သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ပြောဆိုချက် အသုံးအနှုန်းများ


ဒီမိုကရက် နဲ့ ရီပါပလစ်ကန်ပါတီတို့ရဲ့ သမ္မတ နဲ့ ဒု-သမ္မတတို့ ပါတီညီလာခံပြီးနောက်ပိုင်း နိုင်ငံတဝှမ်း မဲဆွယ်ပွဲတွေမှာ ပြောဆိုကြတဲ့ မိန့်ခွန်းတွေမှာ သုံးနှုန်းထားတဲ့ အီဒီယံအသုံးအနှုန်းတချို့ကို ကောက်နုတ်တင်ပြထားပါတယ်။

ပထမအသုံးအနှုန်းကတော့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘာရက်အိုဘားမား (Barack Obama) ပြောဆိုသုံးနှုန်းတဲ့ Swift Boat Politics ဖြစ်ပါတယ်။

ဒီ အသုံးအနှုန်း အခေါ်အဝေါ် အမေရိကန်နိုင်ငံရေးမှာ ခေတ်စားလာတာကတော့ သက္ကရာဇ် ၂၀၀၄ ခုနှစ်တုန်းက သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ဂျွန်ကလ်ရီ (John Kerry) ကို ရီပါပလစ်ကန်ပါတီ သမ္မတလောင်း (လက်ရှိသမ္မတ) ဂျော့ချ် ဘုရှ် (George Bush) ဖက် က ကလ်ရီ ဗီယက်နမ် စစ်အတွေ့အကြုံကို ပုံကြီးချဲကာ မဲထောက်ခံ ရရှိအောင် ကြိုးစားချက်ကို တုန့်ပြန်တိုက်ခိုက်ခဲ့ရာမှာ သုံးနှုန်းခဲ့တဲ့ အခေါ်အဝေါ် ဖြစ်ပါတယ်။

ဒီအသုံးအနှုန်း နဲ့ ပတ်သက်ပြီး အထက်လွှတ်တော်အမတ် ဘာရက် အိုဘားမား က ရွေးကောက်ပွဲမှာ ရီပါပလစ်ကန် အစိုးရ နောက်ထပ် မတက်စေရဘူးဆိုပြီး ရည်ညွှန်းအသုံးပြု ပြောဆိုထားပါတယ်။

"I don't care what they said about me. But, I love this country too much to let them take over another election with lies and phony outrage and Swift-boat politics. Enough is enough."

"ကျနော့်အကြောင်း ဘယ်သူက ဘာပြောပြော ဂရုမစိုက်ဘူး။ ကျနော်ဟာ ကျနော့်နိုင်ငံကို သိပ်ချစ်တဲ့အတွက် မူသားတွေ၊ မယုံနိုင်စရာ လုပ်ကြံမှုတွေ၊ ပုံကြီးချဲပြောဆိုချက်တွေနဲ့ မဲဆွယ်မှုတွေနဲ့ နောက်ထပ် ရွေးကောက်ပွဲမှာ အနိုင်မပေးနိုင်တော့ဘူး။ တော်ပြီ တန်ပြီ။"

ဒုတိယအသုံးအနှုန်းကတော့ အလက်စ္စကားပြည်နယ် အုပ်ချုပ်ရေးမှုး၊ ယခု ရီပါပလစ်ကန်ပါတီ ဒု-သမ္မတလောင်း ဆာရာ ပေလင်း (Sarah Palin) ပြောဆိုသုံးနူန်းတဲ့ Can't Blink ဖြစ်ပါတယ်။

မျက်တောင်တောင် မခတ်နိုင်ဘူး၊ မျက်တောင်တောင် မခတ်ရဘူး လို့ တိုက်ရိုက်အဓိပ္ပာယ် ရှိပါတယ်။ အီဒီယံ အသုံးအနှုန်းမှာတော့ ချက်ချင်း တုံ့ဆိုင်းခြင်းမရှိ၊ ယုံကြည်မှု အပြည့်အဝနဲ့ မျက်တောင်တောင် တချက်မခတ်ဘဲ အဖြေပေးလိုက်တာကို ဆိုလိုပါတယ်။

ဒီအသုံးကို ရီပါပလစ်ကန်ပါတီ ဒု-သမ္မတလောင်း ဆာရာ ပေလင်း က အေဘီစီ ရုပ်သံလွှင်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံရေး အတွေ့အကြုံ နည်းမှုကြောင့် ဒု-သမ္မတဖြစ်ဖို့ အရည်အချင်းပြည့်သလား ဝေဖန်ချက်တွေကြောင့်လည်း ရီပါပလစ်ကန်ပါတီ သမ္မတလောင်း ဂျွန် မက္ကိန်း (John McCain) က သူကို ဒု-သမ္မတအဖြစ် ဝင်ရွေးဖို့ ဖိတ်ခေါ်ချိန်မှာ သူက တချက်တွေဝေခြင်း မရှိဘဲ မျက်တောင်တချက် မခတ်ဘဲ လက်ခံခဲ့တယ်လို့ ဖြေကြားသွားရာမှာ ဒီအသုံးအနှုန်းကို သုံးနှုန်းခဲ့ပါတယ်။

"I answered to him 'yes', because I have confidence and readiness. And, knowing that you can't blink."

"ကျမက လုပ်နိုင်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ အကြောင်းကတော့ ကျမ အဆင့်သင့်ဖြစ်နေတယ်ဆိုတာကို ယုံကြည်ချက် အပြည့်အဝ ရှိလို့ နဲ့ ကျမအနေနဲ့ တုံ့ဆိုင်းနေဖို့ အချိန်လည်းမဟုတ်လို့ပါ။"

နောက်ဆုံးအသုံး ရီပါပလစ်ကန်ပါတီ သမ္မတလောင်း ဂျွန်မက္ကိန်း ပြောဆိုသွားတဲ့ Pork Barrel ဖြစ်ပါတယ်။ စည်းပိုင်းထဲက ဝက်သား လို့ တိုက်ရိုက် အဓိပ္ပာယ်ရပြီး

ဒီအသုံးအနှုန်း နောက်ခံသမိုင်းကတော့ ကျေးကျွန်းတွေ အသုံးပြုတဲ့ခေတ်က ဖြစ်ပါတယ်။ ထိုအချိန် ကျေးကျွန်းတွေ ပိုင်ဆိုင်တဲ့ လူပျိုတွေက သူတို့ရဲ့ ကျေးကျွန်းလူမဲတွေကို စည်းပိုင်းထဲမှာ ဆားနဲ့သိပ်ထားတဲ့ ဝက်သားကို ဆုချတဲ့အနေနဲ့ ပေးရကာနေ ဆင်းသက်လာတဲ့ အခေါ်အဝေါ် ဖြစ်ပါတယ်။ ကျေးကျွန်းတွေကြားလည်း သခင်ကဆုချတဲ့ ဝက်သားကို ကိုယ်ဝေစု ကိုယ်ရအောင် လုယူရတဲ့ သဘောဖြစ်ပါတယ်။ လက်ရှိအမေရိကန် နိုင်ငံရေးမှာ ဒီအသုံးက နိုင်ငံရေးသမားတဦးက သူမဲဆန္ဒနယ်မြေရဲ့ စီးပွားရေး၊ လူမှုရေး စသဖြင့် တိုးတက်မှုအတွက် ငွေကြေးအကုန်အကျခံ လုပ်ဆောင်ပေးမယ်လို့ မဲဆွယ်ခဲ့ပြီး တကယ်တော့ ကုန်ကျစရိတ်ဟာ ပြည်သူဘဏ္ဍာငွေထဲကဘဲ လာတာဖြစ်တဲ့အတွက်ကြောင့် အားလုံးမျှဝေခံရတဲ့ သဘောပါ။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး မက္ကိန်းပြောဆိုသွားချက်က -
"I'm going to veto every single pork barrel big spending bill."

"ပြည်သူ့ဘဏ္ဍာထဲက ယူသုံးမဲ့ ကုန်ကျစရိတ် ကြီးမားတဲ့ ဥပဒေကြမ်းတွေကို ကျနော် ဗီတိုအာဏာသုံးပြီး ပယ်ချသွားမယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG