ရီပတ်ဘလီကန်ပါတီ ညီလာခံကျင်းပနေတဲ့ ဒေသ
ရဲ့
အင်္ဂါညနေပိုင်းမှာ ဂျွန်မက်ကိန်း (John
McCain) ဟာ ၂၀၀၁ ခုနှစ်၊
စက်တင်ဘာလ ၁၁
ရက်နေ့ အမေရိကန်နိုင်ငံ အတိုက်ခံရတဲ့ သင်ခန်း
စာကို နားလည်တဲ့အတွက်၊
အီရတ်စစ်ပွဲကို
ထောက်ခံတဲ့အတွက် အမေရိကန်နိုင်ငံရဲ့ နောက်
စစ်ဦးစီးချုပ်အဖြစ်
ပြင်ဆင်ထားတာဖြစ်တယ်လို့
သမ္မတဘုရှ် (Bush) က ညီလာခံကိုယ်စားလှယ်
များကို ပြောကြားပါလိမ့်မယ်။
သမ္မတဘုရှ်က ဂြိုဟ်တု ရုပ်မြင်သံကြားကနေ
ပြောကြားမယ့်အထဲ
အိမ်ဖြူတော်က ကြိုတင်
ထုတ်ပြန်လိုက်တဲ့အထဲမှာ အမေရိကန်နိုင်ငံက တိုက်စစ်
ဆက်ပြီးဆင်သွားရမယ်၊
အကြမ်းဖက်သမားများ နောက်တကြိမ် တိုက်ခိုက်လာတဲ့အထိ
စောင့်မနေဘဲ အကြမ်း
ဖက်သမားတွေကို ကြိုတင်တိုက်သွားရမယ်၊ ဂျွန်မက်ကိန်းရဲ့
ရဲစွမ်းသတ္တိနဲ့ ရှုမြင်မှု
ကြီးမားပုံကိုလည်း ညီလာခံကိုယ်စားလှယ်များကို သမ္မတဘုရှ်က
ပြောကြားမယ်လို့
ပါရှိပါတယ်။
ခဲ့သေးတဲ့ အထက်လွှတ်တော်အမတ် ဖရက်ဒ် သွန်မ်ဆင် (Fred Thompson)၊ ဒီမို
ကရက်တစ်ပါတီကနေ တသီးပုဂ္ဂလဖြစ်လာတဲ့ အထက်လွှတ်တော်အမတ်
ဂျိုး လီဘာမင် (Joe Lieberman) တို့လည်း ပါဝင်ကြပါမယ်။