သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဆယ်ကျော်သက်တို့အတွက် လိင်ကျန်းမာရေး ပညာရေး


အမေရိကန် ပြည်ထောင်စု မန်ဆာချူးဆက်ပြည်နယ် (Massachusetts) ဂလုဆက်တာမြို့ (Gloucester) က ဆယ်ကျော်သက် မိခင်လေးဟာ သူမရဲ့ အပူအပင်မဲ့ အမေရိကန် ဆယ်ကျော်သက် ဘဝကို ပေးဆပ်လိုက်ရပါပြီ။

ရုပ်ရှင်လဲ မကြည့်နိုင်တော့ပါဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ညစာ စားတာလဲ မလုပ်နိုင်တော့ပါဘူး။ သူငယ်ချင်းတွေ နဲ့ အပြင်ထွက် ဈေးဝယ်တာတွေလည်း မလုပ်နိုင်တော့ဘူး။

အခုစာသင်နှစ်ထဲ ကျောင်းက သူမရဲ့ သူငယ်ချင်း (၁၇) ယောက် ကိုယ်ဝန် ရရှိခဲ့ပြီးတဲ့နောက် အခုလို သူမရဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဒီ အဖြစ်အပျက်တွေက အမေရိကန်မိသားစုတွေထဲ လိင်ကျန်းမာရေး ပညာရေး ဆိုတဲ့ အ ကြောင်းအရာကို သယ်ဆောင်လာခဲ့ပါတယ်။

ဆယ်ကျော်သက်တွေအတွက် လိင်ကျန်းမာရေး ပညာရေးဟာ အမေရိကန် ပြည် ထောင်စုမှာ အငြင်းပွားစရာ အကြောင်း တခု ဖြစ်ပါတယ်။ ရှေးရိုးအယူဝါဒ သမား တွေကတော့ ဒီကိစ္စဟာ အပျော်အပါး လိုက်စားတာကို ရှောင်ရှားမှုနဲ့သာ သက်ဆိုင်တယ်လို့ ဆိုကြပြီး တဖက်ကလည်း ဒါဟာ ပဋိသန္ဓေ တားဆီးရေး ပညာပေး တခုဖြစ်တယ်လို့ ဆိုကြပါတယ်။

အသက်၂၁ နှစ်အရွယ် Shelby Knox ဟာ တက်ဆက်ပြည်နယ် (Texas) က ရှေးရိုးအယူဝါဒ စွဲကိုင်တဲ့ မိသားစုက ဖြစ်ပါတယ်။ သူမဟာ ခုတော့ သုတေသန ဌာန လူငယ်ပညာပေးဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူဖြစ်ပြီး လိင်ကျန်းမာရေး ပညာပေးမှုတွေကို လက်ခံယုံကြည်သူ ဖြစ်ပါတယ်

ကျမကြီးပြင်းခဲ့ရတဲ့ Lubbock မြို့က အပျော်အပါး ရှောင်ရှားမှု တခုထဲ ဆိုတဲ့မူ လက်ခံပါတယ်။ ဒီမူအရ သူတို့ဟာ အပျော်အပါး ရှောင်ရှာမှုတခုထဲမူ ရဲ့ ဘာသာရေးဆိုင်ရာ အမြင်တွေအတွက် ဒေသဆိုင်ရာ ခရစ်ယာန်တရား ဟောဆရာတွေကို ခေါ်လာကြပါတယ်။

သူက ကျောင်းတွေမှာ ဘာသာရေး နဲ့ မဆိုင်တဲ့ အရာတွေကို ပြုလုပ်လာပါတယ်။ ဒါဟာ ကျမတို့ အလယ်တန်း နဲ့ အထက်တန်း တွေမှာကြုံခဲ့တဲ့ အစီအစဉ်တွေပါ။ သူက ကျောင်းတွေကို လာပြီး အချက် အလက်အမှားတွေ ပြောပြပါတယ်။ လက်ဆွဲ နှုတ်ဆက်ရင် ရောဂါကူးဆက် တတ်တယ်ဆိုမျိုးပါ။

မေရီလန်းပြည်နယ် မောင့်ဂိုမာရီ မြို့နယ်မှာ လိင်ကျန်းမာရေး ပညာပေး အလုံးစုံ ကို သင်ခန်းစာထဲမှာ ထည့်ပြီး သင်ကြားပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာ အပေါ် မိဘတွေ အားလုံးကတော့ မနှစ်သက်ကြပါဘူး။

ကိုလံဘီယာ တက္ကသိုလ် (Columbia University) လူမှုသုတေသနဌာနက လူငယ် ၉၀ ရာနှုန်း ဟာ အပျော်အပါး ရှောင်ရှားပါ့မယ်ဆိုတဲ့ ဂတိကို ချိုးဖေါက်ကြတယ်လို့ ဆိုပါတယ်။

လူငယ်ပညာပေးဌာန ဥက္ကဌ ဂျိမ်း ဝက်ဂ်နာ ကတော့ -

ကမ္ဘာတဝှမ်း လူငယ်တွေ အကုန်အတူတူပါပဲ။ အဆက်အသွယ် လုပ်ဘို့ပဲ ရှာနေကြတာ။ သူတို့မိတ်ဆွေ ဆက်ဆံရေးတွေ က လိင်ဆက်ဆံရေးအတွက် တံခါးဖွင့် ပေးနေတာပါပဲ။ ဆယ်ကျော်သက် အရွယ်က လိင်ဆက်ဆံဖို့ အားသန်ကြတယ်။ ခန္ဓာကိုယ် တည်ဆောက်မှု ဖွံ့ဖြိုးလာတဲ့အခါ ဒီလို ဖြစ်တတ်ပါတယ်။

လိင်ကျန်းမာရေး ပညာပေးဟာ အမေရိကန ်နဲ့ ကမ္ဘာတဝှမ်း အငြင်းပွားနေရတဲ့ အကြောင်းအရာ တခုဖြစ်နေပြီး အမေရိကန်မှာတော့ ရီပါဘလစ်ကင် ဒုတိယ သမ္မတလောင်း Sarah Palin ရဲ့ လက်မထပ်ရသေးတဲ့ (၁၇) နှစ်အရွယ် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် သမီးကြောင့် ဒီအကြောင်းအရာဟာ သတင်းမီဒီယာတွေထဲ အလေးပေး ပြောစရာဖြစ် လာခဲ့ရတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG