အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ် အမျိုးသမီးဒုတိယသမ္မတဖြစ်လာမယ့် အခြေအနေဟာ လာမယ့် နိုဝင်ဘာလ ၄ ရက်မှာ အဖြေပေါ်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇၂ နှစ်တုန်းကတော့ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ မဲပေးပိုင်ခွင့်တောင် မရှိခဲ့ပါဘူး။ အဲဒီအခြေအနေကနေ ဒီကနေ့အထိ တိုးတက်လာခဲ့တာဟာ တချိန်က အမျိုးသမီးကြီးတွေနဲ့ အမျိုးသားကြီးတချို့ရဲ့ အနစ်နာခံ ကြိုးပမ်းမှုတွေကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းကို အခုသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စီစဉ်တင်ဆက်ထားပါတယ်၊