နေအိမ်မှာ အကျယ်ချုပ်နဲ့
ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ပဲ
ရှေ့နေကြီး ဦးကြည်ဝင်း
သွားရောက်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး
တင်ပြပေးထားပါတယ်။
ဒီနေ့ နေ့လယ် ၁ နာရီမှာ ဦးကြည်ဝင်းအနေနဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီ
ဝန်းကျင် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အများက
စိတ်ဝင်စားပြီး သိချင်နေကြတဲ့
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေသလားဆိုတာနဲ့
ပတ်သက်လို့တော့
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လာမယ့်တနင်္ဂနွေနေ့ သူမရဲ့
ဆရာဝန်ဖြစ်သူနဲ့
တွေ့ဆုံတဲ့အခါမှ ထုတ်ဖော်ပြောလိမ့်မယ်လို့ ရှေ့နေ ဦးကြည်ဝင်းက
ပြောပြပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မှာလိုက်တာက
ဆရာတင်မျိုးဝင်းက တနင်္ဂနွေနေ့
သူ့ဆီလာလိမ့်မယ်။ Medical Check-up အတွက်။ အဲဒီကျရင်
ဆရာတင်မျိုးဝင်းကို
သူပြောမယ်တဲ့။"
ဦးကြည်ဝင်းအနေနဲ့
ကိုယ်တိုင်တွေ့လာရသူဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ
အပြင်ပန်း
ကျန်းမာရေးအခြေအနေကို မေးကြည့်ပါတယ်။
"သူ့အနေအထားကတော့ အလုပ်နဲ့ပတ်သက်လို့၊
လုပ်ငန်းနဲ့ပတ်သက်လို့ ဆွေးနွေး
ဆောင်ရွက်ကြပါတယ်။"
ရှေ့နေ ဦးကြည်ဝင်းနဲ့ တွေ့ဆုံစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်ဘက်က အာဏာပိုင်
တွေကို တောင်းဆိုတင်ပြခဲ့တဲ့ အချက်တွေ၊
အာဏာပိုင်တွေဘက်က တုံ့ပြန်မှုကိစ္စတွေ
ကို ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်း
ထားတဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေ
ဦးကြည်ဝင်းရဲ့ လက်ထောက်အဖြစ် ၂ ဦးထား
ရှိဖို့ တောင်းဆိုချက်မှာ စစ်အစိုးရဘက်က
တဦးကိုပဲ လက်ခံခဲ့ပါတယ်။ အခြားတဦး
ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့နေ
ဦးဉာဏ်ဝင်းကိုတော့ နိုင်ငံရေးပါတီနဲ့
ဆက်နွယ်တယ်ဆိုပြီး ပယ်ချခဲ့တဲ့အကြောင်း
ဦးကြည်ဝင်းက ရှင်းပြပါတယ်။
"ကျနော့်ကို အထောက်အကူပေးဖို့ ရှေ့နေ ၂
ယောက် ခန့်ဖို့ကိစ္စ၊ ဆရာဦးဉာဏ်ဝင်းနဲ့
ပတ်သက်လို့ အခုချမှတ်ထားတဲ့ တားဆီးမိန့်၊
စည်းကမ်း က နဲ့ သွားငြိတယ်။ နိုင်ငံရေး
အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ဘာညာနဲ့
မဆက်သွယ်ရဘူး။ အဲဒါနဲ့ သွားငြိစွန်းတဲ့
အတွက် ဦးဉာဏ်ဝင်းကို ကျနော့်ကို
အထောက်အကူပြုဖို့ ရှေ့နေအနေနဲ့ ပါခွင့်မရဘူး။
"ဒုတိယပုဂ္ဂိုလ် လှမျိုးမြင့်
ခန့်ဖို့ကျတော့လည်း သတင်းတပ်ဖွဲ့ကပြောတာ ဆရာ
ဦးကြည်ဝင်းအနေနဲ့ ခန့်ချင်တဲ့လူခန့်လိုက်ပါ၊
ရပါတယ်တဲ့။ ဒီလိုလည်း အသိအမှတ်
ပြုပါတယ်။"
ဒါပေမယ့် အာဏာပိုင်တွေကို
တောင်းဆိုထားတဲ့အထဲ ကျန်အချက် ၂ ချက်ကိုတော့
အာဏာပိုင်တွေဘက်က အကန့်အသတ်အချို့နဲ့
ဒေါ်အောင်ဆန်းစုကြည်ကို လိုက်လျော
လိုက်ပါတယ်။
"ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့
တားဆီးခြင်းမရှိသော မူလအခွင့်အရေးများ
အရ ခံစားခွင့်ပေးထိုက်တယ်ဆိုပြီး တစ်က
သူ့မိသားစုဆီက ပို့တဲ့စာတွေကို ရယူပြီး
ဖတ်ရှုပိုင်ခွင့် ရှိရမယ်။ Reading Materials ပေါ့၊
ဥပမာ တိုင်းမဂ္ဂဇင်း၊ နယူးစ်ဝိခ် မဂ္ဂဇင်း၊
မြန်မာသတင်းစာတစောင်၊ အဲဒါကို
တင်ပြထားတယ်။ အဲဒီဟာတွေက ရပိုင်ခွင့်ရှိတယ်
ဆိုတာမျိုး။ ဆရာတင်မျိုးဝင်းက လစဉ်
Medical Check-up သွားရင် ယူသွားပါလိမ့်
မယ်။ အဲဒါ ဒုတိယ အဆင်ပြေသွားတဲ့အချက်ပေါ့။
"တတိယကတော့ ဒေါ်ခင်ခင်ဝင်းတို့ မိသားစု
လွတ်လွတ်လပ်လပ် သွားလာခွင့် စသည်
ဖြင့်ပေါ့။ အဲဒါလည်း သတင်းတပ်ဖွဲ့က လက်ခံတယ်။
သို့သော် နေထွက်ပြီးတဲ့အချိန်နဲ့
နေမဝင်ခင်အချိန်မှာ သွားကြဖို့ မေတ္တာရပ်ခံတယ်၊
ကန့်သတ်တာမဟုတ်ဘူး။ အဲဒါကို
သတင်းတပ်ဖွဲ့က လက်ခံတယ်။"
ဒီလို အာဏာပိုင်တွေဘက် လိုက်လျောမှုတွေ ပြလာတာကြောင့်
ဒေါ်အောင်ဆန်း
စုကြည်ဘက်ကလည်း လာမယ့် တနင်္ဂနွေနေ့မှာ ဆရာဝန်နဲ့ လက်ခံတွေ့ဖို့ရှိသလို
ဒါပြီး
ရင်တော့ ပြင်ပအစားအစာ ပုံမှန်ပို့တာတွေလည်း ပြန်လက်ခံဖို့ရှိတယ်လို့
ဦးကြည်ဝင်း
က ရှင်းပြခဲ့ပါတယ်။
"ဒါလေးတွေအားလုံး ပြေပြစ်သွားရင်
ဆရာတင်မျိုးဝင်းက အခု တနင်္ဂနွေနေ့မှာ
Medical Check-up သွားဖို့အစီအစဉ်ရှိတယ်။
တနင်္ဂနွေနေ့ Medical Check-up
လုပ်ပြီးရင် မြင့်စိုး ဈေးဝယ်တာတို့ ဘာတို့လည်း
ပြန်ပြီးတော့ လက်ခံမယ်။"
ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေ
ဦးကြည်ဝင်းတို့ တွေ့ဆုံနိုင်ဖို့အတွက် ရဲအထူးသတင်း
တပ်ဖွဲ့က စီစဉ်ခဲ့ပေမယ့်
တွေ့ဆုံစဉ်မှာ တာဝန်ရှိသူ အာဏာပိုင်တွေဘက်က တစုံတရာ
ကန့်သတ်ချုပ်ချယ်တာမျိုးတွေ
မရှိဘူးလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေးမှာ ဥပဒေအတိုင်း
ဆက်ပြီးလုပ်သွားမယ်လို့ ရဲချုပ် ခင်ရီက တနေ့က
သတင်းစာရှင်းလင်းပွဲမှာ
ပြောခဲ့ပါတယ်။
အလာတွေကိုလည်း ဆွေးနွေးခဲ့ပြီး သူမ လွတ်မြောက်ရေးအတွက် ဥပဒေကြောင်းအရ
မျှော်လင့်စရာရှိတယ်လို့လည်း ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို ရှင်းပြခဲ့ပါတယ်။