သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်သမ္မတ ဇာဒါရီဟာ သြဇာအကြီးဆုံး အရပ်ဘက်ခေါင်းဆောင် ဖြစ်လာမည်


လုပ်ကြံခံရတဲ့ အတွက် သေဆုံးသွားရတဲ့ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့ ခင်ပွန်းဖြစ်သူ အဆစ် အလီ ဇာဒရီဟာ နိုင်ငံရဲ့နောက် သမ္မတအဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ ပါတယ်။ အပြည့်အစုံကို ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။


ပါကစ္စတန် နိုင်ငံရဲ့ ပြည်သူတွေအတွက် အင်အား အကောင်းဆုံး ခေါင်းဆောင် တဦး ဖြစ်လာလိမ့်မယ်လို့ ယူဆရတဲ့ အဆစ် အလီ ဇာဒရီဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲအရည်အတွက် ၇၀၂ မဲအတွင်း ၄၈၂ မဲရရှိပြီး အနိုင်ရခဲ့တာဖြစ်တဲ့ အကြောင်းကို ဗွီအိုအေ သတင်းထောက် ဘယ်ရီနယူးဟောက်(စ်) က အစ္စလမ်မာဘတ် မြို့ကနေ သတင်းပေးပို့ ထားတာပါ။

ပါကစ္စတန်နိုင်ငံရဲ့ လွှတ်တော် နှစ်ရပ်လုံးက မဲအများစုနဲ့ အဆစ်ဖ် အလီ ဇာဒရီဟာ သမ္မတ နေရာ အတွက် အနိုင် ရရှိခဲ့ တာပါ။

မြို့တော်ရဲ့ အမျိုးသားညီလာခံ ခန်းမမှာ ပါကစ္စတန် ပြည်သူ့ ပါတီက ထောက်ခံသူတွေဟာ ရွေးကောက်ပွဲ ကော်မရှင်က အဖြေကို မကြေညာခင်ကထဲက ဝမ်းမြောက်ဝမ်းသာနဲ့ ဂုဏ်ယူဝင့်ကြွားနေကြတာပါ။

ပါတီအဖွဲ့ ဝင်တွေထဲမှာ သူတို့ ဖခင်ရဲ့ အောင်မြင်မှုကို ဝမ်းမြောက်ကြောင်း ပြသကြတဲ့ အနေနဲ့ မိခင် ဘနာဇီယာဘူတိုရဲ့ ဓါတ်ပုံကို ကိုင်ဆောင်ရင်း သမီးဖြစ်သူ နှစ်ယောက်လဲ ပါရှိခဲ့ပါတယ်။

အလွဲသုံးစားမှု၊ လူသတ်မှုတွေနဲ့ စွဲချက်တင်ခံရပြီး ထောင်ထဲမှာ (၁၁) နှစ်အကျဉ်းချခံရသူ ဇာဒရီဟာ နိုင်ငံရေး အတိုက်အခံတွေကို အနိုင်ရပြီး သမ္မတ ရာထူးကို အနိုင် ရရှိခဲ့တာပါ။ သူရဲ့ အခုလို အနိုင်ရရှိမှု ကြောင့် ၁၉၉၉ ခုနှစ် ကထဲက နိုင်ငံကို အာဏာသိမ်းပြီး ဒီမိုကရက်တစ် လမ်းစဉ်ကနေ ဝေးကွာစေအောင် အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း မူရှာရာဖ်ရဲ့ အုပ်ချုပ်မှုကိုလည်း တရားဝင်အဆုံးသတ်သွားစေပါတယ်။

ဇာဒရီဟာ လုပ်ကြံခံရမှုတွေကြောင့် သေဆုံးသွားကြရတဲ့ ဇနီးဖြစ်သူနဲ့ သူမရဲ့ ဖခင်ဖြစ်သူကို ဂုဏ်ပြု ချီးမွမ်းခဲ့တယ်လို့ ဝန်ကြီးချုပ် နေအိမ်ကနေ သတင်းဌာနတွေက သတင်းဖေါ်ပြခဲ့ပါတယ်။

“ဘယ်လို အသက်ရှင် နေထိုင်ရမယ်ဆိုတာ သူမက သင်ကြားခဲ့ပါတယ်။ ဘယ်လို နိုင်ငံရေး လုပ်ရမယ် ဆိုတာကို သူမက သင်ကြားခဲ့ပါတယ်။ ကျနော်တို့ အားလုံ ပီပီပီရဲ့ အယူဝါဒလမ်းစဉ်အတိုင်း၊ အာဇာနည် ဇူလ်ဖီကာ အလီ ဘူတိုရဲ့ အယူဝါဒလမ်းစဉ်အတိုင်း သူတို့ အသက်ပေးပြီး ရယူခဲ့ရတဲ့ ဒီမိုကရေစီ လမ်းစဉ်အတိုင်း လိုက်နာဖို့ ရည်ရွယ်ထားပါတယ်။”

