သံဃာတော်တွေရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်ခဲ့တာ
တနှစ်ပြည့်တဲ့အချိန်၊ မြန်မာစစ်အစိုး
ရက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို
သွေးထွက်သံယို နှိမ်နင်းခဲ့တာ အနှစ် ၂၀ ပြည့်
တဲ့ အချိန်မှာပဲ မြန်မာနိုင်ငံ မြို့ကြီးတချို့မှာ
လုံခြုံရေးတွေ တိုးမြှင့်ချထားတာတွေ ရှိနေ
ပါတယ်။ ဒီလို အာဏာပိုင်တွေဘက်က
ဆောင်ရွက်မှုတွေရှိနေတဲ့ တချိန်တည်းမှာပဲ
တက်ကြွသူတွေကလည်း အစိုးရဆန့်ကျင်ရေး
လှုပ်ရှားမှုတချို့ လုပ်နေတာတွေ ရှိနေ
တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။
သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ ဆုတောင်းပွဲတွေကို
လုံခြုံရေးအာဏာပိုင်တွေက
သွေးထွက်သံယို နှိမ်နင်းခဲ့တာ နှစ်ပတ်လည်လာတဲ့အချိန်၊
ဒီမိုကရေစီရေး တောင်းဆို
အုံကြွခဲ့ကြတဲ့ လှုပ်ရှားမှုတွေကို ချေမှုန်းခဲ့တာ အနှစ် ၂၀
ပြည့်တဲ့နေ့မှာပဲ အာဏာပိုင်
တွေဘက်က လုံခြုံရေးတွေကို တိုးမြှင့်ချထားနေတာ ဖြစ်ပါတယ်။
ဒီအထဲက ရန်ကုန်လို
မြို့ကြီးတွေမှာဆိုရင်လည်း လုံခြုံရေးအတွက် အာဏာပိုင်တွေက
စောင့်ကြပ်ကြည့်ရှုနေ
တာ၊ ရှောင်တခင် ရှာဖွေစစ်ဆေးတာတွေ ရှိနေတယ်လို့လည်း
မြို့ခံတယောက်က
ပြောပါတယ်။
"အခု
လုံခြုံရေးအခြေအနေကတော့ တော်တော်တင်းကျပ်တယ်။ ညပိုင်းတွေမှာ
ကားတိုင်းကားတိုင်းကို
ရပ်ခိုင်းပြီးတော့ လိုင်းကားတွေပေါ်တက်၊ ခရီးသည်တွေရဲ့
အိတ်တွေကိုဖွင့်ရှာ
လုပ်နေတယ်။ သူတို့က အင်အားတော်တော်များတယ်။ တနေရာ
တနေရာမှာ လူ လေးငါးဆယ်လောက်
စောင့်နေတယ်။ စွမ်းအားရှင်တွေပါမယ်၊ ရဝတ
တွေပါမယ်၊ ရဲပါမယ်။
"ဧည့်စာရင်းကတော့
သူတို့ မသင်္ကာတဲ့အိမ်တွေကို စစ်တယ်၊ အိမ်တိုင်းတော့ မစစ်ဘူး။
စစ်ရင်လည်း
သာမန်စစ်တာမဟုတ်ဘူး၊ ခြင်ထောင်တွေ ဘာတွေ ဖွင့်ရှာ၊ လူတွေ
အကုန်လုံးထုတ်၊ အဲလိုအထိ
စစ်တယ်။ သံဃာတော်တွေ ရန်ကုန်မြို့တွင်း မနှစ်ကစတာ
၁၈ ရက်နေ့ဆိုတော့ ဒီနေ့ကို
သူတို့က အဓိကထားပြီး စစ်တယ်လို့ ယူဆရတယ်။ အရင်
ရက်တွေက လုံခြုံရေး ချတော့ချတယ်၊
ဒီလောက် မတင်းကျပ်ဘူး။ မနေ့ကစပြီး
တင်းကျပ်တယ်။ ဒီနေ့ဆိုလည်း ရဲကားတွေ၊
လုံထိန်းကားတွေ ပတ်နေတာတော့
အတော်များတယ်။"
ဒီလို လုံခြုံရေးတွေ တိုးမြှင့်ချထားတာ၊
စောင့်ကြပ်ကြည့်ရှုတာတွေ လုပ်တဲ့နေရာမှာ
မြန်မာနိုင်ငံက အဓိက အတိုက်အခံ
နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ရဲ့
ရန်ကုန်မြို့က ပါတီဌာနချုပ်ရုံး အနီးတဝိုက်မှာလည်း
ထူးထူးခြားခြား
တိုးမြှင့်ချထားတာတွေရှိတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက
ပြောပါတယ်။
"သုံးရက်လောက်ရှိပြီ။
ဒီလောက် လုံခြုံရေးယူတာ မတွေ့ဖူးဘူး။ တော်တော့ကိုများ
တယ်၊ လုံခြုံရေးယူတာ။
ဟိုနေရာတွေ့လိုက်၊ ဒီနေရာတွေ့လိုက်နဲ့၊ တော်တော်များပါ
တယ်။
ယူနီဖောင်းဝတ်တွေနဲ့ပါ။"
ဒီလို အာဏာပိုင်တွေရဲ့ စောင့်ကြပ်ကြည့်ရှုမှုတွေကြားကပဲ
နိုင်ငံရေး တက်ကြွလှုပ်ရှား
သူတွေဘက်ကလည်း လှုံ့ဆော်လှုပ်ရှားမှုတချို့
လုပ်ဆောင်နေတာတွေကလည်း ရှိနေ
တာပါ။ ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့ရဲ့
နေရာတချို့မှာဆိုရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာ
သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို
ပြန်ပြောင်းအောက်မေ့ဖွယ် လှုံ့ဆော်မှုတွေ ရှိနေ
တယ်လို့လည်း နောက်ထပ် ရန်ကုန်မြို့ခံတယောက်က
ဆိုပါတယ်။
"နှစ်ပတ်လည်နေ့
စက်တင်ဘာ ၁၈ ဆိုတဲ့စာသားနဲ့၊ အောက်မှာက မနှစ်တုန်းက
ဘုန်းကြီးတွေလှုပ်ရှားမှု
ဓာတ်ပုံပါတဲ့ဟာနဲ့၊ နောက်ကျောမှာက အာဇာနည်ပုဂ္ဂိုလ်တို့၏
လုပ်ငန်းကို ဆုံးခန်းတိုင်ထိ
ဆောင်ရွက်မည်၊ ဗိုလ်ချုပ်အောင်ဆန်းဆိုပြီး နောက်ကျော
မှာ ရိုက်နှိပ်ထားတယ်။
အဲဒီစာရွက်စာတမ်းတွေကို ကားပေါ်က ကျဲချတယ်။ တချို့တွေ
ကလည်း ကြည့်တော့ ကြည့်ကြတယ်။
သူတို့မရှိတဲ့နေရာတွေမှာတော့ အလုအယက်
ယူကြပါတယ်။"
ရေး လှုံ့ဆော်လှုပ်ရှားမှုတွေ ရှိနေတဲ့အကြောင်း မြို့ခံတယောက်က ပြောပြထားတာပဲ
ဖြစ်ပါတယ်။