စက်တင်ဘာ ၈၊ ၂၀၀၈
- ဖွံ့ဖြိုးဆဲနိုင်ငံတွေက စီးပွားရေးလုပ်ငန်း ၄၀ ကနေ ၅၀% ထိ
ကို
အမျိုးသမီးတွေပိုင်ဆိုင်ပြီး စီမံ လုပ်ကိုင်နေကြတာလို့
သုတေသနပြုမှုကတွေ့ရှိထား
ပါတယ်။ ဒီစီးပွားရေးလုပ်ငန်းတွေဟာ
အလုပ်အကိုင်အသစ်ဖန်တည်းရာမှာ၊ ဆင်းရဲ
မွဲတေမှုလျှော့ချရာမှာနဲ့
အမျိုးသမီးတွေကိုအားပေးရာမှာ ထိရောက်လှပါတယ်။ ဒါပေ
မယ့် အမျိုးသားတွေကြီးစိုးထားတဲ့
စီးပွားရေး လောကထဲကို ဝင်ရောက်ဖို့ကြိုးစားတဲ့
အမျိုးသမီးအများစုဟာ
မကြာခဏဆိုသလိုပဲ ခွဲခြားဆက်ဆံမှုတွေ၊ သူတို့ကို တားဆီး
ဟန့်တားတဲ့ ဥပဒေတွေနဲ့
ရင်ဆိုင်ကြရပါတယ်။ UNCTAD (အန်းက်တက်ဒ်) လို့ခေါ်တဲ့
ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့
ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာညီလာခံက EMPRETEC
(အမ်းမ်ပရက်တက်က်) လို့ခေါ်တဲ့
အစီအစဉ်တခုကို လုပ်နေပါတယ်။ အဲဒီအစီအစဉ်က
ဖွံ့ဖြိုးဆဲနိုင်ငံတွေက အလားအလာရှိတဲ့
အမျိုးသား အမျိုးသမီးတွေ သူတို့ရဲ့ကျွမ်းကျင်
မှုအရည်အချင်းတွေ တိုးတက်လာဖို့နဲ့
သူတို့ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင်
လို့ လေ့ကျင့်ပေးပါတယ်။
ဒီအကြောင်းတွေကို ဗွီအိုအေသတင်းထောက် Lisa Schlein
ဂျီနီဗာကနေ
ပေးပို့ထားတဲ့သတင်းဆောင်းပါးမှာ ဖော်ပြထားတာနဲ့အတူ ဒီသီတင်းပတ်
စီးပွားရေးကဏ္ဍမှာ
တင်ဆက်ထားပါတယ်။