နိုင်ငံရေး လေ့လာ သုံးသပ်သူတွေကတော့ ဇာဒရီဟာ ဥပဒေပြု လွှတ်တော်မှာ အင်းအားကောင်းတဲ့ နိုင်ငံရေး အထောက်အကူတွေ ပေးပြီး ပြည်သူလူထုရဲ့ အပြည့်အ၀ အာဏာပေးခံရတဲ့ သမ္မတ တဦး ဖြစ်နိုင်ပါတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက် သူ့ရဲ့ အားနည်းချက်တွေအပေါ် ဖြေသိမ့် ပြောဆိုခဲ့တာက

“ကျနော် ထပ်လောင်းပြောဆိုပါတယ်။ ပါလီမန်ဟာ အချုပ်အခြာ အာဏာပါပဲ။ သမ္မတဟာလည်း ပါလီမာန်အတွက် အလုပ်အကြွေး ပြုလုပ်ဆောင်ရမှာပါ။”

ဇာဒရီရဲ့ အတိုက်အခံတွေက စနေနေ့ သူ့ အောင်မြင်မှုအပေါ် ချီးမွမ်း စကား ပြောဆိုခဲ့ပေမဲ့ သူ့အနေနဲ့ ပီပီပီ ပါတီ တခုတည်းကိုပဲ ကြည့်နေတာ စွန့်လွှတ်ပြီး တိုင်းပြည် တခုလုံးကို ကြည့်ရှုဖို့ တိုက်တွန်း ပြောဆို ခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ဟောင်း တဦးဖြစ်တဲ့ နဝါ့ရှရစ်ဖ် ကတော့ ဇာဒရီရဲ့ သက်တမ်းအတွင်း သမယသမတ်ကျတဲ့ သမ္မတအဖြစ် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီလို ပြောဆိုမှုကြားကပဲ ဇာဒရီရဲ့ အောင်မြင်မှုက သမ္မတဟောင်းမူ ရှာရာဖ် လက်ထဲက နိုင်ငံအာဏာကို ပြန်လည် ရယူနိုင်ခဲ့တဲ့ နိုင်ငံရေးအရ အောင်မြင်မှုတခု ပဲဖြစ်ပြီး သူ့ရဲ့ ပါတီကိုလည်း ပါကစ္စတန်မှာ အင်အား အကြီးမားဆုံး ပါတီတခုဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးလဲဖြစ် ဇါဒရီနဲ့ နိုင်ငံရေးအရ ပူးပေါင်း လုပ်ဆောင်နေတဲ့ သူတဦးလဲဖြစ်သူ ရှယ်ရီ ရေမင်က သတင်းထောက်တွေကို ပြောကြားတာကတော့ သူ့ရဲ့ အောင်မြင်မှုဟာ ပါကစ္စတန် နိုင်ငံရဲ့ ဒီမိုကရေစီရေး အောင်မြင်မှုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သူမရဲ့ ပါတီ သမ္မတ ရာထူးနေရာအတွက် အောင်မြင်မှုရခဲ့တာဟာ တရားမျှတမှုရှိပါတယ်။ အခြေခံ ဥပဒေကို အလွဲသုံးစား လုပ်တာမျိုး၊ ဖိအားပေးတာမျိုး မရှိပါဘူးလို့ သူမက ပြောဆိုသွားတာပါ။ ခက်ခဲမှုတွေ အများကြီး ရှိနေတဲ့ အချိန် ပီပီပီ ပါတီဟာ နိုင်ငံရဲ့ ပြသနာတွေကို ပြေလည်အောင် လုပ်ဆောင်ပေးနိုင်မဲ့ ပါတီ တခုပါပဲလို့လဲ သူမက ပြော ဆိုခဲ့ပါတယ်။

ဒီ အလက်အလဲတွေဆိုတဲ့ အထဲမှာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ယိမ်းယိုင်နေမှုတွေ၊ တာလီဘန် စစ်သွေးကြွတွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာတွေလည်း ပါဝင် ပါတယ်။

စနေနေ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေ မဲပေးကြတဲ့အချိန် ပါရှာဝါမှာရှိတဲ့ လုံခြုံရေး စစ်ဆေးရေး ဂိတ်နားမှာ ဗုံး ပေါက်ကွဲခဲ့တာကြောင့် လူ(၁၀) ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဗုံးပေါက်ကွဲပြီး မကြာခင်မှာပဲ ပါကစ္စတန် တာလီဘန် စစ်သွေးကြွတွေက သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖေါ်ပြော ဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG