နိုင်ငံတကာ
ငွေကြေးဈေးကွက် အကျပ်
အတည်းတွေ ရင်ဆိုင်နေရတဲ့အချိန်
ငွေကြေးစနစ်လည်ပတ်မှု ပိုပြီး
အားကောင်းလာဖို့အတွက် အဓိကဦးဆောင်
တဲ့ ဗဟိုဘဏ်ကြီးတွေက ငွေတွေထုတ်ပေး
ပြီး အားဖြည့်နေကြပါတယ်။
နိုင်ငံတကာ
ဈေးကွက်နဲ့ ရင်းနှီးမြှုပ်နှံသူတွေအကြား
စိုးရိမ်ထိတ်လန့်မှုတွေ
လျော့သွားစေဖို့
အတွက် အခုလို ငွေတွေ ထပ်ပြီးဖြည့်ပေး
နေတာပါ။ ကြာသပတေးနေ့မှာတော့
အာရှစတော့ခ်ဈေးကွက်မှာ စတော့ခ်ရှယ်ယာ
တွေ ဈေးလျှော့ရောင်းခဲ့တာတောင် အရောင်းအဝယ် အေးခဲ့ပါတယ်။ အမေရိကန်
ပြည်ထောင်စု အဓိကရှယ်ယာဈေးကွက် ဝေါလ်
စထရိ (Wall Street) မှာ ရင်ဆိုင်နေရ
တဲ့ ငွေကြေးအကျပ်အတည်းတွေကနေ ရင်းနှီးမြှုပ်နှံသူတွေအကြား
အခုလို စတော့ခ်
ဈေးကျဆင်းမှုတွေ ကြုံနေရတာဖြစ်ပါတယ်။ ဘန်ကောက်မြို့ကနေ ရွန် ကော်ဘင်
(Ron Corben) သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊
ဗြိတိန်၊ ဂျပန်နဲ့ ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ဗဟိုဘဏ်တွေ၊
အခြားနိုင်ငံတွေက ကမ္ဘာ့ဘဏ်စနစ်
ငွေလည်ပတ်မှုတွေအတွက် ငွေသန်းထောင်ပေါင်း
၁၈၀,၀၀၀ လောက် ထုတ်ပြီး ဖြည့်ပေးနေပါတယ်။
ငွေထုတ်ချေးတဲ့သူတွေ၊ ငွေချေး
ငှားတဲ့သူတွေအတွက် ငွေပိုပြီးလည်ပတ်နိုင်အောင် အခုလို
ငွေထပ်ထုတ်ပေးတာ ဖြစ်ပါ
တယ်။ စတော့ခ်နဲ့ ငွေစုလက်မှတ် ဘွန်းဈေးကွက်တွေ
ထိုးကျခဲ့လို့ ငွေချေးငှားတဲ့
လုပ်ငန်းတွေ ယိမ်းယိုင်ခဲ့ရတာတွေကို သက်သာအောင် ထိန်းကြောင်းဖို့
ကြိုးစားတာ
လည်း ဖြစ်ပါတယ်။
ဒီလို
ငွေတွေထပ်ထုတ်ပေးမယ်ဆိုတဲ့ ဗုဒ္ဓဟူးနေ့က ကြေညာချက်တွေကြောင့် ရင်းနှီး
မြှုပ်နှံသူတွေ
သက်သာရာရပုံ ရသွားပါတယ်။ အာရှကုန်သွယ်ရေးမှာ မနေ့က ညနေ
ပိုင်း စောစောပိုင်းက တဖြည်းဖြည်း
ဆုံးရှုံးခဲ့တဲ့ ပမာဏတွေ ပြန်ပြီး အဖတ်မဆည်နိုင်ခဲ့
ပါဘူး။ ဟောင်ကောင် ဆန်း (Seng)
စတော့ခ်အညွှန်းကိန်းဟာ နေ့ခင်းပိုင်းမှာ ၇%
ကျော် ထိုးကျခဲ့ပါတယ်။ ဈေးကွက်ပိတ်ချိန်မှာလည်း အပြောင်းအလဲ မရှိသလောက်
ဖြစ်ခဲ့ပါတယ်။
အခုအချိန်အထိ
အာရှဈေးကွက် အားလုံးနီးပါး အရှုံးပေါ်နေဆဲ ဖြစ်ပါတယ်။ ဂျပန်
နစ်ကေး (Nikkei)
စတော့ခ်ဈေးဟာ ၂% ကျော်ကျခဲ့ပြီး သုံးနှစ်အတွင်း အများဆုံး
ဆုံးရှုံးတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ သြစတြေးလျ ရှယ်ရာတွေလည်း အလား
တူ ဆုံးရှုံးမှုတွေ ကြုံခဲ့ရပါတယ်။
အမေရိကန်အစိုးရက
AIG အာမခံကုမ္ပဏီကြီးကို အမေရိကန်ဒေါ်လာ သန်းပေါင်း
၈၅,၀၀၀ ထပ်ဖြည့်ပြီး ဆုံးရှုံးမှုတွေကို
ကာကွယ်နိုင်အောင် ကယ်တင်ခဲ့ပေမယ့် အာရှ
မှာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့
နောက်ထပ်ပြဿနာတွေ ကြုံရမှာကို စိုးရိမ်နေကြ
ပါတယ်။ အမေရိကန်ပြည်ထောင်စုက လီမန်
ဘရားသားစ် (Lehman Brothers)
ကုမ္ပဏီကြီး ဒေဝါလီခံလိုက်ရပြီးနောက်ပိုင်းမှာ အခြားဘဏ်လုပ်ငန်းတွေ
အလားတူ
ထိခိုက်လာမှာကို ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြပါတယ်။
ထိုင်းအစိုးရ
ပင်စင်ငွေစုငွေချေးရန်ပုံငွေ လုပ်ငန်းကြီးက စီးပွားရေးပညာရှင် အကြီး
အကဲ အာပွန်
ချဝတ်ခ်ရန်ကိုင် (Arporn Chewakrengkai) ကတော့ အာရှဘဏ်
တော်တော်များများဟာ အခု
ငွေကြေးအကျပ်အတည်းတွေ့နေတဲ့ အမေရိကန်ဘဏ်ကြီး
တွေက ပိုင်ဆိုင်တာ ဖြစ်နိုင်တယ်လို့
ယုံကြည်တဲ့အကြောင်း ပြောပါတယ်။
"ဒီလိုဘဏ်ကြီးတွေ ထိခိုက်ဆုံးရှုံးရတဲ့အတွက် အာရှဘဏ်တွေ
တော်တော်များများ
အပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာလိမ့်မယ်လို့ ကျမထင်ပါတယ်။
အာရှဒေသတွင်း
စတော့ခ်ရှယ်ယာဈေးကွက်ဟာ နောက်ထပ် ထပ်ပြီး ထိခိုက်ဆုံးရှုံးမှုတွေရှိမယ်လို့
ကျမ
ထင်ပါတယ်။"
ပြီးခဲ့တဲ့နှစ်
အောက်တိုဘာ စတော့ခ်ဈေး အမြင့်ဆုံးရောက်ခဲ့တဲ့ အချိန်ကတည်းက
ကမ္ဘာ့ရှယ်ယာဈေးကွက်ဟာ
အမေရိကန်ဒေါ်လာ သန်းပေါင်း တကုဋေနဲ့ ကိုးသန်း
ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ အာပွန်
ချဝတ်ခ်ရန်ကိုင်ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ
ငွေထုတ်ချေးဖို့
ငွေနည်းသွားတဲ့အတွက် လုပ်ငန်းတိုးချဲ့ရေး အခက်အခဲရှိလာနိုင်ပြီး
စီးပွားရေးတိုးတက်မှုလည်း နှောင့်နှေးလာနိုင်တယ်လို့ ပြောပါတယ်။
အခုစီးပွားရေး
အကျပ်အတည်းတွေဟာ အမေရိကန်ပြည်ထောင်စုတွင်း ထောင်နဲ့ချီတဲ့
အိုးအိမ်အကြွေးဝယ်ယူတဲ့သူတွေက သူတို့ လစဉ်ပေးရမယ့် အိမ်ကြွေးတွေ ပြန်မဆပ်
နိုင်တာက
စပြီး ချေးငွေလျော့နည်းလာရာကနေ အိမ်ယာငွေချေးလုပ်ငန်းတွေ ထိခိုက်
ခဲ့တာက
မီးခိုးကြွက်လျှောက် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
များများကတော့ ငွေကြေးလုပ်ငန်းတွေ တော်တော်များများ ပြင်ဆင်တာတွေ၊ ဖွဲ့စည်းပုံ
ပြောင်းလဲတာတွေ ရှိလာနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။ ကုမ္ပဏီတွေ ဒီထက်
ပိုပြီး တခုနဲ့တခု ပေါင်းစည်းပြီး လုပ်ရတာတွေ၊ အခက်အခဲ ကြုံနေရတဲ့ ကုမ္ပဏီတွေကို
အခြားကုမ္ပဏီတွေက ဝယ်ယူသိမ်းပိုက်တာမျိုးတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ထား
ကြတာ ဖြစ်ပါတယ်။