သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မိသားစုဆရာဝန်နဲ့ တွေ့ဆုံ


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ဒီနေ့ မွန်းလွဲှ ၂နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံတာ လေးနာရီခွဲ ကြာတယ်လို့ ရန်ကုန်ကလာတဲ့ AFPသတင်းက ဆိုပါတယ်။ ပြင်ပက ပို့တဲ့ အစားအစာများ ဒေါ်အောင်ဆန်းစုကြည် လက်မခံတာ တလလောက် ရှိသွားပါပြီ။ အရင်က ဒေါ်အောင်ဆန်းစုကြည်ရဲ ့ ရှေ့နေ ဦးကြည်ဝင်း သွားတွေ့တုန်းကတော့ မိသားစုဆရာဝန်နဲ့ တွေ့တဲ့အခါ အစားအစာများ ပြန်လည် လက်ခံဖွယ် ရှိတယ်လို့ ဦးကြည်ဝင်းက ပြောခဲ့ဖူး ပါတယ်။ အခု ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့ အသေးစိတ် ဘာမှ မသိရသေးပါဘူး။

စနေနေ့တုန်းကလည်း ဦးကြည်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံပြီးတော့ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ရေး အယူခံ မူကြမ်း သွားပြကာ အတည်ပြုချက် ရယူခဲ့ကြောင်း အယူခံလွှာကို အစိုးရထံတနင်္လာနေ့သို့မဟုတ်အင်္ဂါနေ့မှာတင်သွင်း မယ်ဖြစ်ကြောင်း၊ ချက်ချင်း လွတ်လာမယ်လို့ မျှော်လင့်ကြောင်း ဦးကြည်ဝင်းက ပြောပါ တယ်။ လွန်ခဲ့တဲ့ ၁၉နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရတာ ဆယ့်သုံးနှစ် ရှိသွားပါပြီ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG