သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး ရိုက်စ် လစ်ဗျားခေါင်းဆောင် ကဒါဖီ နဲ့ တွေ့ဆုံ


အမေရိကန် နဲ့ လစ်ဗျားနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အစကောင်းခဲ့ပြီ လို့ လစ်ဗျား နိုင်ငံ ခရီးစဉ်အတွင် လစ်ဗျားသမ္မတ မိုဟာမတ် ကဒါဖီ နဲ့ တွေ့ဆုံပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် က ပြောကြားလိုက်ပါတယ်။ ဒီခရီးဟာ နှစ်ပေါင်း ၅၅ နှစ်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတယောက် ရဲ့ ပထမဆုံး ခရီးလည်း ဖြစ်ပါတယ်။

သမ္မတ ကဒါဖီး ကို သူနေထိုင်ရာ အိမ်တော်မှာ မစ္စ ရိုက်စ် က တွေ့ဆုံခဲ့တာပါ။ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု နဲ့ ပညာရေး နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဖက် ဆွေးနွေးခဲ့ကြတယ်လို့ မစ္စ ရိုက်စ် က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး၊ အီရတ် အခြေအနေနဲ့ ဆူဒန်နိုင်ငံ က ဒါဖော ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး မိုဟားမတ် အဘ်ဒါရာမန်ရှယ်ဂန် က ပြောကြားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း ရန်သူရယ်လို့ မရှိပါဘူးလို့ မစ္စ ရိုက်စ် က ပြောဆိုပါတယ်။ နိုင်ငံတွေ က မဟာဗျူဟာ အရ အပြောင်းအလဲတွေ လုပ်ဖို့ ပြင်ဆင်ပြီ ဆိုရင် အမေရိကန် က တုံ့ပြန်ဖို့ ပြင်ဆင်ထားကြောင်း သူ့ခရီးစဉ် က ပြသပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG