သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် တရားစွဲခံရ


တဖက်က ၀န်ကြီးချုပ်လုပ်နေပြီး တဖက်က
ရုပ်မြင်သံကြားရဲ့ ချက်ပြုတ်ရေး အစီအစဉ်မှာ
သွားပြီးပါဝင်နေလို့ မူလအလုပ်ကို ထိခိုက်
စေနိုင်တယ်ဆိုတဲ့ စွဲချက်နဲ့ ထိုင်းဝန်ကြီးချုပ်
ရုံးတင်ခံနေရပါတယ်။

ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံတော်ဖွဲ့စည်းပုံ
ဥပဒေရေးရာရုံးတော်မှာ ၀န်ကြီးချုပ် ဆမတ်
ဆွန်ထရာဝေး (Samak Sundaravej) က
သူ့ကို အဲဒီကုမ္ပဏီက ပါဝင်ဖို့ ငှားရမ်းခြင်း
သာဖြစ်ပြီး အဲဒီကုမ္ပဏီမှာ အမှုထမ်းလုပ်နေခြင်းမဟုတ်ဘူးလို့ လျှောက်လဲပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအရ ၀န်ကြီးချုပ်တယောက်အနေနဲ့ ပုဂ္ဂလိကကုမ္ပဏီများမှာ
အလုပ်လုပ်ခွင့် မရှိပါဘူး။ အဲဒီအမှုနဲ့ပတ်သက်ပြီး အင်္ဂါနေ့မှာ စီရင်ချက်ချပါမယ်။
ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် ဆမတ် ဆွန်ထရာဝေးဟာ ထိုင်းဝန်ကြီးချုပ်အဖြစ်က
နုတ်ထွက်ရပါမယ်။

ဝန်ကြီးချုပ်အဖြစ်က နုတ်မထွက်မခြင်း မရပ်ဘူးဆိုပြီး ဘန်ကောက်မြို့ အစိုးရ
အိမ်တော်ဝင်းအတွင်း ၁၄ ရက်ဆက်တိုက် ကန့်ကွက်ဆန္ဒပြနေကြစဉ် ၀န်ကြီးချုပ်
ဆမတ် အခုလို ရုံးတင်ခံရတာဖြစ်ပါတယ်။

သူ့ရဲ့ အပတ်စဉ် ထိုင်းနိုင်ငံသို့ ရုပ်သံလွှင့်မိန့်ခွန်းပြောကြားရင်း ဆမတ် ဆွန်ထရာ
ဝေးက သူ နယူးယောက်ခ်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီလအတွင်း
သွားရောက် မိန့်ခွန်းပြောကြားနေတုန်း စစ်တပ်က အာဏာမသိမ်းပါဘူးလို့ နိုင်ငံကို
အာမခံ ပြောကြားသွားခဲ့ပါတယ်။

သူ့အရင် ၀န်ကြီးချုပ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သွားရောက် မိန့်ခွန်း
ပြောကြားနေစဉ် စစ်တပ်က အာဏာသိမ်းခဲ့ဖူးလို့ အဲဒီလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG