ရီပတ်ဘလီကန်ပါတီ ညီလာခံကျင်းပနေတဲ့ မင်နီ
ဆိုးတားပြည်နယ်၊
စိန့်ပေါလ်မြို့ရဲ့ ကြာသပတေးနေ့
ညမှာ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း
(John Mc
Cain) က သမ္မတရွေးကောက်ပွဲဝင်ဖို့
ရွေးချယ်တာကို လက်ခံကြောင်း
မိန့်ခွန်းပြောကြား
ပါမယ်။
ဂျွန်မက်ကိန်းပြောကြားမယ့် မိန့်ခွန်းထဲမှာ
ငွေ
အကြီးအကျယ် သုံးစွဲပြီး ဘာမှမလုပ်ဘဲနေကြတာ၊
ငါက ပထမ၊ နိုင်ငံက ဒုတိယ ဆိုတာတွေ
ဝါရှင်တန်မှာ ပြောင်းလဲချိန်တန်ပြီလို့ ထည့်သွင်း
ပြောဆိုမယ့်အကြောင်း သူ့မိန့်ခွန်းရေးသားသူက
သတင်းမီဒီယာကို ကြိုတင်ပေးတဲ့ ကောက်နုတ်
ချက်ထဲမှာ ပါရှိပါတယ်။
သူ သမ္မတအဖြစ် အရွေးခံရရင် သမ္မတ ဂျော့ခ်ျဘုရှ် (George
Bush) ရဲ့ နောက်ထပ်
၎ နှစ်ပဲလို့ ဒီမိုကရက်တစ်တို့က ဝေဖန်တာကို ချေပတဲ့အနေနဲ့
ဂျွန်မက်ကိန်းက သူ
ဒီမိုကရက်တို့နဲ့ တွဲပြီးလုပ်ခဲ့တာတွေကို ထောက်ပြသွားမယ်၊
ပါတီစွဲကြောင့် နိုင်ငံရဲ့
ပြဿနာတွေ မဖြေရှင်းနိုင်တာတွေ၊ သူ့ပြိုင်ဘက် ဘရက်ခ်
အိုဘားမား (Barack
Obama) လိုမဟုတ်ဘဲ ပါတီစွဲကင်းစွာနဲ့ သူလုပ်ခဲ့တဲ့မှတ်တမ်းကို
တင်ပြသွားမယ်လို့
ဆိုပါတယ်။
သူနဲ့အတူတွဲပြီး ဒုတိယသမ္မတလောင်းအဖြစ်
ရွေးကောက်ပွဲဝင်မယ့် အလာစကား
ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာရာ ပေလင်း (Sarah Palin) ရဲ့ မိန့်ခွန်းကြောင့် အားတက်
ပြီး ညီလာခံကိုယ်စားလှယ်များက
ဂျွန်မက်ကိန်းအား ရီပတ်ဘလီကန်ပါတီ ကိုယ်စား
ပြုပြီး သမ္မတရွေးကောက်ပွဲဝင်ဖို့
ဗုဒ္ဓဟူးနေ့မှာ တရားဝင်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးနယ်ပယ်မှာ လူသိသိပ်မများတဲ့ ဆာရာ ပေလင်းက သူမရဲ့ ယခင် နိုင်ငံရေး
အတွေ့အကြုံများကို ထောက်ပြပြီး ခုခံကာကွယ် ပြောကြားခဲ့ပါတယ်။