ထိန်းသိမ်းခံထားရတဲ့ ကိုမင်းကိုနိုင် အပါအဝင် ၈၈
မျိုးဆက် ကျောင်းသားခေါင်းဆောင်
တွေက သူတို့အပေါ်စွဲဆိုထားတဲ့ ပြစ်မှုတွေအရ
တရားခွင်မှာ စစ်ဆေးတဲ့အခါ စိတ်ပါ
ဝင်စားတဲ့ ဘယ်သူ့ကိုမဆို တရားခွင်မှာ
လာနားထောင်နိုင်အောင် အများပြည်သူရှေ့မှာ
ပွင့်လင်းတဲ့ တရားရုံးအဖြစ် စစ်ဆေးဖို့
တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို
ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက
တင်ပြပေးထားပါတယ်။
ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင် အပါအဝင် ၂၁ ဦးရဲ့အမှု
နဲ့ ပတ်သက်ပြီး တရားခွင်မှာ တင်ပြနိုင်ခွင့်
အခွင့်အရေး ရပြီဖြစ်တာကြောင့်
ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို ရှေ့နေကြီး
ဦးအောင်သိန်းက အခုလို တင်ပြခဲ့
တယ်လို့ ဆိုပါတယ်။
"မင်းကိုနိုင်ပါ ၂၁ ဦးအပေါ် အမှုစွဲတင်တာ။
စွဲတင်တဲ့အမှုတွေနဲ့ ပတ်သက်ပြီး ဒီနေ့ ပါဝါ
တင်တာပေါ့။ အဲဒီလို
ပါဝင်တင်ပြီးတဲ့အချိန်မှာ ကျောင်းသားတွေဘက်က တောင်းဆို
ချက် ၃ ခုကို
တရားရုံးတင်ပြပေးပါဆိုတော့ အန်ကယ်တို့ဘက်က တင်ပြလျှောက်ထား
ပေးခဲ့ရတယ်။
"အဲဒါက သူတို့ကို ရုံးထုတ်တဲ့နေ့မှာ လက်ထိပ်မခတ်ဖို့၊
တရားခွင်မှာလည်း လက်ထိပ်
မခတ်ဖို့၊ နောက်တချက်က သူတို့ကို Open Court အနေနဲ့
စစ်ဆေးတယ်ဆိုရင် သူတို့
မိသားစုသာမက စိတ်ပါဝင်စားသူ မည်သူမဆို
လာရောက်နားထောင်ခွင့်ပြုပေးဖို့၊
နောက် တရားရုံးမှာ အမှုစစ်ဆေးသည်ပဲဖြစ်ဖြစ်၊
တရားရုံးထုတ်လာသည်ပဲဖြစ်ဖြစ်
ဓာတ်ပုံ၊ ဗွီဒီယိုရိုက်တာတွေကို ခွင့်မပြုဖို့၊
ခွင့်ပြုမယ်ဆိုရင်လည်း သူတို့ကို သူတို့မိသားစု
တွေက ပြန်ရိုက်တာကိုလည်း
ခွင့်ပြုဖို့ဆိုပြီး တရားရုံးကို တင်ပြခိုင်းတဲ့အတွက်
အန်ကယ် တင်ပြပေးခဲ့ပါတယ်။"
သူတို့ရဲ့ တောင်းဆိုချက် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး
တင်ပြချက်ဟာ ဥပဒေ
ကြောင်းအရ ခံစားခွင့်ရနိုင်ပါ့မလား၊ တရားခွင်မှာ
ရုံးထုတ်စစ်ဆေးတဲ့ အခါမျိုးမှာ
အရင်တုန်းကရော ခွင့်ပြုမှုတွေ လုပ်ခဲ့ပါသလားဆိုတာ
မေးကြည့်တဲ့အခါမှာတော့
ရှေ့နေကြီး ဦးအောင်သိန်းက အခုလိုပြောပါတယ်။
"တချို့ရုံးတွေမှာ လက်ထိပ်မခတ်ဘဲ ခေါ်လာတဲ့
အချုပ်သည်တွေလည်း ကျနော်တို့
တွေ့တာပဲ။ အမျိုးသမီးတွေဆိုရင်တော့ တချို့ရုံးတွေက
လက်ထိပ်မခတ်ပါဘူး။ အခု
ဒီရုံးမှာလည်း အမျိုးသမီးတွေ လက်ထိပ်ခတ်တာ ကျနော်
မတွေ့ပါဘူး။ အမျိုးသားတွေပဲ
ခတ်ထားတာပါ။ လက်ထိပ်ခတ်ခြင်း မခတ်ခြင်းကတော့
လုံခြုံရေးဆိုင်ရာ ကိစ္စတရပ်
အနေနဲ့ပဲ စဉ်းစားရမယ်။ လုံခြုံရေးဆိုင်ရာ
ယုံကြည်မှုရှိရင် မခတ်ဘူး၊ လုံခြုံရေးဆိုင်ရာ
မယုံကြည်ရင် ခတ်တယ်ဆိုတဲ့
ပုံသဏ္ဏာန်ပေါ့။ ဒါပေမယ့် တရားခွင်မှာ အမှုကြားနာ
စစ်ဆေးတော့မယ်ဆိုရင်တော့
လက်ထိပ်ဖြုတ်ပြီး ကြားနာစစ်ဆေးတာတော့ ရှိပါတယ်။
ဒါ ပထမအချက်ပေါ့။
"ဒုတိယအချက်အနေနဲ့ Open Court ဆိုတာ၊ အခု မိသားစုတွေက
ကြားနာတာ
ဝင်ရောက်နားထောင်ခွင့်ရတယ်။ သို့ပေမယ့် စိတ်ဝင်စားသူ မည်သူမဆို
လာရောက်
နားထောင်ခွင့်တော့ မရသေးဘူး။ အဲဒီအခွင့်ကိုလည်း ၂၀၀၀ ပြည့်နှစ်
တရားစီရင်ရေး
ဥပဒေအရ၊ ဥပဒေအရ တားမြစ်ထားခြင်းမှအပ ပြည်သူ့ရှေ့မှောက်မှာ
တရားစီရင်ရမယ်
ဆိုတဲ့ မူအရဆိုရင်တော့ ဒါဟာ အကြုံးဝင်တဲ့အချက်တချက်တော့ ဖြစ်တာပေါ့။
"ဓာတ်ပုံရိုက်တယ်၊ ဗွီဒီယိုရိုက်တယ် ဆိုတာကတော့
ကျနော်တို့ ဒီ တရားရုံးချုပ်တို့၊
တိုင်းတရားရုံးတို့ တရားခွင်တွေမှာတော့ ကင်မရာ
ယူဆောင်လာခြင်းတောင် သူတို့
ခွင့်မပြုပါဘူး။ အဲတော့ ဓာတ်ပုံရိုက်တာတော့ ကျနော်တို့
မတွေ့ဘူးပေါ့။ အဲဒီလို အမှု
သည် တရားခံနဲ့ပတ်သက်တာ ဓာတ်ပုံရိုက်တာတော့ ကျနော် တခါမှ
မတွေ့ဖူးပါဘူး။
အခု သူတို့ ရိုက်တယ်ဆိုတဲ့ကိစ္စကလည်း ခွင့်ပြုချက်လည်း မတောင်းဘူး၊
ရိုက်ချင်သလို
ရိုက်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်တဲ့အတွက်၊ တရားစစ်ဆေးနေတုန်း
ရိုက်ရင်တော့
တရားရုံးကို မထီလေးစား လုပ်ရာကျတယ်၊ တရားရုံးကို
အနှောင့်အယှက်ပေးရာကျ
တယ်။ အဲဒါမျိုးနဲ့ပတ်သက်ပြီး ကျနော်တို့က တရားရုံးကို အရေးယူပေးဖို့
လျှောက်ခွင့်
ရှိတယ်။"
ဖြစ်သလို မှတ်တမ်းဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်နေတဲ့ အာဏာပိုင်တွေကတော့ တရားခွင်မှာ
ရှိနေဆဲပါပဲ။ တရားရုံးမှာတော့ သင်္ဃန်းကျွန်းနဲ့ ဒေါပုံမြို့နယ်က တရားသူကြီးတွေ ရုံးလာ
ထိုင်ပေးပြီး ရှေ့နေရဲ့တင်ပြချက်ကို ရေးသားခဲ့ကြတယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေ
ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုမပြုဆိုတာကတော့ ချက်ချင်းဆုံးဖြတ်ချက် မချသေးဘူးလို့
လည်း ပြောပြသွားပါတယ်။