တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆေးလိပ်သုံးစွဲသူအများစုဟာ အသက်
၁၈နှစ်အပြည့်ခင်ကတည်းက ဆေးလိပ် သုံးစွဲသူတွေဖြစ်လာကြတယ်၊ အတော်များများဆိုရင် အသက်
၁၀နှစ်မတိုင်ခင်ကတည်းကသုံးစွဲခဲ့ကြတယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက
ထောက်ပြထားပါတယ်။
နိုင်ငံတွေက ရုံးတွေ စားသောက်ဆိုင်ရာတွေ ဘီယာဘား အစရှိတဲ့ အများပြည်သူနေရာတွေမှာ ဆေးလိပ်မသောက်ရ နယ်မြေတွေ သတ်မှတ်ရေး ဥပဒေစည်းမျဉ်းတွေ သတ်မှတ်ဖို့ ကျန်းမာရေးဝန်ကြီးတွေကို ကမ္ဘာကျန်းမာရေးအဖွဲ့က တိုက်တွန်းနေပါတယ်။ ဒါပေမယ့်လည်း အခုလို ဆေးလိပ်မသောက်ရနေရာသတ်မှတ်တာမျိုး ဥပဒေတွေ ထုတ်ပြန်ရုံနဲ့မပြီးပါဘူး။ ဒါကို ချိုးဖောက်သူတွေကို တင်းကြပ်တဲ့ အရေးယူတာမျိုးလည်း အရေးကြီးပါတယ်။ ဆေးလိပ်ကြေညာတာတွေ ပုံစံမျိုးစုံလုပ်နေတာကို တားမြစ်ဖို့လိုပါတယ်။
မြန်မာနိုင်ငံမှာလည်း အစိုးရက ဆေးလိပ်သောက်မှုတိုက်ဖျက်ရေးအစီအစဉ်တွေ ဥပဒေတွေချမှတ်ထားတာရှိပါတယ်။ ဒါပေမယ့် ဒီဥပဒေအတိုင်း လိုက်နာမှုနည်းသလို၊ ဥပဒေချိုးဖောက်တာအပေါ် အရေးယူကိုင်တွယ်တာမျိုးလည်း နည်းတယ်လို့ ရန်ကုန်နယ်ခံတဦးက ပြောထားပါတယ်။