မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ
မက်သာ
ဖက်တမင်းနဲ့ အခြားစိတ်ကြွဆေးဝါးတွေ အဓိက
ထွက်ရာ နိုင်ငံတနိုင်ငံ ဖြစ်နေဆဲရှိပေမယ့်လို့
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာတော့ စိတ်ကြွဆေးပြား
တွေ ဖမ်းဆီးရမိမှုဟာ အရင်နှစ်တွေကထက်
နည်းပါးလာတယ်လို့ UNODC ကုလသမဂ္ဂ
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ပြောပါ
တယ်။
အေတီအက်စ် စိတ်ကြွဆေးပြားတွေနဲ့
ပတ်သက်လို့ UNODC ကနေ ဒီကနေ့ထုတ်ပြန်
လိုက်တဲ့
အစီရင်ခံစာသစ်မှာ အခုလိုဖော်ပြတာ
ပါ။
မြန်မာနိုင်ငံမှာ ဘိန်းဖြူသုံးစွဲမှု ကျဆင်းလာပေ
မယ့်လို့
၂၀၀၃ ခုနှစ်ကစပြီးတော့ မက်သာ
ဖက်တမင်း စိတ်ကြွဆေးပြားသုံးစွဲသူတွေ တနှစ်
ထက်တနှစ်
ပိုများလာတယ်လို့လည်း ဒီအစီရင်
ခံစာမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း
မြန်မာနိုင်ငံမှာ အခုလို စိတ်ကြွဆေးပြား
ဖမ်းဆီးရမှု နည်းလာတာကြောင့်
မြန်မာနိုင်ငံမှာ စိတ်ကြွဆေးပြားထုတ်လုပ်မှု ကျဆင်း
လာတယ်လို့ ပြောလို့မရလား။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၊
ဌာနမှူး ရဲမှူးကြီးခမ်းအောင်ကို ကိုသားညွန့်ဦးက
ဆက်သွယ်မေးမြန်းပြီး တင်ပြပေး
ထားပါတယ်။
အခု
ဒီအစီရင်ခံစာမှာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက မြန်မာနိုင်ငံထဲမှာ စိတ်ကြွဆေးပြား
ဖမ်းဆီးရမှု အရေအတွက်က အတော်များများ ရှိခဲ့ပေမယ့် ၂၀၀၇ ခုနှစ်တွင်းမှာ
ဖမ်းဆီးရမှုတွေ နည်းလာတယ်လို့ ဆိုထားပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ၊
ဟုတ်ပါသလား။
"အဲဒါတော့ မှန်တယ်ပဲပြောရမှာပေါ့။
ဟိုအရင်ဟာတွေနဲ့ သွားယှဉ်တဲ့နေရာမှာ
အတော်လေးနည်းသွားတယ်။ အဲဒီတုန်းကတော့
ကျနော်တို့က သန်းနဲ့ချီဖမ်းတာပေါ့။
နောက် များများစားစား ဖမ်းတာပေါ့။
ဒီနောက်ပိုင်းနှစ်တွေက အတော်နည်းသွားတယ်။
ပုံစံပြောင်းလာတာပေါ့။ ဖမ်းတဲ့အခါ
သောင်းဂဏန်း၊ သိန်းဂဏန်းတွေပဲ များပါတယ်။
ထောင်ဂဏန်းတွေ ပိုများလာတယ်။
"ကျနော်သုံးသပ်တာကတော့ အရင်ကလောက် Mass
Production မဟုတ်ဘဲနဲ့
ထုတ်တာနည်းတယ်လို့ ကျနော်တို့ တွက်တယ်။ ပြီးတော့
သယ်ပုံသယ်နည်းတွေ
ပြောင်းလာတယ်။ နည်းနည်းနဲ့ အခေါက်ရေများများသယ်တယ်။ လူအများကြီး
သုံးလာတယ်။ ဖြန့်ပြီးသယ်တယ်။ အဲဒီလို ကျနော်တို့တွက်တယ်။ ဒါကြောင့် ကျနော်တို့
ဖမ်းရဆီးရတာ ပိုခက်လာတယ်။ ဖမ်းဆီးရတာ ကျလာတယ်။ အဲဒါ ဘယ်မှာသွားပြီး
Indication
ပြလဲဆိုတော့ ဈေးကွက်ထဲမှာ ဈေးက မတရားကြီးလာတယ်။ ဆေးပြား
တပြားကို ၃,၀၀၀ ကနေ ၅,၀၀၀
လောက်အထိ တက်သွားတယ်။ ဟိုအရင်တုန်းက
၂၅၀၊ ၃၀၀ လောက်ပဲရှိတာလေ။"
မြန်မာနိုင်ငံမှာ
ဘိန်းဖြူထုတ်လုပ်မှု၊ ဘိန်းစိုက်ပျိုးမှုတွေ ကျလာတယ်လို့ ဆိုပေမယ့်
စိတ်ကြွဆေးပြားထုတ်လုပ်မှုက တက်လာတယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှမှာ
လည်း
စိတ်ကြွဆေးပြား အများဆုံးထွက်တဲ့ အရင်းအမြစ်နိုင်ငံတခုဖြစ်တယ်လို့
ပြောကြပါတယ်။
အဲဒါ အခုထက်ထိ မှန်ပါသလား။
"အဲဒါ သိပ်ပြီး မခိုင်မာဘူးလို့
ကျနော်တို့ တွက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့
ဆီမှာတင် မဟုတ်ဘဲနဲ့ ဒေသတွင်း
တကယ့် Lab ကြီးတွေ ဖမ်းမိတာတွေက မလေးရှား၊
