားသုံး၊
အာဏာသုံးပြီးလုပ်လုပ်၊ လူဝတ်
တွေ လဲနေ လဲနေ ရဟန်းက ရဟန်းပါပဲ၊ လူဖြစ်မသွားပါဘူး။
"ဆရာတော် ဦးသုမင်္ဂလ မြစ်ကြီးနားထောင်ထဲမှာ ရှိစဉ်တုန်းက
သူတို့ သိက္ခာချတာတွေ
ဘာတွေလဲ မလုပ်ဘူး။ ထောင်ထဲမှာ သင်္ကန်းမ၀တ်သည့်တိုင်အောင်
သင်္ကန်းလိုအ၀တ်
အစားမျိုး၊ အရောင်မျိုး ဒကာ၊ ဒကာမတွေက လာလှူတာကို စစ်အစိုးရက
ဘာမှမပြော
ဘဲ ဒီအတိုင်း လက်ခံထားပါတယ်။ ဦးသုမင်္ဂလကိုယ်တိုင် တောင်ကြီးမြို့က ၉၉
ခုနှစ်
ရွှေကျင်ဂိုဏ်း အစည်းအဝေးမှာ သူကိုယ်တိုင်ပြောသွားတာပါ။
"မြတ်စွာဘုရားရဲ့ ဥပဒေအရ အပြစ်မရှိပေမယ့် သူတို့
အစိုးရဥပဒေအရ အပြစ်ရှိတယ်
ဆိုရင် သူတို့ဥပဒေအရ သူတို့၊ ဦးဇင်းတို့ပြောစရာမလိုဘူး၊
သူတို့က လုပ်နေတာပဲ။
အဲတော့ ဘုရားဥပဒေအရတော့ ဒါ ဘာမှဖြစ်မသွားဘူး။ ဆရာတော်
ဦးသုမင်္ဂလတို့
တောင် သူတို့ မလုပ်ဘူးဆိုရင် ဒီသံဃာငယ်လေးတွေကိုလည်း သူတို့
မလုပ်သင့်ဘူး။
ဘုရားဥပဒေအတိုင်းပဲ သူတို့ ဆက်သွားသင့်တယ်။
"နောက်တခါ ဆရာတော် ဦးဝိစာရ
အင်္ဂလိပ်အစိုးရလက်ထက်မှာ လူမျိုးခြား၊ ဘာသာ
ခြား အစိုးရလက်ထဲမှာ ထောင်ကျနေတဲ့
အချိန်မှာတောင်မှ ရဟန်းတွေရဲ့ သိက္ခာနဲ့
အပြည့်နေလို့ရတယ်။ ထောင်ထွက်တဲ့အခါလည်း
ဒီအတိုင်း သင်္ကန်းနဲ့ပဲ ထွက်လို့ရ
တယ်။ ဘာသာခြား၊ လူမျိုးခြားဖြစ်တဲ့
အင်္ဂလိပ်အစိုးရတောင်မှ ရဟန်းတွေကို ဂရု
စိုက်သေးတယ်ဆိုရင် ဗုဒ္ဓဘာသာလို့ အမည်ခံပြီး
တကမ္ဘာလုံးကို ကြော်ငြာနေတဲ့
စစ်အစိုးရက ရဟန်းတွေကို လုပ်သင့်သလား၊
မလုပ်သင့်ဘူးလားဆိုတာ စဉ်းစားသာ
ကြည့်ပါ။ တကယ် လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ ရဟန်းကို
ရဟန်းအနေနဲ့ပဲ၊ သင်္ကန်းနဲ့ပဲ
ရုံးထုတ်တာတို့၊ ထောင်ထဲမှာထားတာလို့ လုပ်သင့်တယ်လို့
ဦးဇင်းအနေနဲ့ မြင်ပါ
တယ်။"
အရှင်ဂုနိသရ မိန့်ကြားခဲ့တာဖြစ်ပါတယ်။