သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမန်နိုင်ငံ အမေရိကန် သံရုံး အပြင်ဖက် ကားဗုံးကွဲမှု လူ ၁၆ဦး သေဆုံး


ယီမန်နိုင်ငံ မြို့တော် ဆနားမှာရှိတဲ့ အမေရိကန် သံရုံးရဲ့ အပြင်ဘက်မှာ ဒီနေ့ ဗုံးပေါက်ကွဲမှုကြီးတခုဖြစ်ပြီး တိုက်ခိုက်ရေး သမား ၆ ယောက် အပါအဝင် လူ ၁၆ ယောက်ထက် မနည်း သေဆုံးသွားပါတယ်။ အဲဒီ ကားဗုံးကွဲမှုကြီးပြီး နောက်ပိုင်းမှာ တခြားပေါက်ကွဲမှုတွေ ဆက်လက် ဖြစ်ပွားတယ်လို့ အမေရိကန် သံရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဗိယမ် လီဟာ က ပြောဆို ပါတယ်။ ယီမန် ရဲ က အဲဒီဒေသကို အသွားအလာ အဝင်အထွက် မလုပ်ရလို့ အမိန့်ပေးထားလိုက်ပါပြီ။ သေဆုံးသွားတဲ့ထဲမှာ ယီမန်စစ်သား ၆ယောက် ပါဝင်တယ်လို့လည်း အစိုးရ တာဝန်ခံများက ပြောဆိုပါတယ်။

လတ်တလော နှစ်များအတွင်း ယီမန်နိုင်ငံ တွင်းမှာရှိတဲ့ အမေရိကန် ပြစ်မှတ်များကို အဓိကထား အစ်ဆလမ်မစ် ဝါဒီများက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ယီမန်နိုင်ငံဟာ အယ်ခိုင်းဒါး ခေါင်းဆောင် အိုစာမာ ဘင်လာဒင်ရဲ့ ဘိုးဘွားများရဲ့ ဇာတိနိုင်ငံဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG