အစ္စရေးနိုင်ငံက
အလယ်အလတ်လမ်းစဉ်ကို
ဆုပ်ကိုင်ထားတဲ့ လက်ရှိအာဏာရ ကာဒီမား
(Kadima) ပါတီအတွင်း ကျင်းပတဲ့
ဝန်ကြီးချုပ်
ရွေးချယ်ပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဇစ်ပီ လစ်ဗ်နီ
(Tzipi Livni)
ပွတ်ကာသီကာလေး အနိုင်ရခဲ့တာ
ကြောင့် အနှစ် ၃၀ အတွင်း ပထမဆုံးဝန်ကြီးချုပ်
ဖြစ်လာတော့မှာပါ။ အဂတိလိုက်စားမှုတွေနဲ့ စွပ်စွဲ
ခံရပြီးနောက်ပိုင်း ရာထူးကနုတ်ထွက်တော့မယ့်
လက်ရှိဝန်ကြီးချုပ် အီဟွတ်ဒ် အိုလ်မာ့တ် (Ehud
Olmert) နေရာမှာ အစားထိုး
တာဝန်ယူသွားမှာ
ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ ဂျေရုဆလင်
သတင်းထောက် လူးဝစ္စ
ရာမီရက်ဇ် (Luis
Ramirez) သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က
တင်ပြပေးထားပါတယ်။
ပါလက်စတိုင်းတွေနဲ့
ငြိမ်းချမ်းရေး ဆွေးနွေးရေးကို တစိုက်မတ်မတ် လုပ်ဆောင်
လိုစိတ်ရှိတာကြောင့် သူမဟာ
ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေးရရှိဖို့ နောက်ဆုံးမျှော်လင့်
ချက်ပဲဆိုပြီး သူမ အခုလို
အရွေးခံလိုက်ရတဲ့အပေါ် မျှော်လင့်ချက် ကြီးကြီးထားတဲ့သူ
တွေလည်း ရှိနေပါတယ်။
ထောက်လှမ်းရေးမှူးဟောင်း၊
ရှေ့နေဟောင်းနဲ့ ကလေး ၂ ယောက်မိခင် လစ်ဗ်နီဟာ
လက်ရှိ အမေရိကန်ဦးဆောင်တဲ့
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ထိပ်တန်းက ပါဝင်
လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။
သဘောထားပျော့ပြောင်းတဲ့ သူမကို ပါလက်
စတိုင်းတွေနဲ့ စေ့စပ်ညှိနှိုင်း အဖြေရှာရေးကို
လိုလားသူတွေက ထောက်ခံခဲ့ကြတာပါ။
တချိန်တည်းမှာပဲ လိုအပ်ရင် တပ်အင်အားကို အသုံးပြုမယ်လို့
သူမရဲ့ပြောဆိုမှုတွေကို
လည်း လူတော်တော်များများက သဘောကျခဲ့ကြပါတယ်။
ဂျေရုဆလင်မြို့ကို
ဘယ်လိုသဘောထားမယ်၊ အစ္စရေးသိမ်းပိုက်ထားတဲ့ နယ်မြေတွေ
ပါလက်စတိုင်းတို့
ပြန်အပ်ရေးနဲ့ ပါလက်စတိုင်းဒေသအတွင်း ဂျူးလူမျိုးတွေ ဝင်ရောက်
အခြေချနေထိုင်တဲ့
ကိစ္စတွေကြောင့် အစ္စရေး-ပါလက်စတိုင်း တွေ့ဆုံဆွေးနွေးမှုတွေ
ဟာ လောလောဆယ်
ရပ်တန့်နေပါတယ်။
အစ္စရေးနိုင်ငံရေး
မတည်မငြိမ် ဖြစ်နေတာကြောင့် အစ္စရေး ဆွေးနွေးညှိနှိုင်းနိုင်မှု
အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့
လေ့လာသူတွေက သုံးသပ်ကြပါတယ်။
သူမအနေနဲ့
ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးကိစ္စကို အလျှင်အမြန် လုပ်ဆောင်သွားမယ့်
အကြောင်း သူမ
အနိုင်ရကြောင်း လက်ခံစကားပြောတဲ့အထဲမှာ ထည့်သွင်းပြောကြား
သွားပါတယ်။
သူမက
သူမရဲ့လုပ်ငန်းတာဝန်ဟာ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေကို တွန်းလှန်နိုင်ဖို့
အတွက်
အစိုးရအဖွဲ့ တည်ငြိမ်အောင်လုပ်ဆောင်ဖို့၊ ငြိမ်းချမ်းရေးရရှိအောင်
လုပ်ဆောင်ဖို့နဲ့
စီးပွားရေး တည်ငြိမ်မှုရရှိရေးတို့အတွက် ဖြစ်တယ်လို့ ပြောသွားပါ
တယ်။
အလယ်အလတ်လမ်းစဉ်ဝါဒကို
ဆုပ်ကိုင်ထားတဲ့ ကာဒီမားပါတီအနေနဲ့ အစ္စရေး
ပြည်သူတရပ်လုံးရဲ့ ယုံကြည်ထောက်ခံမှုကို
ရရှိဖို့ပဲ လိုပါတော့တယ်။ ရာထူးက
နုတ်ထွက်တော့မယ့် ဝန်ကြီးချုပ် အီဟွတ်ဒ်
အိုလ်မာ့တ်ရဲ့ လာဘ်စားမှု အရှုပ်အထွေးနဲ့
ပါတီဟာ အတော်လေး နာမည်ပျက်ခဲ့ပါတယ်။
ကြာသပတေးနေ့က
လစ်ဗ်နီ အခုလို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့အပေါ်
ပါလက်စတိုင်းလူမျိုးတချို့ကလည်း ကြိုဆိုခဲ့ကြပါတယ်။ အာရပ်လူမျိုးတွေနဲ့ ထိတွေ့
ဆက်ဆံဘူးတဲ့
သူမရဲ့ အတွေ့အကြုံတွေကြောင့် ဒါဟာ ငြိမ်းချမ်းရေးအတွက်
ကောင်းမွန်တဲ့လက္ခဏာပဲလို့
ဂျေရုဆလင်အခြေစိုက် ပါလက်စတိုင်း ပညာရှင်များ
နိုင်ငံတကာ လေ့လာရေးအဖွဲ့က မာဒီ
အဗ္ဗဒူလ် ဟာဒီ (Mahdi Abdul Hadi) က ပြောပါ
တယ်။
တဲ့ လစ်ဗ်နီအနေနဲ့ အစိုးရသစ်ဖွဲ့စည်းဖို့ သီတင်းပတ်အနည်းငယ်ပဲ အချိန်ရှိပါတော့
တယ်။ သူမအနေနဲ့ အဲဒီလိုမှ အစိုးရသစ် မဖွဲ့နိုင်ရင် အစ္စရေးမှာ အထွေထွေ
ရွေးကောက်ပွဲကို စောကျင်းပရပါလိမ့်မယ်။