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတွေမှာ။
အဲဒီနေရာတွေက Lab နဲ့ ကျနော်တို့
နိုင်ငံမှာရှိတဲ့ Lab နဲ့ဆိုရင် ဘာမှမဆိုင်ဘူး။
ကျနော်တို့ Lab တွေက စာရင်းတောင်
မ၀င်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမှာရှိတဲ့
Lab တွေက Mega Lab တွေ၊
Super Lab တွေ တွေ့ရတယ်။
"ကျနော်တို့ဆီမှာလည်း မထွက်ဘူးမဟုတ်ဘူး၊
ထွက်တော့ထွက်မယ်။ သို့သော်လည်း
သူတို့နဲ့ယှဉ်လိုက်ရင် မပြောပလောက်တော့ဘူး။
ကျနော်တို့ဆီက ထွက်ရင် Local
Market အတွက်ဖြစ်မလား၊ အဲလို ကျနော်တို့
သုံးသပ်ပါတယ်။"
အစီရင်ခံစာမှာတော့
မြန်မာနိုင်ငံကထွက်တဲ့ စိတ်ကြွဆေးပြားတွေဟာ မြန်မာနိုင်ငံ
အရှေ့ဘက်ဒေသတွေကိုတင်
မဟုတ်ဘဲနဲ့ အခုဆိုရင် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း
က အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ
စတဲ့နိုင်ငံတွေဘက်ဆီကိုပါ ထုတ်တဲ့ လမ်းကြောင်း
ပြောင်းမှုရှိတယ်လို့ ဆိုထားပါတယ်။
အဲဒါ ဘယ်လိုသဘောရပါလဲ။
"အဲဒါလည်း မဟုတ်ဘူးခင်ဗျ။ ကျနော်တို့
တားဆီးနှိမ်နင်းရေး အချင်းချင်းရတဲ့ သတင်း
အရတော့ ဘင်္ဂလားဒေ့ရှ်မှာလည်း မက်သာဖက်တမင်းတွေ
ထုတ်တယ်။ လွန်ခဲ့တဲ့
တနှစ်ခွဲက တော်တော်လေး ကြီးကြီးကျယ်ကျယ် သတင်းစာထဲမှာ
ပါသွားတဲ့ဟာက
သူတို့ဆီမှာ သန်းနဲ့ချီပြီး ထုတ်နေတာတွေ ရှိတယ်။ ဒါ Apartment တခုမှာ
သူတို့
ထုတ်တာ။ တရုတ် Syndicate တခုကနေပြီး ဘင်္ဂလားဒေ့ရှ်မြို့ကြီးမှာကို လာထုတ်လို့
လာဖမ်းသွားတာ ရှိပါတယ်။
"အဲဒီလိုပဲ အိန္ဒိယမှာထုတ်တယ်ဆိုတဲ့
သတင်းကိုတော့ ကျနော်တို့ အတည်ပြုလို့ မရ
သေးဘူး။ သို့သော်လည်း သြစတြေးလျမှာ
ဟိုတလောက အကြီးအကျယ် ဖမ်းမိတဲ့
Case တခုမှာ အိန္ဒိယက Syndicate တခုကလည်း တော်တော်
Involve ဖြစ်တယ်။
ဒါပေမယ့် ဒါက အတည်ပြုလို့မရလို့ ကျနော်တို့လည်း ခိုင်ခိုင်မာမာ
ပြောလို့မရဘူး။
ကျနော်ဆိုလိုတာက ကျနော်တို့ဆီက ထွက်တဲ့ဟာပဲ သူတို့ဆီရောက်နေတာ
မဟုတ်
ဘူး။ သူတို့ဆီမှာလည်း ပြောင်းပြီးထုတ်နေတယ်။"
အခု
စိတ်ကြွဆေးပြားထုတ်တဲ့ နေရာတွေကိုကြည့်တော့ အဓိကက UWSA ၀နယ်နဲ့
ရှမ်းပြည်ဘက်မှာဖြစ်တာ တွေ့ရပါတယ်။ အဲဒီမှာ တိုင်းရင်းသားအဖွဲ့တွေက တစုံတရာ
ပါဝင်ပတ်သက်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့
ရော။
"အထူးဒေသတွေ၊ တိုင်းရင်းသားဒေသတွေက
ထွက်တယ်ဆိုတာကိုတော့ ကျနော်တို့က
အတိအကျပြောလို့တော့ မရဘူး။ သို့သော်လည်း
ရှမ်းပြည်ဘက်က ထွက်တယ်ဆိုတာ
ကိုတော့ Source ကို Pin Point လုပ်လို့ရတာပေါ့။
ကျနော်တို့မြင်တာတော့ စီးပွားရေး
သမားတွေ တော်တော်များများက မြို့ပေါ်ထိုင်နေပြီး
အရင်းအနှီးထည့်ထားကြတယ်။
နောက် တရုတ်စီးပွားရေးသမားတွေ များတယ်။ ကျနော်တို့
ဖမ်းဆီးရမိတဲ့ အချက်
အလက်တွေအရတော့ အဲလိုမျိုးများတယ်။
"တိုင်းရင်းသားအဖွဲ့အစည်းတွေကနေ ကျနော်တို့နဲ့
ပူးပေါင်းဆောင်ရွက်မှု မရှိဘူး
ဆိုတာမျိုး မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
သူတို့အနေနဲ့လည်း တိုက်ရိုက်
ပါဝင်ပတ်သက်မှုက မရှိသလောက်ပါ။ ကျနော်တို့မှာ သတင်း
အထောက်အထား
ဘာမှမရှိဘူး။"
ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၊ ဌာနမှူး ရဲမှူးကြီးခမ်းအောင် ရှင်းပြခဲ့တာ
ဖြစ်ပါတယ်။